သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Friday 7 June 2013
အလင်းရောင်ကြယ်များဘလောက်စပေါ့ လေးကိုမေးလ်ဖြင့် အင်တာဗျုးစ်ရောက်လာ၍ အတိုချုံးဖြေပြလိုက်ပါလိုက်တယ်-
မေး=အလင်းရောင်ကြယ်များဘလောက်ကို အစဉ်ဆက်မပြတ်အားပေးနေသူပါ-
ဒီဘလောက်ရေးရခြင်းရည်ရွယ်ချက်ကလေးဖေါ်ပြပါ-မိမိအတွက်ဘာအကျိုးခံစားခွင့် ရပါသလည်း။
ဘယ်ဖက်ကိုတစ်ဘက်သက် ဥပမာ ဘယ်ညာပေါ့ 
 အားထည့်ရေးရပါ့ သလည်း-ဘာ့ ကြောင့် အလင်းရောင်ကြယ်များဝေမျှရေးတဲ့ သတင်းဆိုဒ်တွေဟာ-
အစိုးရဘက်ကလိုလို-အတိုက်ခံဘက်ကလိုလို နဲ့ ဇဝေဇဝါဖြစ်နေရပါတယ်ဘာ့ ကြောင့် သလည်း။
MyanmarExpress ဆိုဒ်OE-ဆိုဒ်-  Myanmar DallyStar တို့ နှင့် ရေးသားတာတွေတူညီနေပြီး-သူတို့ 
-အဲဒီဆိုဒ်တွေမှ ရည်ရွယ်ချက်လေးတွေ သိသလောက်ရေးပြပါ-
နောက်တစ်ဆုံးတစ်ခုက-အလင်းရောင်ကြယ်များ ဘလောက်ထဲမှာ အဆဲအဆိုခံတာနည်းပါးမတွေ့ ရှိရပဲ-
စာဖတ်သူနှင့် ဘယ်လို သဘောညှိနိုင်းပါသလည်း-
ဖြေကြားပေးပါ…
ရပ်ဝေးရောက်
အလင်းရောင်ကြယ်များဘလောက်ဖတ်မိတ်ဆွေတစ်ဦး..
--------------------------------------------------------------------------------------
ဖြေ===ကျနော်အလင်းရောင်ကြယ်ဘလောက်အားတစ်ဦးတည်းကို မေးလာတာကို ကျန်တဲ့ လူတွေလည်း 
သိအောင်တစ်စုတည်း ဘလောက်ကနေပဲဖေါ်ပြလိုက်ပါတယ်…
.
ကျနော်ဟာ ဘယ်အဖွဲ့ စည်း-
လက်အောက်ခံ-အမိန့် ပေးဆောင်ရွက်ခြင်းမှပါဝင်ပါက်သက်နေသောဘလောက်မဟုတ်ပဲ-
ငယ်စဉ်ကျောင်းသားဘဝတည်းက သတင်းစာဖတ်တပ်ရန် သေဆုံးသွားသော ဖခင်မှ 
ဦးဏှောက်မျိုးစေ့ ချပေးခဲ့ တယ်။ဒါဟာကောင်းသောအလုပ်ပါလို့ ယူဆမိပါတယ်။
ဒါဟာလူတိုင်းဖတ်သင့် ဖြစ်သင့် ပါတယ်
“ဒီလိုသတင်းတွေ ထဲမှာ လူ့ ဘဝနဲ့ ဆက်နွယ်နေသော ဗဟုသုတ တိုးတက်မှု့ တွေ အများကြီးပါ 
“သူများအကြောင်း ဟိုမင်းသား ဒီမင်းသမီး အကြောင်းတွေ ဖတ်နေပြီး အချိန်ဖြုန်းနေတာထက်စာယင်ပေါ့ ..
ယနေ့ ချိန်ထိရောနောင်ကိုရော ဘာသာရေးဗုဒ္ဒလမ်းစဉ်ကလွဲပြီး-ဘယ်ပါတီ အဖွဲ့ စည်းမှပါဝင်မည် 
မဟုတ်ဟုဆုံးဖြတ်ပြီးသားပါ-ဥာဏ်မမှီနိုင်တဲ့  ကျနော့်ဦးဏှောက်နဲ့  
ထင်ရာတွေစွတ်ပြော ပြီးမိမိရောတစ်ပါးသူတွေအတွက်ပါ သောကမရောက်စေခြင်ပါဘူး.
