သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 1 June 2013

တရုတ်ဟက်ကာတို့ အမေရိကန် စစ်လက်နက် နည်းပညာ ၂ဒါဇင် ခိုးယူခဲ့


 တရုတ် ဟက်ကာများဟာ ယခုရက်ပိုင်းအတွင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်မှ စစ်လက်နက် နည်းပညာ ၂ ဒါဇင်ကျော် ဖောက်ထွင်း ခိုးယူ ခဲ့ကြောင်း သိရပါတယ်။


ယင်းလုပ်ရပ်အတွက် အမေရိကန်ကမှ ဘယ်လို ပြန်တုန့်ပြန်မလဲဆို တာတော့ မသိရ သေးပါဘူး။ အမေရိကန်က 
ကမ္ဘာကို မဖော်ပြတဲ့ အရှားပါးဆုံး နည်းပညာတွေချည်း ၁၀မျိုးထက် မနည်း ပါသွားပါတယ်။ အထူးသဖြင့် အမေရိကန်မှာပဲ ရှိတဲ့ တာဝေးပစ် ဒုံးကျည် စနစ် PAC-3 ဖိုင်အားလုံး ပါသွားပါတယ်။ နောက်ဆုံးပေါ် တိုက်လေယာဉ် နည်းပညာ၊ တိုက်ပွဲဝင် ရဟတ်ယာဉ် တည်ဆောက်မှု မှတ်းတမ်းနဲ့ နည်းပညာတွေလည်း ပါသွားပါတယ်။

အမေရိကန် စစ်တပ်တောင် ကောင်းကောင်း အသုံးမပြုရသေးတဲ့ ဦးဦးဖျားဖျား နည်းပညာ တွေပါ ဖောက်ထွင်းသွားတာလို့ ဆိုပါတယ်။ ဒီအတွက် ပင်တဂွန် စစ်ဌာနချုပ်က ဒေါကန်နေပါတယ်။ တရုတ်ဘက်က Cyber Attack အမြဲ ရှိနေ ပေမယ့် ပြင်ဆင်ချိန် မရလိုက်ဘူးလို့ ဆိုပါတယ်။ ကြိုတင်လည်း ပြင်ဆင် မထားခဲ့ပါဘူး။ ဒါကြောင့် တရုတ် ဟက်ကာများရဲ့  ဖောက်ထွင်းမှုကို ခံလိုက်ရတာပါ။

တရုတ်ပြည်မှာ ဆိုင်ဘာ စစ်သား (ဟက်ကာ) များရဲ့  စစ်ဆင်ရေး ဟာ ၂၀၀၅ နောက်ပိုင်းကတည်းက သိသိသာသာ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အမေရိကန်မှ တရားဝင် တားမြစ်မှုတွေ ရှိခဲ့ပါသေးတယ်။ သို့ပေမယ့် နည်းပညာအားနည်းချက်အပေါ် ဖောက်ထွင်းသွားမှု အတွက် အမေရိကန်လည်း ဘာမှမတတ်နိုင်ပါဘူး။ ယခုတော့ အချက်အလက်တွေကို ပိုမို လုံခြုံအောင် သိမ်းဆည်းမယ်လို့ ဆိုပါတယ်။ အမေရိကန် ပင်တဂွန်မှ ဟက်ကာ စစ်သားများလည်း တရုတ် နိုင်ငံရဲ့  စစ်ဌာနချုပ်ကို ပြန်လည် တိုက်ခိုက်ဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
-
Ref: ushack

Aung Kham (TSJ team)

Techspace Journal

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်