Tuesday, 11 June 2013
ရွှေမြန်မာများကို ကူညီပါ
အားလုံးလိုလို ငြိမ်သက် နေကြချိန်မှာ - မိတ်ဆွေကြီး ဆရာကျောင်းနဲ့ ကိုဇော်တို့က လေယာဉ်အခမဲ့စီးပြီး အထုတ်အပိုးနဲ့ ပြန်လာ နိုင်ဖို့၊ ဒိုင်းဆို စစီစဉ်ပေးလိုက်တော့ မလေးရှားရောက်ရွှေမြန်မာများ နတ်ရေကန်ထဲကျသွား သလို ပျော်ရွှင်ကြရပါတယ်တဲ့။ ကျနော်လည်း တညလုံး KL ကရွှေမြန်မာများ mail ပို့တာ Fb ကမေးတာပြန်ကြားနေရတာနဲ့ အပျော်တွေကူးဆက်ပြီး မအိပ်လိုက်ရပါဘူး….။
ဒီမှာ … ပျော်ရ ပြန်ရတော့မယ်ဆိုမှ အခက်အခဲကြီး တစ်ခုက ရှိနေပြန်သေးတယ်လို့ ပြောလာကြပါတယ်။ ပတ်စ်ပို့ကိစ္စပါ။ ကွာလာလမ်ပူရောက် မြန်မာလုပ်သား အများစုကပတ်စ်ပို့ကိစ္စ အ၀၀ကို Agent နဲ့ဘဲ ဆောင်ရွက် လေ့ရှိပါတယ်။ ဘာကြောင့် သံရုံးကိုအားမပြုရတာလည်းဆိုတာတော့ အားလုံးသိပြီးသားမို့ ရှင်းပြမနေ တော့ပါဘူး။ အခုဖြစ်နေတာက မလေးရှားရောက် ရွှေမြန်မာအများစု ပြန်လာခွင့်ရပြီဆိုရင်တောင် Pass Port Inhand မရှိလို့ KLအပြင် မထွက်ရဲဘဲ တံခါးပိတ်ပြီး ခေါင်းမြီးခြုံအိပ်နေရတဲ့ ဘ၀ရောက်နေ ကြတာပါ……..
KL က ရဲနဲ့လ၀ကတွေက အခု ကတွတ်ပေါက်က ဗျိုင်းစောင့်သလို ဗမာမြင်ရင် ရစ်ဖို့၊ လှီးဖို့ ၊ စောင့်နေ၊ ရှာနေ ဖမ်းနေကြလေရဲ့။ သူတို့ ရဲနဲ့ လဝကတွေ ရစ်ပုံကအကြမ်းသား၊ ကျနော်ကိုယ်တိုင် KL က မကြာခင်ကမှ ပြန်လာတာမို့ ကောင်းကောင်းသိနေတယ်။ မလေးရှားမှာကလည်း မြန်မာအချင်းချင်း ဖျံကျသူတစ်ချို့ရှိလို့နေပြန်တယ်။
KL မှာ ရုတ်ရုတ်သဲသဲ ဖြစ်တယ်လည်းကြားရော။ Agent ဆိုတဲ့မောင်တွေက ပတ်စ်ပို့ကိစ္စ ဘာမှမရှင်း၊ ဘာမှ တာဝန်မယူတော့ဘဲ အစောဆုံး ပြန်လစ်လာကြတယ်။ ကျန်ခဲ့တဲ့ ရွှေမြန်မာများခမျာ PP မရှိ၊ ထောက်ခံစာမဲ့ လာကတည်းက ခိုးကြောင်ခိုးဝှက် နေထိုင်ရုန်းကန်ရင်း ငွေရှာနေကြရသူတွေဆိုတော့ ‘‘မြန်မာမြင် ရိုက်ချင်ပါစေ’’ ဖြစ်အောင် ဖန်တီးထားတဲ့ ဒီလိုကာလမှာ အကုန်လုံးငုတ်တုတ်မေ့ ရပါလေ ရော။ ကျနော့်ကို ဆက်သွယ်လာတဲ့ မလေးရှားရောက်မြန်မာ လူမှုရေးအသင်းက ညီငယ်ပြောတဲ့ အတိုင်းဆိုရင် “ သူတို့တွေကို နေ့ရောညပါ Watch အလုပ်ခံနေရတယ်၊ စနစ်တကျ လုယက်သတ်ဖြတ်နေတယ်၊ သူတို့အတွက် ဂွင်တွေကြီးဘဲ’’ လို့ဆိုတယ်။
