ဘိန်းဘုရင် လောစစ်ဟန် (Godfather of Heroin) ကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ ကနေ ၁၉၇၃ ခုနှစ်မှာ ဖမ်းဆီးမိခဲ့ပြီး မြန်မာအာဏာရှင်တွေ လက်ထဲကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ မြန်မာအာဏာရှင်တွေက ဘိန်းဘုရင် လောစစ်ဟန်ကို သေဒဏ်အမိန့် ချမှတ်ခဲ့ပေမယ့် ၁၉၈၀ ခုနှစ်မှာ အကျဉ်းထောင်ကနေ လွှတ်ပေးခဲ့ပါတယ်။ ဘိန်းဘုရင် လောစစ်ဟန်ဟာ ၁၉၉၂ ခုနှစ်မှာ သူရဲ့ သားဖြစ်သူ စတီဖန်လော (Stephen Law) နဲ့  Asia World ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။
မြန်မာအာဏာရှင်တွေဟာ ဘိန်းဘုရင် ခွန်ဆာ ဘိန်းဘုရင် လောစစ်ဟန်တို့ ကို နိုင်ငံတကာက မူးယစ်ဆေးဝါးအမှုတွေနဲ့  အလိုရှိနေတာတောင် အပ်နှံလွဲပြောင်းခြင်း မရှိဘဲ၊ တရားဝင်လက်ခံထားပြီး အယောင်ပြ ပြစ်ဒဏ်တွေချမှတ်ပြခဲ့ပေမယ်
မြန်မာအာဏာရှင်တွေရဲ့  ဘယ်သူသေသေ ၄င်းတို့ အကျိုးစီးပွားအတွက်သာ ရှေ့ တန်းတင်ကာ ဘိန်းဘုရင်တွေနဲ့  ဆက်ဆံရေးကိုသာ အလေးပေးပြီး၊ မြန်မာရဲ့  အနာဂတ်လူငယ်တွေကြား မူးယစ်ဆေးဝါးတွေ ပျံ့ နှံ့ ရောက်ရှိမှာကို အလျဉ်းဂရုစိုက်ခြင်း မရှိခဲ့ပါဖူး။
မြန်မာအာဏာရှင်တွေနဲ့  ဘိန်းဘုရင်တွေ ပုလင်းတူ ဗူးဆို့  ပေါင်းဖက်ခြင်းကြောင့် မြန်မာနိုင်ငံရဲ့  အနာဂတ်ကြယ်ပွင့်လေးများ မူးယစ်ဆေးဝါးနဲ့  ပျက်ဆီးမှုတွေ များပြားစွာ ရှိနေတာမို့  အမျိုးသားအရေး ထိခိုက်လျှက်ရှိတာ ကြာပါပြီ။ ဘိန်းဘုရင် လောစစ်ဟန် သေဆုံးသွားပေမယ့် သူ့ ရဲ့  နောက်ဆက်တွဲ ကွင်းဆက်တွေနဲ့  မြန်မာအာဏာရှင်တွေကတော့ ဆက်လက် အသက်ဝင်လှုပ်ရှားနေဆဲပါဘဲ။
Online News-
No comments:
Post a Comment