သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 19 June 2013

မလေး ရှား ရှိ တရား မဝင်မြန်မာ လုပ်သား အား လုံး တရား ဝင် အထောက် အထား ထုတ်ပေး မည်

Photo: မလေးရှားရှိ တရားမဝင်မြန်မာလုပ်သား အားလုံး တရားဝင် အထောက်အထား ထုတ်ပေးမည်

18-6-2013

အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက် အထားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သားများကို တရားဝင် အထောက် အထား ထုတ်ပေးသည့် ပုံစံမျိုးအတိုင်း မလေးရှား နိုင်ငံရောက် မြန်မာ အလုပ်သမားများကို နှစ်နိုင်ငံ အစိုးရညှိနှိုင်းကာ တရားဝင် အထောက် အထား ရရှိအောင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီက လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

"သံရုံးမှာ ဝန်ထမ်းအင်အားက နည်းနေတယ်။ လုပ်နေရတဲ့ လုပ်ငန်းစဉ်က များတယ်။ ဝန်ထမ်းအင်အား တိုးဖို့ လိုတယ်"ဟု အလုပ်သမား၊ အလုပ် အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တရားဝင် အထောက် အထားမရှိသဖြင့် မြန်မာအလုပ်သမား ၁၀၀၀ ကျော်ဖမ်းဆီး ခံခဲ့ရပြီး ယင်းတို့အနက် အလုပ်သမား ၃၀၇ ဦးမှာ အထောက်အထား မရှိသဖြင့် ဆက်လက်ဖမ်းဆီးခံ ထားရဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံမှ ဇွန်လ ၁၅ရက်နှင့် ၁၆ရက် နေ့တို့တွင် ပြန်လာသူစုစုပေါင်း ၄၅၉ ဦး ရောက်ရှိလာပြီး ၄င်းတို့မှာအကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူများ မဟုတ်ကြောင်း၊ အကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူ ၂၅ဦးမှာ ဇွန်လ ၁၇ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ နောက်ထပ်ပြန်လာရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင် တရားဝင် အထောက်အထား(Certificate of Identity) ပြုလုပ်နေသူ ၁၄၀ ဦးရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ထံမှ သိရှိရသည်။

The Voice Weekly
(ထိုပုံပြနေရာသည်->>>မလေးရှားရောက်မြန်မာအများစု အားလပ်ရက်သော်၎င်း ပိတ်ရက်သော်၎င်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ 
ဗဟိုနေရာ ဖြစ်သည်။မြန်မာဆိုင်များ အများဆုံးနေရာလည်းဖြစ်ပြီး မသွားလို့ မဖြစ်သောနေရာဖြစ်ပြီး။ငွေလွဲခြင်း၊မြန်မာပစ္စည်းများလိုတရဝယ်ယူနိုင်ခြင်း နယ်ဘက် အသီးသီးသို့ ခရီးထွက်ခွာနေရာ-မြန်မာအေဂျင်စီ
ရုံးခန်းများ ထိုင်ရာနေရာ-မြန်မာများ ဆုံဆည်းရာနေရာ-လိုတရရှော့တ်ပင် စူပါမားကာတ် ကြီးများနေရရာဖြစ်ပြီး
မြန်မာနိုင်ငံနှင့်  ယာဉ်ပြောရယင် ဆူးလေ ပန်းဆိုးတန်း နေရာတစ်ဝိုက်ပုံစံမျိုးပါ-မြန်မာပြည်ရှိ ရပ်မိဘများထံသို့ 
မိမိရရှိလာငွေကြေးများ မဖြစ်မနေငွေလွဲသောနေရာဖြစ်သည်-အော်ပရာစီခေါ်သော မလေးလုံခြုံရေးဌာမှလည်း မသင်္ကာလျှင် အထောက်ထား စစ်ဆေးဖမ်းဆီးသော အချက်ခြာကျသောနေရာလည်းဖြစ်သည်)

အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် အထောက်အထားများ ထုတ်ပေး သွားမည်ဖြစ်ကြောင်း

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် တရားမဝင်မြန်မာ လုပ်သားများကို တရားဝင်အထောက်အထား ထုတ်ပေးသည့် ပုံစံမျိုး အတိုင်း မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများကို နှစ်နိုင်ငံ အစိုးရညှိနှိုင်းကာ တရားဝင် အထောက်အထား ရရှိအောင် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီက လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
“သံရုံးမှာ ဝန်ထမ်းအင်အားက နည်းနေတယ်။ လုပ်နေရတဲ့လုပ်ငန်းစဉ်က များတယ်။ ဝန်ထမ်းအင်အား တိုးဖို့လိုတယ်”ဟု အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ် ဝင်းမော်ထွန်း က ပြောကြားသည်။
မလေးရှားနိုင်ငံတွင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း တရားဝင်အထောက် အထားမရှိသဖြင့် မြန်မာ အလုပ်သမား ၁၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် အလုပ်သမား ၃၀၇ ဦးမှာ အထောက်အထား မရှိသဖြင့် ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး က ပြောကြားသည်။
အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံမှ ဇွန်လ ၁၅ရက်နှင့် ၁၆ရက် နေ့ တို့တွင် ပြန်လာသူ စုစုပေါင်း ၄၅၉ ဦး ရောက်ရှိလာပြီး ၄င်းတို့မှာအကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူများ မဟုတ်ကြောင်း၊ အကြမ်းဖက်မှု ဂယက်ကြောင့် ပြန်လာသူ ၂၅ဦးမှာ ဇွန်လ ၁၇ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ကြောင်း၊ မြန် မာနိုင်ငံ သို့ နောက်ထပ်ပြန်လာရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးတွင် တရားဝင် အထောက်အထား(Certificate of Identity) ပြုလုပ်နေသူ ၁၄၀ ဦးရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ထံမှ သိရှိရသည်။
The Voice Weekly

1 comment:

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်