သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 9 June 2013

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ နတလ စံပြကျေးရွာသားတစ်ဦး ဖါးရိုက်ထွက်ရာမှ ယမန်နေ့က ဓါးထိုး ခံရသည်ဟု သတင်း

( နိရဉ္စရာ- ၉ ဇွန်လ ၂၀၁၃)လုံခြုံရေး ယူနေသော နစကများကို နယ်စပ်တွင် တွေ့ရစဉ်။  
                                                 လုံခြုံရေး ယူနေသော နစကများကို နယ်စပ်တွင် တွေ့ရစဉ်။

ဓါးထိုခံရသူမှာ မောင်တောမြို့နယ် ခရေမြိုင် နတလ စံပြကျေးရွာမှ  အဖ ဦးရွှေလုံး၊ အမိ ဒေါ်ခင်မြတို့၏သား ဗမာ လူမျိုး ဦးအောင်သန်း ဖြစ်ကြောင်းသိရသည်။
အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ဒေသခံ ကျေးရွာသား တစ်ဦးက ယခုလို ပြောပြသည်။


“ ကိုအောင်သန်း အပါအ၀င် ရွာသား  ၉ ဦးက ညနေ ၈ နာရီခန့်မှာ ရွာသချိုင်းအနီးက လယ်ကွင်းတွေမှာ ဖါးရိုက်ထွက်ကြပါတယ်။ အဲသလို ဖါးရိုက်နေတဲ့  အချိန်မှာ အဲဒီ သချိုင်းကုန်း အောက်မှာ တည်ရှိတဲ့ ဘင်္ဂါလီရွာက ရွာသား ၂၀၀ ခန့်ထွက်လိုက်လာပါတယ်။ အဲဒါနဲ့ ဖါးရိုက်တဲ့ ရွာသားတွေက ပြန်ပြေးတော့ ကိုအောင်သန်း လမ်းမှားပြီး တစ်ယောက်တည်း လမ်းကွဲသွားတယ်။အဲဒီမှာ သူတို့ဆီမှာ ဓါးထိုးခံလိုက်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ကိုအောင်သန်းမှာ ဓါးဒဏ်ရာဖြင့် ညနေ ၁၀ နာရီခန့်တွင် ရွာသို့ ပြန်ရောက်ရှိလာခဲ့ပြီး ရွာရှိ ကျန်းမာရေးဆေးခန်းတွင် ကုသနေသည်ဟု ပြောသည်။
“ ဒဏ်ရာကတော့ သိပ်မပြင်းဘူး။ ဆေးခန်းမှာဘဲ ကုသနေတယ်။ ရောက်တာနဲ့ သက်ဆိုင်ရာကို အမူဖွင့် တိုင်ကြားထားပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ဖြစ်ပွားခဲ့မူကို အပြင်သို့ သတင်း မပေါက်ကြားရန် ရွာသားများကို အာဏာပိုင်များက ပြောကြားထားသည်ဟု သိရသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်