နဂိုကမှ ပုန်းလျှိုးကွယ်လျှိုးနေထိုင်ရုန်းကန်နေကြရတဲ့အထဲ ပတ်စ်ပို့တွေယူပြေးခံရပြီဆိုတော့ ရွှေမြန်မာတွေဘ၀က “ သူတို့လက်ထဲက ရေလုံးလုံးဖြစ်သွားရရှာပါပြီ” အသတ်ခံရတဲ့အလောင်းတွေ သံရုံး Certificate မရလို့ မသဂြိုလ်နိုင်သေး၊ လက်ထဲမှာ အထောက်အထားဘာမှမရှိလို့ အပြင်လဲမထွက်ရဲ၊ အလုပ်မလုပ်ကြရတော့လို့ စားဖို့၊ သောက်ဖို့ငွေ ကလည်းမရှိတော့ ဒီလိုအခြေအနေဆိုးမျိုး မှာ အခမဲ့လေယာဉ်ကြီးတွေ KL လေဆိပ်မှာထိုးထား ဦးတော့ သူတို့ မဆင်းရဲ၊ မစီးရဲတော့ဘူးဖြစ်နေရပါတယ်။ ဒီ မနက်ရတဲ့သတင်းတွေအရ လက်ကျန်ပွဲစား အချို့က ပြန်ချင်ရင် Immigration နဲ့ညှိပေးမယ်။ လက်ဗွေနှိပ်ပြီးပြန်ရမယ်။ တစ်ယောက်ကို ရင်းဂစ် ၁၆၅၀ ဗြောင်တောင်းနေကြတယ်လို့ ဆိုပါတယ်။ ဗူးလေးရာဖရုံဆင့်ပါဘဲ…..။
KL မှာ Master တန်းတက်နေတဲ့ အင်ဂျင်နီယာကျောင်းသူတစ်ဦးက “ သမီးဆီကို ညပိုင်း ဘယ် ကမှန်းမသိတဲ့ ဖုန်းတွေနဲ့ Threat လုပ်နေပါတယ်။ မြန်မာတွေ နံပါတ်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်၊ ဒီကမြန်မာမိန်းကလေးအများစုက တစ်ယောက်တည်း၊ နှစ်ယောက်တည်း အခန်းငှားနေရတာ သိပ်အန္တရာယ်များနေပါတယ်” လို့လှမ်းပြောလို့ နောင်တော် စစ်သံမှူးထံ ညတွင်းချင်း ကယ်ပါယူပါလို့ လှမ်းအကူအညီတောင်းလိုက်ရပါတယ်။ ဒီိလိုအခြေအနေဆိုးတွေပြည့်နှက်နေချိန်မှာ မိတ်ဆွေကြီးများအနေနဲ့ ငွေကူတာ၊ လေယာဉ်ကူ တာတွေအပြင် အလိုအပ်ဆုံးတစ်ခုကတော့ ပိတ်ထားတဲ့ တံခါးပေါက်တွေဖွင့်ပေးဖို့၊ အမှောင်ခန်းတွေ လင်းပေးဖို့အတွက် ကြားဝင်စေ့စပ်၊ ညှိနှိုင်း၊ ဆွဲထုတ်ပေးမဲ့ “တတိယအဖွဲ့အစည်းတစ်ခု” လိုအပ်လာ ခြင်းပါဘဲ။
ဟိုမှာ ငရဲခန်းလို ဖြစ်နေရရှာသူ တချို့ ပြန်ဆွဲထုတ်လာပေးဖို့အရေးကြီးတာပါ။ ဒီရောက်မှ ပတ်စ်ပို့မပါလို့ အရေးယူခံရတာက တစ်ပိုင်းဖြစ်ပါတယ်။ ဒါလည်း ပတ်စ်ပို့ကိစ္စ၊ လ၀ကကိစ္စတွေမှာ လူသားချင်းစာနာမှုအပြည့်နဲ့ ကူညီပေးလေ့ရှိတဲ့ ၀န်ကြီးများရှိနေတာမို့ စာနာကူညီကြမှာပါလို့ ကျနော် ကတော့ ညီ၊ ညီမငယ်တွေကို ဖြောင်းဖျထားပါတယ်။ တကယ်လည်း တာဝန်ရှိလူကြီးများမှ ၀ိုင်းဝန်း ကူညီကြမှာကို ၀မ်းမြောက်ဝမ်းသာဖွယ်ကြားသိနေရပါပြီ …..။ အချိန်သိပ်မရှိတော့ပါ….. မြန်မြန်လေးဝိုင်းဝန်းကူညီကြရအောင်လားဗျာ…။
From: မောင်မောင်(ရန်ကုန်တက္ကသိုလ်)
www.mmdailystar.com
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1583)
-
▼
June
(247)
- တရားအားထုတ်ဘို့ စခန်းခေါ်တာ-ခင်ပွန်းသည်ကရဲစခန်းထင်လ...