ခုနကပြောသလို ကျနော်ဟာသာမာန် နဖူးချွေးမြေကျ  လုပ်ကိုင်စားနေသူပါ။
ဘယ်ဖက်ကိုမှအားသာမရေးပါဘူး။။
။။ဒီဘလောက်ရေးလို့ လည်း ကျနော့်အတွက် ဘာစပွန်စာ ထောက်ပံ့ကြေး တစ်ပြားတစ်ချပ်မှ 
မရပါဘူး။တစ်ခါတစ်လေ လစဉ်ပေးဆောင်ရတဲ့ ။အင်တာနက်ဘိုးတောင် 
အနိုင်နိုင်ဖြစ်ရပါတယ်။ဒါကနော့်ပွင့် လင်းမှု့ ပေါ့ နော်။
ရည်ရွယ်ချက်လည်းမထားပါဘူး…မတပ်နိုင်တဲ့ တစ်နေ့  ဒီဘလောက်မရေးတဲ့ နေ့ ပါ-
လူတစ်ဦးမှာ ကောင်းခြင်းသမိုင်းတစ်ခုဆိုတာတော့ ထားရှိရမယ် ဆိုတဲ့ အသိကိုထားပြီး။
ကျနော်တစ်ယောက်တည်း အွန်လိုင်းပေါ်မှာ သတင်းတွေဖတ်ပြီး ။မသိသေးတဲ့ လူတွေအတွက် 
ထပ်ဆင့် ဝေမျှတာပါ။တစ်ချို့ စာဖတ်အာနည်းတဲ့ လူတွေကတော့ ။ဖွနေတယ် ထင်ခြင်ထင်ကြမှာပဲ 
ကျနော်ဒီဆိုဒ်မှာတော့  ကျနော့် ဆီ ဆဲရေးတိုင်းထွာ 
အတိုက်ခံလုပ်ခြင်းမတွေ့ ရပဲ ကောင်းသောဘက်ကနေ လေးစားမှု့ ခံယူရပါတယ်။ကျနော်လည်း မှားတာရှိပေမဲ့ 
 အများဆုံးမမှားအောင် မိမိကိုယ်ကြိုတင်ဆင်ခြင်ပါတယ်။
 နေ့ စဉ်နှင့် အမျှတိုးတက်ပြောင်းလည်းလာတဲ့  အချိန်တိုင်းမှာ ကမ္ဘာမှာ 
ဘာတွေဖြစ်နေသလည်း။မြန်မာပြည်မှာဘာတွေဖြစ်နေသလည်း။ပြောရယင် အတိတ်က ပုံသေနည်းကြီးကို 
အစွဲမထားပဲ-ဖန်ဆင်းရှင်နဲ့ -အသုံးပြုသူ ညှိနှိုင်းတပ်ဘို့ -လမ်းပြပေးတာပါ-
MyanmarExpress ဆိုဒ်OE-ဆိုဒ်-  MyanmarDallyStar တို့ နှင့် ရေးသားတာတွေက 
-ပုံနှင့် စာကွဲလွဲတဲ့ အခါရှိမယ် တစ်ခါတစ်ရံ အစိမ်းသက်သက်မျှဝင်ရောက်ဖတ်ဘူးတဲ့ လူကတော့  
။သာမာန်အနေနဲ့ ဖတ်ကြည့် ယင် စိတ်ဆိုးစရာ ပြောရယင်ထသတ်ခြင်စရာ 
ပဲမြင်နေမှာပါ-သူတို့ တွေရေးတဲ့ စာကို ပုံအရုပ်ကိုမကြည့် ပဲ 
အတွင်းကျကျဖတ်ကြည့် ပါက-အင်တာနက် ပေါ်မှာစာဖတ်သက်တမ်းနုနယ်သေးတဲ့ လူငယ်တွေနဲ့ -နိုင်ငံရေး 
လူမှု့ ရေးနယ်ပါယ်တွေမှာ ဘာမှအတွေ့ ကြုံမရှိသေးတဲ့ မျိုးဆက်သစ်လူငယ်တွေ-နိုင်ငံရေးဝါဒ မှိုင်းတိုက်နေတဲ့  
လူတွေနောက်လိုက်မသွားစေရန်နှင့်  မိမိဘဝကောင်းတိုးတက်ရာ အနာဂတ်ကို မတိမ်းမစောင်းပဲ မိဘက 
သားသမီးကို ပညာတပ်ကြီးဖြစ်စေဘို့ အတန်းကျောင်းပညာထားပေးသလို။အချိန်တန် ပညာစုံယင် 
ဘယ်လိုနေရာတွေမှာ အကျိုးသက်ရောက်ခံစားခွင့် ရှိတယ်။အချိန်မတိုင်ခင် လမ်းခုလတ်မှာ 
လမ်းစမပျောက်သွားဘို့ နှင့် ။အဲဒီဘလောက်ဆိုဒ်တွေ ဖတ်တဲ့လူတွေ သဘောထားအမြင် အကြံတွေလည်း 
ရယူနေပြီး ။မြန်မာပြည်ကို အက်ဒမင်ပိုင်းဆိုင်ရာ ဘယ်လိုအုပ်ရမလည်းဆိုတဲ့  ပြည်သူတွေစကားသံကို 
