သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 8 June 2013

ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြန်လည်ပြင်ဆင် မွမ်းမံရေး ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်ကို သမ္မတကြီးဦးသိန်းစိန်မှ ပယ်ချ

ဇွန် ၈ ၊၂၀၁၃ Source: Australia Network News သူမအနေဖြင့် နိုင်ငံ၏ အဆင့်မြင့် တာဝန်များအား ထမ်းဆောင်ရန်အတွက် သမ္မတဦးသိန်းစိန် ၏ အာဏာအား အသုံးပြု၍ လမ်းဖွင့်ပေးရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ တောင်းဆိုချက် အား သမ္မတဦးသိန်းစိန်မှ ပယ်ချလိုက်ပါသည်။ ABC သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှု၌ ဒေါ်စုကြည်မှ နိုင်ငံတော်၏ အမြင့်ဆုံးရာထူးအား ရည်ရွယ်သည်ကို မိမိမှ မကန့်ကွက်ပါကြောင်း၊ သို့သော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြောင်းလဲရေး ကိစ္စမှာ လွှတ်တော်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ယင်းကိစ္စကို မိမိမှ ၀င်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း “ ဖွဲ့စည်းပုံဥပဒေဟာ ပြည်သူ့ထောက်ခံမှုနဲ့ ရေးဆွဲခဲ့တာပါ။ ဒါကြောင့် လွှတ်တော်က လုပ်ပိုင်ခွင့်ပေးပြီး၊ ပြည်သူတွေက သူမကို သမ္မတအဖြစ် သဘောတူညီမယ်ဆိုလို့ရှိယင် ကျွန်တော့်ဖက်က ပြောစရာမရှိပါဘူး ” ဟု သမ္မတဦးသိန်းစိန်မှ ပြောကြားခဲ့သည်။ ကမ္ဘာ့စီးပွားရေးလုပ်ငန်းရှင်များနှင့်အစိုးရခေါင်းဆောင်များ၏ စုပေါင်းတွေ့ဆုံမှု တစ်ခုဖြစ်သော အရှေ့အာရှကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နေပြည်တော်၌ ကျင်းပနေစဉ်အတွင်း ဒေါ်စုကြည်မှ ယင်းသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ယိုင်နဲ့နေသောစီးပွားရေးအား မြှင့်တင်နိုင်ရန် ဤဖိုရမ်က ကြားခံတစ်ခုဖြစ်သလို အတိုက်အခံခေါင်းဆောင် အတွက်လည်း မိမိ၏အသံမြှင့်ရန် အခွင့်အရေးတစ်ရပ်ဖြစ်ခဲ့သည်။ “ ကျွန်မအဖို့ သမ္မတရာထူးရရှိဖို့ဆိုယင် ဖွဲ့စည်းပုံဥပဒေကို တရားဝင်ပြောင်းဖို့ လိုအပ်ပါလိမ့်မယ် ” ဟု ပြောခဲ့သည်။ ဒေါ်စုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၌ လွန်ခဲ့သောနှစ်က အပြတ်အသတ် အနိုင်ရခဲ့သော်လည်း သူမ၏သမ္မတဖြစ်ရေးကို လက်ရှိဥပဒေက တားဆီးလျက်ရှိသည်။ မည်သူမဆို မိမိ၏ ရင်သွေးများသည် နိုင်ငံခြားသားဖြစ်နေလျှင် သမ္မတဖြစ်ခွင့်မရှိဟု တားမြစ်ထားသောကြောင့်ဖြစ်သည်။ ဒေါ်စုကြည်၏သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားဖြစ်နေခြင်းအပေါ် မူတည်၍ သူမအား သမ္မတရာထူးသို့ မတက်လှမ်းနိုင်အောင် ယင်းသို့စီမံရေးဆွဲပြဋ္ဌာန်းထား ခဲ့သည်ဟု မြန်မာလူမျိုးအများအပြားမှ ယုံကြည်ထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြောင်းလဲပြင်ဆင်ရန်မှာ လွှတ်တော်၏ ၇၅ % ထောက်ခံမှု လိုအပ်၏။ သို့သော် အမတ် နေရာအားလုံး၏ လေးပုံတစ်ပုံမှာ စစ်တပ်မှ ရယူထားသည်။ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်သည် ဒေါ်စုကြည်၏ တက်လမ်းအလို့ငှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆော်သြပေးရန် မိမိထံ အခွင့်အာဏာမရှိကြောင်း “ ကျွန်တော်တို့နိုင်ငံမှာ မဏ္ဍိုင်ကြီးသုံးရပ် ရှိနေပါတယ်။ အုပ်ချုပ်စီမံရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေးကဏ္ဍများ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကို သြဇာပေးဖို့ အခွင့်အာဏာ ကျွန်တော့်ဆီမှာ မရှိပါဘူး ” ဟု ပြောဆိုခဲ့သည်။ Ref: http://www.abc.net.au/news/2013-06-08/an-thein-sein-rejects-suu-kyi-demand/4742094

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်