သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 10 June 2013

NAY MYO ZIN-ယနေ့ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများ သတ်ဖြတ် ခံနေရသော ဥပဒေမဲ့ အကြမ်းဖက် ဖြစ်စဉ်များ


June 10, 2013
ယနေ့ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများ သတ်ဖြတ် ခံနေရသော ဥပဒေမဲ့ အကြမ်းဖက် ဖြစ်စဉ်များ အမြန်ဆုံး အဆုံးသတ် ငြိမ်းချမ်းသွားစေရန် နှင့် အကြမ်းဖက် သတ်ဖြတ်မှု ကျူးလွန်သူများအား ဖေါ်ထုတ် အရေးယူပေးပါရန်
 
 မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် မှ မြန်မာ နိုင်ငံသားများက မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မလေးရှားနိုင်ငံ အစိုးရ လုံခြုံရေး တာဝန်ရှိသူများ နှင့် မလေးရှား နိုင်ငံရောက် မြန်မာသံရုံး တာဝန်ရှိသူများ အားလုံးအား အလေးအနက် တောင်းဆို တိုက်တွန်းအပ်ပါသည်။ မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်
by:Nay Myo Zin
မလေးရှား နိုင်ငံရှိ မိမိတို့ မြန်မာ လုပ်သားများ အသက်ဘေး မလုံခြုံခြင်း၊ အကြမ်းဖမ်း သတ်ဖြတ် ခံနေရခြင်းများ အတွက် မိမိတို့ မြန်မာ နိုင်ငံသားများက အထူးပင် စိတ် ကြေကွဲ ခံစားမိကြောင်း။ ထို့ အတွက် …………
မလေးရှား နိုင်ငံ ရှိ မြန်မာ သံရုံး အနေဖြင့် မိမိတို့ နိုင်ငံသားများ ဘေးကင်း လုံခြုံရေး အတွက် သံတမန်နည်းလမ်း၊ သံတမန် လုပ်ပိုင်ခွင့် အပြည့်အ၀ အသုံးပြုပြီး ကာကွယ်စောင့်ရှောက် ကူညီပေးစေလိုပါကြောင်း။
မလေးရှား နိုင်ငံတွင် ယခုကဲ့သို့ ဘာသာရေး ၊ လူမျိုးရေး အခြေပြုသော ကလဲ့စားချေ သတ်ဖြတ်မှုများ ပေါ်ထွက်လာရခြင်း အကျိုးဆက်ဧ။် ရင်းမြစ်များကို မြန်မာ အစိုးရ အနေဖြင့် ထိရောက်စွာ စောစီးစွာ ကာကွယ်တားဆီး ထိန်းသိမ်း ကြပ်မတ်ရန် အားနည်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ အထူးစိုးထိတ်ပူပန်ဖွယ်ရာ လူမျိုးရေး ကလဲ့စားချေ သတ်ဖြတ်မှုများဖြစ်ပွားလာသည်ဟု ယူဆ သုံးသပ်မိပါသည်။
မြန်မာ ပြည်တွင်း နေရာ အတော်များများတွင် ဖြစ်ပွားခဲ့သော ဘာသာရေး လူမျိုးရေး အခြေပြု လှုံ့ဆော်ပတ်သက်ခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှု အဓိကရုဏ်းများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားဖန်တီးစေခဲ့သော လက်သည် တရားခံများ ကို တိကျမှန်ကန် ထိရောက်စွာ အရေးယူမှု အားနည်းခဲ့ခြင်း။ ၊ သာမန် ခိုက်ရန်ဖြစ်ပွားမှုမျှကိုပင် အင်မတန်ကြီးမားသော လူစုလူဝေးဖြင့် အကြမ်းဖက် ဖျက်ဆီး မီးရှို့ခြင်း၊ ဘာသာရေး အစွန်းရောက် သဏ္ဍာန်ဆောင်သော ရန်မူခြင်းများဖြစ်ပေါ်လာသည် အထိ၊ အကြမ်းကြုတ်ဆုံး လူမဆန်စွာ သတ်ဖြတ် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည် အထိ အုပ်ချုပ်မှု ယိုင်နဲ့ ယိုယွင်း အားနည်း ပျက်ကွက်ခဲ့သော သက်ဆိုင်ရာ တာဝန်ရှိသူများကို ထိရောက်စွာ ဖေါ်ထုတ် အရေးယူမှု အားနည်းခဲ့ခြင်း။