- မလေးရှားမှပြန်လည်ဆိုက်ရောက်လာသောမြန်မာတစ်ဦးအတွက်ခ...
- ရန်ပွဲ ဖြစ်ခဲ့ရတဲ့ မိန်းမလျာ အလှပြိုင်ပွဲ ဗီဒီယို ...
- ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဗုံးတစ်လုံး ပေါက်ကွဲ...
- မလေးရှားနိုင်ငံမှ မြန်မာရွှေ့ပြောင်း လုပ်သား ၂၂၈ ဦ...
- ရှမ်းလူမျိုး၂ဦးအား KIA အဖွဲမှ ရက်ရက်စက်စက်သတ်ဖြတ်...
- ထိခိုက် ဒဏ် ရာရရှိပြီး မ လေးရှားမှပြန်လည်ရောက် ရှိ...
- ပြင်ဦးလွင်မြို့ ဗုံးပေါက်ကွဲမှုတခု
- မြန်မာ တစ်နိုင်ငံလုံးတွင် ဘင်္ဂါလီ မွတ်စလင်ဦးရေ ၁ ဒ...
- ကွန်ပျူတာနှင့် ပတ်သက်ပြီး သတိမထားမိသော အချက်လေးများ
- တရုတ် အာကာသယာဉ်မှူးများ ကမ္ဘာမြေပြင်သို့ ပြန်ဆင်းလာ...
- မလေးရှားနိုင်ငံတွင် မလေးရဲယောင်ဆောင်မြန်မာတစ်ဦး ဖမ...
- အုန်းသီးအစိမ်းတစ်လုံးအစွမ်းထက်အသုံးဝင်ပုံ
- ဟင်.....အားလုံးရှုပ်နေတာပဲ????????`````~~~~~
- အွန်လိုင်းမှကာတွန်းရသအတွေးတစ်ခု
- မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် အရေးယူခံရသည့် သရု...
- ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော...
- သားသမီးပေါ်ညှာတာမှု့ မရှိနည်းလမ်းမကျထိမ်းသိမ်းရက်စက...
- ရန်ကုန်မြို့ကမ်းနားလမ်းတွင် ရေနံများထွက်ရှိ
- ဦးသိန်းစိန်သာ လာမည့် သက်တမ်း ပြန်အရွေးခံရပါက အားကေ...
- ကောလဟာလသတင်းနှင့် မိမိဘာသာကိုလူမျိုးကိုဘယ်လိုထိမ်း...
- ဒေါ်အောင်ဆန်းကြည်ကို အသရေဖျက်တဲ့ ဗွီဒီယို ပြသမှုကြော...
- အဆိပ်သောက်သူကို ဘယ်လိုကယ်ဆယ်မလည်း
- နော်ဝေမှ Telenor နှင့် ကာတာမှ Ooredoo တို့ မြန်မာ့...
- အိုလံပစ်နေ့ အကြို အမျိုးသား ကာယ ဗလ ပြိုင်ပွဲ နှင့်...
- သီတဂူဆရာတော်ဘုရားကြီးမှ မလေးရှားနိုင်ငံတွင်းရှိမြန...
- “ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ...
- ထူးဆန်းတဲ့ လျှပ်စစ်နည်းပညာပါ-သောမတ်အက်ဒီဆင်တောင်အဘ...
- ပေါက်ပေါက်ရှာရှာ အလေးချိန်၁၀ပိသာလောက်ရှိတဲ့ ရှေးေ...
