သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday, 10 July 2013

၁၀-၇-၂၀၁၃ အိန္ဒိယနိုင်ငံရောက် ရေလုပ်သား (၁၂၃) ဦး ပြန်လည်ရောက်ရှိ


 ပြင်လယ်ပြင်တွင် မုန်တိုင်းမိခြင်း၊ ရေယာဉ်များ စက်ချို့ယွင်းခြင်း၊ ရေပိုင်နက် မှားယွင်း၍ တရားမ၀င် ၀င်ရောက်မိခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယသမ္မတနိုင်ငံ ရေပိုင်နက်အတွင်းသို့ ရောက်ရှိသွားပြီး


 အိန္ဒိယနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူခြင်းခံခဲ့ ရသော မြန်မာရလုပ်သား များအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ရေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသည် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဌာန ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး /ပြည်နယ်အစိုးရ အဖွဲ့များ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ပူးပေါင်း ၍ ဆောင်ရွက်ခဲ့ရာ ဇူလိုင် (၁၀) ရက်တွင် ရေလုပ်သား (၁၂၃) ဦး အမိမြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိကြသည်။
MR T.V 4

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်