ထို့ အပြင် မလေးရှား အစိုးရ နှင့် မလေးရှား နိုင်ငံတွင်းမှ လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ နည်းပညာများ ကမ္ဘာ့ အဆင့်မှီ ခေတ်မှီဖွံ့ဖြိုးတိုးတက်နေသော်လည်း မလေးရှား နိုင်ငံတွင်းသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိ အလုပ်လုပ်ကိုင်နေထိုင်သော မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံသား မြန်မာလူမျိုးများ အစုလိုက် ယခုလို အသတ်ဖြတ်ခံနေရသည်ကို ဖေါ်ထုတ် အရေးယူ ကာကွယ်ပေးခြင်း မပြုနိုင်သည်မှာ ဘာသာရေးကို အခြေခံသော ဘက်လိုက်မှုများ ရှိနေနိုင်သည်ဟု မြန်မာပြည်သူများက ထင်မြင် ယူဆဖွယ် ဖြစ်နေပေသည်။
ထို့ကြောင့် ယခု နောက်ဆုံးဖြစ်ပေါ်ခဲ့ပြီးသည့် သတ်ဖြတ်မှုများ အထိ ဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများကို မလေးရှား အစိုးရ နှင့် မလေးရှား နိုင်ငံရှိ မြန်မာသံရုံး တာဝန်ရှိသူတို့ ပူးပေါင်း ပြီး ထိရောက်စွာ ဖေါ်ထုတ် အရေးယူဆောင်ရွက်ပေးရန်နှင့် မိမိတို့ နိုင်ငံသားများဧ။် အသက်၊ စည်းစိမ်ကို ဥပဒေများ၊ လုံခြုံရေး အစီအမံများဖြင့် အရေးပေါ် ကာကွယ် စောင့်ရှောက်ပေးပါရန် အလေးအနက် တောင်းဆိုလိုက်ပါသည်။
အကယ်၍ ဥပဒေပါ ပြဌာန်းချက်များ အတိုင်း မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံသားများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်မှု မပြုလုပ်ပဲ၊ သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေပါက မိမိတို့ မြန်မာပြည်သူများ အနေဖြင့် အမျိုးသား ကာကွယ်စောင့်ရှောက်ရေး မျိုးချစ်စိတ်ကို အခြေခံပြီး မြန်မာပြည်တွင်းမှ မလေးရှား အစိုးရ ဧ။် တာဝန်မဲ့ မှု၊ တာဝန် ပျက်ကွက်မှုကို ဖေါ်ထုတ် အရေးဆို ရှုတ်ချပွဲများ ကျင်းပခြင်း၊ မလေးရှား နိုင်ငံထုတ် အသုံးအဆောင် ပစ္စည်းများကို မသုံးစွဲ မ၀ယ်ယူပဲ ရှောင်ကြဉ်ခြင်းဖြင့် သပိတ်မှောက်ရန် လှုံ့ဆော်ခြင်း၊ မလေးရှား နိုင်ငံသို့ မည်သည့် အကြောင်းဖြင့်မှ သွားရောက်ခြင်း မပြုရန် သပိတ်မှောက်ကြရန် လှုံ့ဆော်ခြင်းများကို မြန်မာ ပြည်တွင်း လူမှု ကွန်ယက်များ စုပေါင်းပြီး လုပ်ဆောင်သွားရန် စီစဉ်မည်ဖြစ်ပါသည်။
ယနေ့ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများ သတ်ဖြတ် ခံနေရသော ဥပဒေမဲ့ အကြမ်းဖက် ဖြစ်စဉ်များ အမြန်ဆုံး အဆုံးသတ် ငြိမ်းချမ်းသွားစေရန် နှင့် အကြမ်းဖက် သတ်ဖြတ်မှု ကျူးလွန်သူများအား ဖေါ်ထုတ် အရေးယူပေးပါရန် မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် မှ မြန်မာ နိုင်ငံသားများက မြန်မာနိုင်ငံ အစိုးရ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မလေးရှားနိုင်ငံ အစိုးရ လုံခြုံရေး တာဝန်ရှိသူများ နှင့် မလေးရှား နိုင်ငံရောက် မြန်မာသံရုံး တာဝန်ရှိသူများ အားလုံးအား အလေးအနက် တောင်းဆို တိုက်တွန်းအပ်ပါသည်။
မြန်မာ့လူမှု ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်
by:Nay Myo Zin
 https://democracyforburma.wordpress.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်