ထုတ်လွင့်  တန်ပြန်ရေးသား 
နားဆင်နေတယ်လို့ ပဲ။ကျနော်ကတော့ မြင်မိတာပါ၊ဒါ့ ကြောင့် လည်းသူတို့ ရေးတင်တဲ့ ပို့ စ်လေးတွေ
ကျနော်လည်း ကူးယူဝေမျှတာပါ..Myanmar Dally Star ဆိုဒ်မှာလည်း KGL
  နာမည်လေးနဲ့ ကျနော့် လင့် ခ်ကလေးကို ချိတ်ထားပေးတာလည်းမြင်ရပါတယ်။
စာဖတ်သူနဲ့ ကျနော် ဘယ်လိုမှ တောင်းပန်ခြင်း ဝေဖန်ခြင်းမညှိထားပါဘူး တစ်ခုကတော့ ကျနော်တင်ထားတဲ့  
 ။အဲဒီရေးသားတဲ့ ပို့ စ်လေးကို ဖြုတ်ပေးလိုက်ပါတယ်။
မိမိဖြစ်ခြင်တာကြီးလည်း ဇွတ်ကြီးရေးတင်ပြီး။စာဖတ်သူအတွက် အာရုံနောက် 
ဘာတစ်ခုမှဗဟုသုတမပေးနိုင်ခြင်းဟာ။စာဖတ်သူကို လမ်းစဖြတ် မှုန်းတီးသွားအောင် လုပ်တဲ့  
ဘလောက်ဂါသမားအမှားကြီးပါ။ဒါလေးတော့ ကျနော့် အမြင်ခံယူချက်ပါ။
တစ်ချို့ သောဘလောက်တွေလည်းတွေ့ ပါတယ်။ဘာမှမရေမရာပဲ အချစ်ရေး သူ့ အတင်းငါပြော 
ငါ့ အတင်းသူပြော။တစ်ဘက်သားလူဘယ်လိုမှနားမလည် နိုင်ပဲ ။ခေတ်ရေစီးကြောင်းနဲ့ 
 အညီမရေးတပ်သော လှေနံဓါးထစ်။လူသေကောင်ဦးဏှောက်လိုပဲ
။တစ်ဇောက်ကန်းရေး ဟိုစာပေခိုးချ ကူးချ။မိမိသာနာမည်လိုခြင်ပြီး။
ဘာသာရေး ။ဒသနိက ။ကဗျာ။ဒုံရင်းက သမားတွေရှိပါတယ်။ဒါကတော့  
သူတို့ ထွက်ရပေါက်လေ။အင်တာနက်ဘိုးပိုက်ဆံပေါတာကိုး-
တစ်ကယ်ကောင်းတဲ့  လူတွေလည်းရှိပါတယ်အများကြီးပါ။သူတို့ ဆိုဒ်ကပိုစ့်တစ်ခုဆို 
တင်လိုက်ထာနဲ့ လူတွေငြိမ်ဖတ်နေပြီး-သူတို့ ကွန့် မက်တွေမှာ အားရဖွယ်စကားတွေ တွေ့ ရပါတယ်။
  ဝီရဓမ္မတို့ ညီနေမင်းတို့ အပြင်..အခြားသော ကျနော့်လို ရေးနေတဲ့ ဝါသနာရှင် 
ညီငယ်။ညီမငယ်လေးတွေဘလောက်တွေလည်းရှိပါတယ်။
နောက်ဆုံးမေးလာတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလည်းလာမှု့ ဆိုတာက
အယင်ကမိတ်ဆွေ နေထိုင်ခဲ့ ရပုံနဲ့ ။အခုလက်ရှိမိတ်ဆွေ နေထိုင်ခဲ့ ရပုံလေး မိမိကိုယ်တိုင်ရော 
အများနှင့် လွှမ်းခြုံကြည် ပြီးမိမိကိုယ်တိုင်ပြန်လည်သုံးသပ်လို့ ရပါတယ်။အပျော်စကားလေးပြောရယင် 
။ယနေ့ မြန်မာပြည်အင်တာနက်လိုင်းပေါ်။ဖေ့စ်ဘုတ်တွေမှာ 
သူသူငါငါလွတ်လပ်စွာ ရေးသားပျော်ပါးနေတာကြည့် တာနဲ့ သိလွယ်ပါတယ်။ကျန်တဲ့ အပိုင်းတွေက 
ကျနော်တို့ ဥာဏ်ရည်နဲ့ လိုက်မမှီပါဘူး..
နောင်ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပြီး သိသလောက် ပြန်လည်ဖြေကြားပေးပါ့ မယ်..
အလင်းရောင်ကြယ်များမှ
No comments:
Post a Comment
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်