ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှု ဆရာတော်နှင့်ကိုယ်တွေ့ အင်တာဗျူး
အိန္ဒိယ ဗုဒ္ဓဂယာမှာ ပညာသင်ယူနေတဲ့ အရှင်သီလဝံသကို စစ်ကိုင်းသီတဂူ ဒေါက်တာ
အရှင်ကုမာရမှ သတင်းမေးပါသည်။ သတင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Uku: အရှင်ဘုရား အခု ဂယာမှာလား၊ အခြေအနေ အတော်တင်းမာနေသလား
Silavamsa: တင်ပါ၊ ဗုံးပေါက်တဲ့အချိန်မှာ တပည့်တော် လည်းဘုရားထဲမှာ တရားထိုင်နေတာဘုရားကံကောင်း
နေတာ၊ လောလောဆယ်တော့ အစောင့်အရှောက်ထူထပ်စွာ ချထားတာပဲ။
Uku: တော်သေးတာပေါ့ဘုရား၊ ဘယ်သူတွေ ခွဲတယ်ဆိုတာ သိရပီလားဘုရား
Silavamsa: အဲဒါလည်းပြောရခက်တယ်ဘုရား အခုရက်ပိုင်းနိုင်ငံရေးပါတီ
ပါတီကြီးနှစ်ခု အကွဲအပြဲဇာတ်လမ်းကလည်း ရှိနေတယ်။
Uku: အကြမ်းဖက်သမားတွေနဲ့ အတွင်းဘုန်းကြီးတစ်ပါး ပေါင်းပြီး ခွဲတယ်လို့ အိန္ဒိယသတင်းတွေက လွှင့်နေတယ်။
Silavamsa: လွန်ခဲ့တဲ့ ၆ လလောက်က ဇာတ်လမ်းအစကတော့ ဘုံဘေ ဒေလီ ဗုံးခွဲတဲ့ အကြမ်းဖက်သမားတွေ ကလည်း ဘုရားကိုလည်းဗုံးခွဲဘို့ ပြစ်မှတ်ရှိတယ် လို့ပြောထားတာလည်းရှိတယ်၊ ပြောရတော့ခက်တယ်၊ တပည့်တော်တို့
ယူဆကြည့်တာတော့ နိုင်ငံရေးပါတယ်လို့ ယူဆတယ်ဘုရား။
Uku: အင်း၊ အများကြီး ဖြစ်နိုင်တယ်၊ အခု လာလူး အော်နေပီ၊ နီတိရှ် ညံ့လို့ ဒီလို ဖြစ်တယ်ဆိုတာ။
Silavamsa: လောလောဆယ် နီတစ်ပါတီ နဲ့ ဘီဂျေပီ တို့ ကွဲကြပြဲကြတယ်? အဲဒါတင်လားဆိုတော့ မဟုတ်သေးဘူး အခုဗုံးကွဲတဲ့နေရာတွေကို ကြည့်ရင် ကွဲတဲ့ဗုံးကလည်း သိပ်အပြင်းစာမဟုတ်ဘူး သိက္ခာချရုံလောက်ပဲလို့ ပြောလို့ရတယ်။
Uku: ဟုတ်တယ်
Silavamsa: အပြင်းစားဆိုရင် တပည့်တော်လည်း မလွတ်လောက်ဘူး
Uku: ဘုရားတော့ မပျက်ဘူး။ တင်ခုံလေးတွေလောက်ဘဲ ပျက်တာနော်
Silavamsa: တပည့်တော်နဲ့ ၁၅ ကိုက်လောက်ပဲကွာတယ်
နောက်ပြီ ကမ်မာပါတ် တိဗက်ကျောင်းမှာ သုံးလုံးခွဲတယ်။
Uku: အရှင်ဘုရားနဲ့ အတော်နီးနေပီ၊ အဲဒါကရော ဘုန်းကြီး ဘယ်နှစ်ပါး သေသလဲ၊
Silavamsa: ဒလိုင်းလားမားနဲ့ နီတစ်က အရမ်းရင်းနီးတယ်၊ အဲဒီမှာတော့ မီးဖိုဆောင်နောက်ဖေးကွဲတာဆု
Uku: လူ မထိအောင် ခွဲတဲ့သဘောလဲ ပါမယ်
Silavamsa: ဂျပန်ဘုရားမှာလည်း နောက်မှာကွဲတယ် အပေါ်ကဟာ မကွဲဘူး
Uku: လုံခြုံရေး အတော်ညံ့တယ်လို့လဲ ပြောချင်ပုံရတယ်
Silavamsa: ပြီးတော့ နံက် ၅း ၃၀ ၀န်းကျင်ဆိုတော့ လူသိပ်မလာသေးဘူး၊
