သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday 7 June 2013

ကမ္ဘာ့ ပထမဦးဆုံး Three-in-one Tablet Computer တီထွင် ထုတ်လုပ်လိုက်သည့် Asus


 
ထိုင်ဝမ် ကွန်ပျူတာ ထုတ်လုပ်သူ Asus Company မှ Tablet ၊ Laptop နှင့် Desktop Computer နည်းပညာ သုံးမျိုး ပေါင်းစပ်ထားသည့်
ကမ္ဘာ့ ပထမဦးဆုံးသော Three-in-One Tablet အမျိုးအစားအား  ပထမဦးဆုံး အကြိမ် စမ်းသပ် ထုတ်လုပ်ခဲ့ပြီး  တိုင်ပေ ကွန်ပျူတာနှင့် အိုင်တီ နည်းပညာ ပြပွဲတွင် စတင် မိတ်ဆက် ပြသခဲ့ကြောင်း သိရှိရသည်။


Intel’s new fourth generation processors ဖြင့် အခြေတည်ကာ Window စနစ်နှင့် Android စနစ်တို့ဖြင့် တီထွင်ထားသည့် အဆိုပါ  Three-in-One Tablet သည် ၁၁.၆ လက်မ Screen Keypad များ ထည့်သွင်း ပေး ထားသော်လည်း Touch စနစ်ဖြင့်လည်း အသုံးပြုနိုင်သည်။ Laptop ကဲ့သို့ နေရာအနှံ့ လွယ်ကူစွာ ယူဆောင် သွားနိုင်သကဲ့သို့ Desktop ကဲ့သို့လည်း အထိုင်ချကာ အသုံးပြုနိုင်သည်။ အဆိုပါ Three-in-One Tablet များအတွက် ဈေးနှုန်းများ အနေဖြင့် အနည်းဆုံး စင်ကာပူဒေါ်လာ ၁၃၄၅ သတ်မှတ်ထားပြီး ဈေးကွက်အတွင်း မကြာမီ ဖြန့်ချိနိုင်ရန်လည်း  စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
MR tv4

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်