ပြီးခဲ့တဲ့11နာရီက မလေးရှား ကွာလာလမ်ပူမြို့လယ် မြန်မာဆိုင်တန်းများနေရာကို
အထူးဖမ်းဆီးရေး အဖွဲ့လိုက် ဖမ်းသွားပြီး ယခု မြန်မာများ နေထိုင်ရာ
နေရာများတွင် ပိုက်စိမ်တိုက် ဖမ်းဆီးရေးအဖွဲ့များ စတင်ဖမ်းဆီနေကြောင်း
မလေးရှားရာက် မြန်မာများအဖွဲ့မှ သတင်းရရှိပါသည် ။
ပထမဦးဆုံး မလေးရှား ကွာလာလမ်ပူတွင် ဖမ်းဆီးမှု့ အကြီးစား အြ
ပီ ယခု ဆလာရန်းဈေး အားစတင်ဝိုင်းထားပြီဖြစ်ပါသည် ။
ယနေ့ဖမ်းဆီးမှု့များအားလုံးသည် မြန်မာနိုင်ငံသားများကြားဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုင်ခိုက်မှု့များအပေါ် ထိန်းချုပ်ကိုင်တွယ်နိုင်ရန် အတွက်နှင့် နိုင်ငံတကာမှ ဖိအားများဖြစ်မလာခင် မလေးရှား အာဏာပိုင်များစတင် အရေးယူနေသည်ဟု ယူဆရပါသည် ။
ယနေ့ဖမ်းဆီးမှု့များတွင် ကွက်ကြား ဖမ်းဆီးမှု့မဟုတ်တော့ပဲ ပိုက်စိပ်တိုက်ဖမ်းဆီးနေသည်ဖြစ်ပါသည် ။
လက်ရှိ သတင်းတင်ဆက်နေသည့်အချိန်တွင်ပင်
ဆလာရန်း ဈေးတစ်ဝိုက် ဈေးအောက်ပိုင်းအားလုံး ၊ လူနေအိမ်ခန်းများ
အောက်ထပ်အားလုံးကို ဝိုင်းထားပြီးဖြစ်ကြောင်း မလေးရှားရောက် မြန်မာမှ
သတင်းပေးပို့နေပါတယ်ခင်ဗျာ ။
ယခု Ampang , Cheras , Kuala Lumpur ,
Selayang ဒေသများတွင် တပြိုင်နက် အော်ပရာစီ ဝင်လျှက်ရှိပါကြောင်းကို
မလေးရှားရောက် မြန်မာများသိရှိရန် အချိန်မှီ သတင်းရေးသားရပါသည် ။
Source- မလေးရှားရောက် မြန်မာများ ၊
No comments:
Post a Comment