- တစ်လတာ ကာလအတွင်း မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်...
- “ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ...
- မြန်မာနိုင်ငံမှာ Facebook ကိုဘယ်သူတွေဘယ်လို သုံးလဲ?
- Facebook ပေါ်တွင် ဗုဒ္ဓဘာသာအား သေးသိမ်အောင် ဘာသာရေး ...
- အလင်းရောင်ကြယ်များဘလောက်မှာအခုကဲ့ သို့ လာရောက်ဆဲဆိ...
- ၂ဝ၁၃ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး၊ စီး...
- အင်တာနက်ပေါ်မှတွေ့ ရှိရသောဦးဝီရသူ အားရေးသောတိုင်းမ်...
- ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နော...
- လက်ထိပ်တန်းလန်းဖြင့် သေဆုံးခဲ့သူ၏ ခင်ပွန်း အချုပ်ခ...
- ဖေ့စ်ဘုတ်မှတွေ့ ရသောကျောက်ဖြူ - ကူမင်း ရေနံပိုက်လိ...
- ဖခင်ဖြစ်သူကိုယ် တရားရုံးမှ ဖမ်းဝရမ်းထုတ်ဆင့်သည့်အတ...
- ဆွမ်းစားပြန် သံဃာများ စီးလာသည့်ယာဉ် ပေ၂၀၀ကျော် ချေ...
- လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ
- မင်းသမီး ဓာတ်ပုံကို အင်းချမီးရှို့ရာကနေ စတဲ့ဇာတ်လမ်...
- ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြေ...
- အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်င...
- ပုဇွန်တောင်ချောင်း အတွင်း ငမိုးရိပ်မိချောင်း တစ်ကေ...
- ၂၀၁၃ -၂၀၁၄ ပညာသင်နှစ် ကျောင်းသားကျောင်းသူများ ပညာသ...
- ဒါတို့တိုင်းတို့ပြည် တို့မြန်မာပြည် ဒါတို့တိုင်းတ...
- မလေးရှားရောက် သီတဂူဆရာတော်ကြီးရဲ.မျိုးချစ်စိတ်မေတ္တာ
- နေပြည်တော် ကျောက်ပြပွဲ သိန်းနှစ်ထောင်တန် စိန်ဘယက် ...
- တိုင်းမ်မဂ္ဂဇင်းကို သမ္မတရုံး ဘာကြောင့် ကန့်ကွက်ရလဲ
- မင်းသမီးကြီး ဝါဝါဝင်းရွှေ ဆုထူးပန်တာဝါကို Fatherlan...
- Miss Diamond Queen 2013 ပြိုင်ပွဲသို့ အမျိုးသားမှ ...
- ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းအား...
- မလေးရှားနိုင်ငံ၌ အသတ်ခံခဲ့ရသည့် ကိုဇော်ဝင်းထိုက် ရ...
- မျိုးစောင့် ဥပဒေကို ပိတ်ပင်တဲ့ မဇင်မာအောင် ဘာလဲ ဘယ်လဲ
- ၅မိနစ်လောက်အချိန်ပေးပြီးဖတ်ကြည့်ပါ
- " လူလိမ်လူညာများ ဖွင့်လှစ်ထားသော Aroma Zulu Studio...
- မလေးရှားရောက်မြန်မာများအတွက်-စိတ်ပျက်စရာ မြန်မာအေး...
- မိုက်မဲသောမိန်းခလေးအကြောင်း
- ဒီတစ်သက် ဘယ်တော့မှ မလေးကို ပြန်မသွားတော့ဘူးဟု မလေး...
- မြန်မာလုပ်သား ၂၀ ဦးနှင့် ဒုက္ခသည် ၆၅ ဦး မြန်မာပြည်သ...
- “ ဒကာမကြီးဒေါ်ရွှေဇီးကွက်သို့..အိပ်ဖွင့်ပေးစာ ”
- ဟောဒီမှာလာပြန်ပြီတစ်ခု-မသိသကျော်သွား သိသူဖေါ်စား ရ...
- ကြာဇံဟင်းခါးနှင့် ရှောက်သီးသုတ်လုပ်စားမယ်-သို့ -စီ...
- ဒီတစ်ခါသူဘာပြောလည်းနားဆင်ကြည့် ပါ- ဒေါ်အောင်ဆန်းစြု...
