မလေးရှား အရေးကြီးသတင်း
မလေးရှား မှာ မြန်မာများ အသတ်ခံရပြီးနောက် ယနေ့ မနက် ၁၀ နာရီလောက်ကနေပြီး
မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူ (မြန်မာစားသောက်ဆိုင်များ
အများဆုံးရှိရာ) ကိုတာရာယာ တွင် ဌာနပေါင်းစုံ ဖမ်းဆီးမှု(အော်ပရာစီ) များ
ပြုလုပ်သည်ကို Myanmar Daily News သို့ သတင်းပေးပို့လာပါသည်။ “ မနက်က
မြို့ထဲကို ၉ နာရီလောက်ကနေ ကျနော် ရောက်နေတာဗျ..အဲဒီအချိန်ထိတော့
အေးဆေးပဲ..ဘာရဲမှလည်းမတွေ့ဘူး...၁၀
နာရီ ၁၅ မိနစ်လောက်ကျတော့ ကားတွေ သုံးလေးစီး ထိုးရပ်ပြီး အကုန်
စစ်ဆေးတာ..စစ်ဆေးတာသာ ပြောတာပါ..ကားပေါ်အကုန်တင်တာပဲ အချုပ်ကား ၄ စီး
ရပ်ထားတယ်..ဇေယျာ မြန်မာဆိုင်ရှေ့မှာ နှစ်စီး..ကိုတာရာယာ ကုန်တိုက် နားမှာ
နှစ်စီး...နိုင်ငံခြားသားဆို အကုန် ဆွဲပြီး ကားပေါ်တင်တာ..ရဲစခန်းရောက်မှ
ရှင်းပေါ့..တစ်ချို့ အလုပ်လာတဲ့ သူတွေ အဖမ်းခံရတာရှိတယ်..ပါမစ်ရှိလည်း
ဖမ်းတာပဲ..ရဲစခန်းမှာ သေချာ စစ်ဆေးပြီးမှ ပြန်လွတ်တာလေ...ကျနော်
ပြောချင်တာက မလေးရှားမှ ရွှေညီကိုများ အသွားအလာ ဆင်ခြင်ဖို့ပဲ
ပြောချင်တယ်..အခု ကျနော်တောင် မန္တလေး မြန်မာဆိုင်ပေါ်
တက်တာမြန်လိုက်လို့..မဟုတ်ရင်ကျနော်တောင် ကားပေါ် ပါသွားလောက်ပြီ”
လို့ ကွာလာလမ်ပူမြို့ထဲကို ရောက်ရှိနေတဲ့ မိတ်ဆွေတစ်ဦးကလည်း ဖုန်းဆက်ပြီး
သတင်းပေးပို့ထားပါတယ်။ထို့အတူ ကွာလာလမ်ပူ မြို့ရဲ့ အနီး တ၀ိုက် နေရာ
တော်တော်များများကို လည်း ဆက်လက် ၀င်ရောက် ဖမ်းဆီးမှုတွေ
ပြုလုပ်နေတယ်လို့လည်း ကလမ်းလာမ မှာ 99 ကုန်စုံဆိုင်တွင် အလုပ်လုပ်နေသော
မြန်မာ တစ်ဦးမှလည်း သတင်းပေးပို့ထားပါတယ်။ “ အခု ကျွန်တော်တို့ အနားမှာ
ဝင်ဖမ်းနေတာဗျ..ကျနော်က အလုပ်ချိန် နေ့ခင်း ၂ နာရီမှ ၀င်ရမှာ..အခု
အိပ်ရာကနိုးလို့ထမင်းသွားစားမယ်ဆိုပြီး အောက်ကို ဆင်းတော့ ဌာနပေါင်းစုံ (အော်ပရာစီ)၀င်ရောက်ဖမ်းနေတာတွေ့တယ်..ပါမစ် ရှိသူတွေရော..ပါမစ်မရှိသူတွေရော..UNHCR
ကဒ်ရှိသူတွေပါ ကားပေါ်ခေါ်တင်နေတာတွေ့တယ်” လို့ Myanmar Daily News ကို
သတင်းပေးလာခဲ့တာပါ။ ထို့ကြောင့် မြန်မာလူမျိုးများအနေဖြင့်
သွားလာနေထိုင်မှု ဆင်ခြင်ကြပါရန် အသိပေး တိုက်တွန်းလိုက်ပါသည်။
No comments:
Post a Comment