Uku: ဘုရားဖူးရာသီဆိုယင်တော့ မချောင်ဘူး၅ ခွဲဆိုတော့ ဝေလီဝေလင်းဘဲ
Silavamsa: ဆီမီးထွန်းတဲ့နေရာဆိုတာကလည်
Uku: အော်၊ ဘုရား အပြင်ဘက်လား၊ တိဘက်တွေကို ရည်ရွယ်တာလား၊
Silavamsa: အဲဒီအချိန်ဆိုရင်တော့ မချောင်ဘူးဘုန်းကြီး၊ သေလိုက်မှာ သောက်သောက်လဲ၊ တိဘက်တွေက နီတစ်နဲ့ရင်းနှီးကြတော့ ကြည့်မရဘူးထင်ပါတယ်၊
Uku: အခု မြန်မာဦးဇင်းက ဒီနှစ်မှ အသစ်ရောက်လာတာလား
Silavamsa:တင်ပါး။
Uku: အော်၊ သွားသတိ စားသတိဘုရား။ အခုတလော မြန်မာရဟန်းတော်တွေက နိုင်ငံတကာသတင်းတွေမှာ ဟော့ နေတာ။
Silavamsa: အသံကတော်တော်လေးကျယ်တယ် လန့်ပြီးမျက်လုံးဖွင့်ကြည့်
Uku: ပြောပြပါအုံး ဖြစ်ပျက်ပုံလေး
Silavamsa: ကိုယ်ပြေးတဲ့ဘက်က ကွဲတာဆိုတော့ ရှေ့သွားရမလားေ
နောက်ဆုတ်ရမလားပေါ့အဲဒါနဲ့မ
Uku: နောက်ဘက်က ဆိုတာ ဘယ်နေရာလဲဘုရား၊ ခန့်မှန်းခြေပေါ့
Silavamsa: ဘုရားဆီမီးထွန်းတဲ့ဘက် ကပေါ့
Uku: ဒါဆိုယင် ဘုရားဝင်းထဲမှာကို ၅ လုံး ပေါက်တာပေါ့
Silavamsa: မုဉ္စလိန္ဒာအိုင်ရဲ့ အနောက်ဖက် ဗလီနဲ့မျက်နှာချင်းဆိုင်မှာ
Uku: အော် သိပြီ၊ တိဘက်တွေ မီးထွန်းတဲ့နေရာ
Silavamsa: ညောင်ပင်အောက်တစ်လုံး၊ တင်ပါး။ ရတနာဃရမှာ ဒုတိယ၊ တတိယ အနိမိဿ၊စတုတ္ထ ဆီမီးထွန်းတဲ့နေရာ၊
Uku: အရှင်ဘုရား ထိုင်တဲ့နေရာက အဲဒီ ဗုံးလေးလုံးရဲ့ အလယ်ခေါင်မှာ ဖြစ်နေတော့တာပေါ့
Silavamsa: တင်ပါး
Uku: ဒါဆိုယင် သတ္တဋ္ဌာန ၇ နေရာမှာ ၃ နေရာ အတိုက်အခိုက် ခံရတာပေါ့
Silavamsa: တင်ပါ၊ တပည့်တော်က တရားထိုင်တာများတာဆိုတော့ လူရှုပ်တဲ့နေရာသိပ်မထိုင်ဘူး
ဂျပန်ဘုရားက အလုံးပေါက်တယ်၊ ကမ်မာပါတ်ကျောင်းက အလုံးတွေပေါက်တယ်
ဘုရား။ အားလုံးရှစ်လုံး။
Uku: အတော် လန့်စရာပေါ့ဘုရား
Silavamsa: တပည့်တော် အခုချိန်ထိ စဉ်းစားရင်း ရင်တွေတုန်နေတုန်းပဲ၊
Uku: ဟုတ်တာပေါ့ဘုရား။ အရှင်ဘုရား ကွဲနေတဲ့ဗုံးတွေ ကြားထဲ ရောက်နေတာကိုး။ နှလုံးရောဂါ အခံသာ ရှိယင် မလွဲဘူး၊
Silavamsa: ဂျပန်ဘုရားပေါ်က အလုံးကတော့ မကွဲသေးဘူး၊ တင်ပါ
တပည့်တော် ဘုရားပတ်တော့ အဲဒီဥူးဇင်းလေး ထိုင်နေတာတွေ့တယ်ဘုရား
Uku: ဒဏ်ရာရတဲ့ ဦးဇင်းလေးနော်
Silavamsa: သူက ဗုံးနဲ့ အနီးဆုံးနေရာမှာ၊ တင်ပါး၊ ထောင်တာက ပန်းတင်စားပွဲခုံအောက်ဆိုတေ
Uku: ဓာတ်ပုံတွေတော့ တွေ့ရတယ်၊ မှန်ပါ
Silavamsa: မျက်နှာတော့ ပြန်ကောင်းဖို့မလွယ်ဘူးလို့