- မြန်မာပြည်ကျေးလက်တောရွာမှမိဘများတစ်ချို့ မိမိရင်ေ...
- ဘယ်လ်ဂျီယမ်နိုင်ငံမှကလေးအမေ ကလေး ( ၁၁ နှစ်သမီး အရွ...
- ဒီနေ့ ၂၃-၆-၂၀၁၃ အင်ဒိုနီးရှားတောမီးလောင်မှမီးခိုးေ...
- ထူးထူးခြားခြားထောင်ကို ခြင်ထောင် မှတ်သူတဲ့ လူသား
- သတင်းတွေဖတ်ရတာများလာတော့ ပျင်းမှာစိုးလို့ -ကိုကိုတ...
- ကမ္ဘာပေါ် တ၀ှမ်းမှ အင်တာနက် မရရှိသည့် ၅ ဘီလီယံကျော် ...
- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားသော မူးယစ...
- ထူးခြားဆန်းပြားမြန်မာပြည်မှအရပ်ရှည်သောလူသား
- ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါ (တိုက်ရိုက် ဘာသာ...
- ၂၉ ထပ်တိုက်ဆောက်ဖို့ ပန်းခြံကို သိမ်းပြီ
- တိုင်းမ်းမဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါး ရေးသားချက် ဆ...
- ကရင်ပြည်နယ်ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းမှ ထွက်သော...
- ခန့်မှန်း ပျူခတ်လက်ရာ ရွေ ၁၆ကျပ်သား လက်ကောက်တွေ့ရှိ
- လှချင်၍ ဆံပင်ဆေးဆိုးရာမှ မျက်လုံးကွယ်၍ မျက်နှာအလှပ...
- လူသားခြင်းမစာနာနိပ်စက်တဲ့ ---သွားလေအုန်းတော့ မမေဇွ...
- မလေးရှားရှိ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေ...
- သူလေးလည်း အနုပညာနဲ့ အိမ်ထောင်ရေး လဲလှယ်ပြီ
- လက်ထိပ်တန်းလန်းနှင့် အမျိုးသမီးအလောင်း ငဝန်မြစ်အတွ...
- ကျည်ဆန်ခွံများဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတေ...
- မလေးရှားရှိ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေ...
- မလေးရှားနိုင်ငံ၌ စာချုပ်ဖြင့် လုပ်ကိုင်နေရသော မြန်...
- မလေး၌ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသူကိုထွန်းမော်သိန်း...
- မလေးရှားကိုနောက်ထပ်မြန်မာအလုပ်သမားပို့ ရန်မြန်မာပြ...
- မြန်မာနှိုင်ငံရဲ့ တချို့ ဥပဒေမဲ့ရက်စက်ယုတ်မာမှူ့...
- UWSA “ ၀” အဖွဲ့မှ မြေထိုးစက်ဖြင့် ရှမ်းတိုင်းရင်းသ...
- သရုပ်ဆောင် မေဇွန်ကို လူသတ်မှုဖြင့် ထောင်ဒဏ် ၉နှစ်ကေ...
- မြန်မာ အလုပ်သမားများ ဌာနေပြန်ခွင့်အတွက် လာဘ်ယူမှုတွ...
- မလေးရှားနိုင်ငံနှင့်  မြန်မာနိုင်ငံ ပျံသန်းမှု့ လေေ...
- မလေးရှားမှမြန်မာပြည်သို့ ပြန်လိုသူများအတွက်သတင်းတိ...
- ရှာဖွေရန်လွယ်ကူပြီးစားလို့ လည်းရဆေးဘက်လည်းဝင်လူတို...
- မြန်မာနိုင်ငံသား ၁ဝဝ ကျော် ထိုင်းနယ်စပ်မှာ အဖမ်းခံရ
- မလေးရှားကန့် ထဲကိုအိုဗာစတေးနဲ့ အဖမ်းခံရောက်နေရတဲ့ ...
- တောင်ကြီးမှ ပထမတန်းကျောင်းသူ ၀ါယာကြိုးဖြင့်အရိုက်ခ...
- မလေး ရှား ရှိ တရား မဝင်မြန်မာ လုပ်သား အား လုံး တရာ...
-
▼
June
(247)
No comments:
Post a Comment