သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 5 June 2013

မြန်မာနိုင်ငံတွင် ခေါင်းဆောင်လုပ်ရန် အစီအစဉ်မရှိဟု ပြည်တော်ပြန် ၈၈ ကျောင်းသား ကိုမောင်မောင်ကျော်ဆို


Wednesday, June 5, 2013

မြန်မာ့နိုင်ငံရေးတွင် အရေးပါခဲ့သော ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင်ထင်ရှားသည့် ကျောင်းသား
ခေါင်းဆောင် ကိုမောင်မောင်ကျော်အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လာခြင်းသည် ခေါင်းဆောင်တစ်ဦး အနေဖြင့်
ဆောင်ရွက်ရန်မဟုတ်ဘဲ နိုင်ငံရေးတွင် ပြန်လည်ပါဝင်မည်ဟု မဇ္စျိမသို့ ပြောသည်။


၎င်း၏ ခရီးစဉ်မှာ မြန်မာနိုင်ငံသို့ တစ်လပြန်လာခြင်းဖြစ်ပြီး ကိုမောင်မောင်ကျော်က ''ကျွန်တော်ပြန်လာတာ
နိုင်ငံရေးကိစ္စတွေလည်း ပါလာပါတယ်။ အဓိကကတော့ အမေနဲ့ တွေ့ဖို့ပါ၊ ပြီးတော့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု
တွေမှာလည်း ပါဝင်မှာပါ။ ကျွန်တော် မြန်မာနိုင်ငံမှာ ခေါင်းဆောင် မလုပ်ပါဘူး။ ဒီမှာရှိတဲ့သူတွေကိုပဲ
ခေါင်းဆောင်နေရာမှာ ထားမှာပါ။ ကျွန်တော်က နိုင်ငံတကာအဖွဲ့တွေနဲ့ မြန်မာနိုင်ငံက အဖွဲ့တွေကို ချိတ်ဆက်ပေးတဲ့ ကြားခံလူတစ်ယောက်အနေနဲ့ပဲ ရပ်တည်မှာပါ'' ဟု ဆိုသည်။

အမေရိကန်နိုင်ငံတွင် အခြေစိုက်နေထိုင်နေပြီဖြစ်သည့် ကိုမောင်မောင်ကျော်သည် မြန်မာနိုင်ငံ ပြန်ရောက်သည့် တစ်လ ခရီးစဉ်တွင် ၈၈ အရေးတော်ပုံ၌ ကွဲကွာခဲ့သည့် အင်အားစုများ အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံပွဲ
ပြုလုပ်ရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းတွေ့ဆုံပွဲအား ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်တွင် အမေရိကန်
ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်တွင် ကျင်းပမည်ဖြစ်သည်။ ယင်းပွဲနှင့် ပတ်သက်ပြီး ပြည်တွင်းရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ကျောင်းသားတပ်ဦးမှ တာဝန်ရှိသူ များလည်း အစည်းအဝေးများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးပေါ် အမြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ကိုမောင်မောင်ကျော်က ''ကျွန်တော်ကတော့ ဦးသိန်းစိန်ရဲ့ လုပ်ပုံကိုင်ပုံတွေကို ကြိုက်ပါတယ်။ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှာလည်း
ဖြောင့်ဖြောင့်မတ်မတ် လုပ်နေတယ်လို့ မြင်တယ်။ အစိုးရတစ်ရပ်အနေနဲ့ အကုန်ပြန်ကောင်းအောင်လည်း လုပ်နေတယ်လို့ တွေ့ရတယ်'' ဟု ပြောခဲ့သည်။

နိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများတွင် အခြားနိုင်ငံများမှ ဖိအားပေး၍ လုပ်ဆောင်ရခြင်းမျိုးများ မရှိစေရန် လုပ်ဆောင်စေလိုသည်ဟုလည်း ၎င်းကပြောသည်။

ကိုမောင်မောင်ကျော်၏ မိခင် ဒေါ်လှမြင့်က ''ကျွန်မကတော့ ကျွန်မသားလုပ်ခဲ့တာတွေ မှန်တယ်လို့ ထင်တယ်၊ အခုလည်း သားပြန်လာတော့ သူလုပ်ချင်တာတွေ လုပ်သင့် တာတွေ အကုန်ထောက်ပံ့ပေးမယ်၊ အရင်တည်းကလည်း သားကြောင့် တစ်မိသားစုလုံး တောခိုခဲ့တာပဲ။ အခုလည်း သားက မှန်ကန်တဲ့လမ်းကို လုပ်နေတာပဲဆိုတော့ သူလုပ်တဲ့လမ်းကြောင်းကို လိုအပ်တာ ထောက်ပံ့မယ်'' ဟု ကိုမောင်မောင်ကျော် မိခင်က ဆိုသည်။

ကိုမောင်မောင်ကျော်၏ မိခင်ဒေါ်လှမြင့်သည် ဒီမိုကရေစီအရေးတော်ပုံတွင် တောခိုခဲ့ပြီး တစ်နှစ်ကြာတွင် နိုင်ငံတွင်း သို့ အလင်း ပြန်ဝင်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တက္ကသိုလ်မကျည်းတန် နာမည်ဖြင့် စာအုပ်များ ထုတ်ဝေ
ရေးသားလျက်ရှိသည်။

သူပြန်လာတာ အရမ်းဝမ်းသာတယ်လို့ဆိုတဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်းတစ်ဦး ၈၈ မျိုးဆက် ကျောင်းသား
ဟောင်း တစ်ဦးကလည်း ''ကျွန်တော်တို့ကတော့ သူပြန်လာတာကို ကြိုဆိုတယ်။ အရင်ကလည်း အတူတူ အလုပ်လုပ်ခဲ့ကြတာပဲ။ အခုလည်း ကျွန်တော်တို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ တစ်ထောင့်တစ်နေရာက ပါဝင် လုပ်ကိုင်ကြမယ်။ အခုချိန်ထိ နိုင်ငံအပေါ်မှာ သူ့ရဲ့ ရိုးသားချစ်ခင်တဲ့စိတ်က မြင်နေရတုန်းပဲ၊ သူပြန်လာတာ ကျွန်တော် အရမ်းဝမ်းသာတယ်'' ဟု မဇ္စျိမသို့ ပြောသည်။

ကိုမောင်မောင်ကျော်နှင့်အတူ ၎င်း၏ မိဘများ၊ မောင်နှမများသည် ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင်
တောခိုခဲ့သည်။

Mizzima News

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်