Uku: မျက်နှာက ဘယ်လို ဖြစ်သွားတာလဲ၊ အပေါက် ပေါက်တွေ ဖြစ်သွားတာလား၊ အဲဒီသတင်း မကြားရသေးဘူး။
Silavamsa: အသားစတွေ မှန်တယ် ဗုံးစတွေမှန်ထားတော့ အပေါက်လဲဖြစ်၊ အစတွေလည်း ခွဲထုတ်ရမယ်လေ၊
Uku: ဟာ ဟုတ်တာပေါ့
Silavamsa: အစတွေက တစ်ချို့အထဲမှာရှိနေတယ်ပြော
Uku: တပည့်တော်တို့ သီတဂူ အာယုဒါနဆေးရုံ ရှိပါတယ်။ အကူအညီ လိုတယ်ဆိုယင် ကူညီပါ့မယ်ဘုရား။ အတော်ကို ခွဲစိတ်ရမယ့် သဘောပဲ။
Silavamsa: တင်ပါ အခုလည်း ဂယာ မက်ဒီကယ်ကောလိပ်ဆေးရုံက အစစ အရာရာ အကုန်လုပ်ပေးတယ်ပြောပါတယ်ဘု
Uku: မှန်ပါ၊ နောက်တစ်ချိန်ပေါ့ဘုရား။
Silavamsa: တင်ပါ့
Uku: အခုတော့ အဲဒီမှာ အကောင်းဆုံးပါ၊ လက်ပံတောင်းတောင်က ဘုန်းကြီးတွေ အခုထိ သီတဂူဆေးရုံမှာ ရှိသေးတယ်။
Silavamsa: မျက်စိ မထိတာကံအကောင်းဆုံးပဲဘုရား၊
Uku: ဟုတ်တာပေါ့၊ အဆိုးထဲက အကောင်ပေါ့ဘုရား၊ မျက်စိ မထိတာ
Silavamsa: တင်ပါး
Uku: နှုတ်ခမ်းတွေ နားရွက်တွေရော ထိသလား
Silavamsa: နည်းနည်းတော့ထိတယ်
Uku: ဓာတ်ပုံအရတော့ အဲဒါတွေ မထိဘူးလို့ ထင်ရတယ်အော်
Silavamsa: နည်းနည်းပါ
Uku: သွားတွေ ဘာတွေရော ကျိုးသေးလား
Silavamsa: ထိလည်း တစလောက်ပေါ့၊ မကျိုးဘူးဘုရား။
Uku: ဝမ်းသာစရာဘဲ
Silavamsa: ဖြစ်ပြီးတော့ နည်းနည်းဝေးတဲ့ ဥုးဇင်းတွေက ထွက်ပြေးကြတယ် သူပါမလာလို့ ပြန်လာကြည့်တော့ ထိုင်လျှက်ကြီးမေ့နေတယ်လို့
Uku: အဲဒါဆို အဲဒီအချိန်မှာ ဘုရားဝင်းထဲမှာ မြန်မာဘုန်းကြီးတွေ အများကြီး ရှိနေတာပေါ့၊ဘုရားဖူးတွေရော
Silavamsa: တပည့်တော်အပါအ၀င်လေးငါးပါးေ
Uku: မှန်ပါ၊ အခုရာသီမှာ မြန်မာဘုရားဖူးတွေ ရှိသလား
Silavamsa: မရှိဘူးဘုရား
Uku: အော် တော်သေးတာပေါ့။ အရှင်ဘုရားနဲ့ တပည့်တော် chatting လုပ်တာ သတင်းအတော်ပြည့်စုံတယ်၊ မြန်မာတွေလဲ သိချင်ကြမှာဘဲ၊ Face book မှာတင်လိုက်မယ်နော်။
Silavamsa: တင်ပါ့
တင်ပါ
Uku: မှန်ပါ။
(ဖတ်ရတဲ့သူများ အဆင်ပြေအောင် အမေးကော အဖြေကော ပြောင်းလှဲခြင်း အစားထိုးခြင်း မပြုဘဲ တစ်ယောက်တည်းက ပြောတဲ့စကားတချို့ကို စာပိုဒ်ခွဲပေးတာ၊ ပေါင်းပေးတာလေး နဲနဲရှိသည်၊ အင်တာဗျူးကြတဲ့ အရှင်မြတ်နှစ်ပါးအား အပြည့်စုံဖတ်ခွင့်ရသဖြင့် ကျေးဇူးအထူးတင်ပါသည်။)
Ashin Kumara ဖေ့ဘုတ်မှ ကူးယူ ဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
No comments:
Post a Comment