သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 4 June 2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ ခိုးမှုများဖေါ်ထုတ်ရမိ

 
 ၂-၆-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ
တပ်ဖွဲ့ဝင်များသည်ပန်းဘဲတန်းမြို့နယ်၊ရွှေဘုံသာအထက်လမ်းတွင် SAMSUNG အမျိုးအစား LCD ကွန်ပျူတာမော်နီတာ (၁)လုံးနှင့် မသင်္ကာတွေ့ရှိသူ လှိုင်သာယာမြို့နယ်နေ မျိုးမင်းသူ ၊ ၂၅ နှစ်၊ (ဘ)ဦးသန်းမောင် အားဖမ်းဆီးစစ်ဆေးခဲ့ရာ ၂၀၁၃ ခုနှစ်၊

မေလအတွင်းက ၎င်းအလုပ်လုပ်ကိုင်ခဲ့သောလားရှိုးမြို့ရှိ
HARTS KTV ဆိုင်မှခိုးယူလာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၁၅၈/၂၀၁၃ ပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်အရေးယူထားရှိခဲ့ပါသည်။
အလားတူ ၁၆၃၀ အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊
၄၈လမ်းဘေးတွင် အထုပ်တစ်ထုပ်နှင့် မသင်္ကာတွေ့ရှိသူ ဗိုလ်တထောင်မြို့နယ်နေ ကျော်ရွှေ၊ ၅၂နှစ်၊
(ဘ)ဦးကုလားလေးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ အထုပ်အတွင်းမှ ဗူးများဖြင့်ထည့်ထားသော လက်ကိုင်ဖုန်းဟန်းဆက် ၁၃ လုံးအား
တွေ့ရပြီး အဆိုပါပစ္စည်းများအား၂၀၁၃ခုနှစ်၊ ဧပြီလအတွင်းက ၎င်းအလုပ်လုပ်ကိုင်သော ဗိုလ်တထောင်မြို့နယ်ရှိ
General AirCon ကုမ္ပဏီမှခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်
သဖြင့်ဗိုလ်တထောင်မြို့မရဲစခန်း (ပ) ၁၀၇/၂၀၁၃
ပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း
သတင်းရရှိပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်