Tuesday, 9 July 2013
၁၀-၇-၂၀၁၃ မလေးရှားနိုင်ငံ၌ အခက်အခဲ တွေ့နေ၍ အလှူရှင်များ၏အစီအစဉ်ဖြင့် မြန်မာ နိုင်ငံသို့ ပြန်လိုသူများကို စိစစ်ပြီး ဆက်လက်ပို့ဆောင်မည်ဟု မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ပြောကြား
မလေးရှားနိုင်ငံ၌ အခက်အခဲတွေ့နေပြီး အလှူရှင်များ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများကို စိစစ်ပြီး ဆက်လက်ပို့ဆောင်မည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဇူလိုင် ၉ ရက်တွင်
The Daily Eleven သို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြန်မာနိုင်ငံသို့ ပြန်လိုသူများကို လက်ရှိနေထိုင်နေသော မလေးရှား နိုင်ငံ၏ ဥပုသ်ကာလ နီးကပ်လာခြင်း၊ မြန်မာနိုင်ငံမှ အလှူရှင်များ၏ လှူဒါန်းမှုအပေါ် မူတည်၍ ဇူလိုင် ၁၀ ရက် နောက်ဆုံးထားပြီး ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ အမြန်ဆုံး အသိပေး ဆက်သွယ်ရန် အသိပေးချက် ကို ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သံအမတ်ကြီး ဦးတင်လတ်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"နိုင်ငံသားဖြစ်ကြောင်း အထောက်အထား (CI) နဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေးမှာ လက်ဗွေနှိပ်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ချင်တဲ့သူတွေကိုတော့ ဆက်ပြီးစီစဉ် ပေးနေပါတယ်။ ဇူလိုင် ၁၀ ရက် နောက် ဆုံးထား အကြောင်းဖို့ဆိုတာက အလှူရှင်တွေရဲ့ အစီအစဉ်နဲ့ အခမဲ့ ပြန်လိုသူတွေအတွက် ရည်ရွယ်တာပါ။ ကျန်တဲ့လူတွေကိုတော့ ဆက်ထုတ်ပေးနေပါတယ်" ဟု ဦးတင်လတ်က ပြောကြားသည်။
ဇွန်လဆန်းပိုင်းမှ ဇူလိုင်ပထမပတ် မတိုင်မီ အချိန်အထိ မလေးရှားရှိမြန်မာသံရုံးသို့ လာရောက်ပြီး နိုင်ငံသား ဖြစ်ကြောင်း အထောက်အထား လျှောက်ထားကာ မလေးရှား လူဝင်မှုကြီးကြပ်ရေး၌ လက်ဗွေနှိပ်ပြီး မြန်မာ နိုင်ငံသို့ အခမဲ့ပြန်ရန် လျှောက်ထားသူ အရေအတွက် ၂၀၀၀ကျော်ရှိကြောင်း သိရသည်။
"သီတဂူ ဆရာတော်ကြီး လှူသွားတဲ့ အလှူငွေတွေကို မလေးရှား လူဝင်မှုကြီးကြပ်ရေးမှာ လက်ဗွေနှိပ်တဲ့ အခါ တစ်ယောက်ချင်းစီအတွက်ပေးရတဲ့ရင်းဂစ် ၄၀၀ မှာ အသုံးပြုပါတယ်။ အခုချိန်မှာ အလှူရှင်တွေရဲ့ အလှူငွေနဲ့ အခမဲ့ပြန်ဖို့ စာရင်းသွင်းထားတဲ့ လူအရေအတွက်ကိုချိန်ပြီး အခမဲ့ပြန်ချင်တဲ့လူတွေ ဇူလိုင် ၁၀ ရက် နောက်ဆုံးထား ဆက်သွယ်ပေးဖို့ အသိပေးချက် ထုတ်ပြန်တာ ဖြစ်ပါတယ်" ဟု မလေးရှားရောက် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်နိုင်ရေးအတွက် ကူညီလုပ်ဆောင် ပေးနေသော အကျိုးဆောင် အဖွဲ့မှ တာဝန်ခံ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
ထို့အတူ ဧရာဝတီ ဖောင်ဒေးရှင်းမှ ကူညီထားသော လေယာဉ်လက်မှတ် ၁၀၀၀၊ သီတဂူဆရာတော်ထံမှ တစ်ဆင့် လှူဒါန်းခဲ့သော လေယာဉ်လက်မှတ် ၄၀၀ အပြင် အခြားသော အဖွဲ့အစည်း အသီးသီးမှ လှူဒါန်းခဲ့
သည့် လေယာဉ်လက်မှတ်များကို အရေအတွက် ပြည့်သည်အထိ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မလေးရှား အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ပြီး အသက်အန္တရာယ်စိုးရိမ်နေရသူများ၊ အမှန်တကယ် အခက်အခဲ တွေ့ရသူများ အပါအ၀င် မြန်မာနိုင်ငံသား ၅၀၀၀ ကျော်မှာ ပြန်လည်ရောက်
ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အနေနဲ့ စိစစ်ဖို့ လိုလာပါတယ်။ တချို့က ဒုက္ခရောက်နေတယ် ပြောတယ်။ ပြန်ချင်တယ် ပြော တယ်။ ကျွန်တော်တို့ စီစဉ်ပေးခဲ့ပါတယ်။ CI လျှောက်တယ်။ လူဝင်မှုကြီးကြပ်ရေးမှာ လက်ဗွေနှိပ်တယ်။ အဲဒီမှာကုန်တဲ့ ရင်းဂစ် ၄၀၀ ကိုလည်း လှူပေးလိုက်တယ်။ လေယာဉ်လက်မှတ် စီစဉ်ပေးတယ်။ ဒါပေမဲ့ ပြန်တဲ့ရက် ရောက်တဲ့အချိန်မှာ အကြောင်းအမျိုးမျိုးပြပြီး မပြန်ဖြစ်တော့ဘူးလို့ ပြောတဲ့လူတွေ၊ ဆက်နေ လိုက်ပြီး ကိုယ့်ဘာသာ လေယာဉ်လက်မှတ်ဝယ်ပြီး ပြန်မယ်လို့ ပြောတဲ့သူတွေ ရှိလာတဲ့အတွက် တကယ် ဒုက္ခရောက်နေတဲ့လူတွေ နစ်နာရပါတယ်" ဟု မလေးရှားရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးနေသူ ကိုသီဟမောင်မောင်က ပြောကြားသည်။
eleven media group
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1583)
-
▼
July
(179)
- ၁-၈-၂၀၁၃ မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်...
- ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ
- ထမင်းစားပြီး လူလို နားမလည်
- မြန်မာ ရေဘေး ဒုက္ခသည် သုံးသောင်း ကျော် ပြီ
- ဇေယျာသော် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဖေ့ဘွတ်တွင်ေ...
- စစ်ကိုင်းတွင် ဆေးဖက်ဝင်လောက်သေပျိုးပင်ပေါက်များ ၀ယ...
- တကိုယ်ရေ အာသာဖြေခြင်း၏ ကောင်းကျိုးများ (အမျိုးသမီး...
- ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်
- ပြန်ခြင်မလေးရှားရောက်မြန်မာများ-မြန်မာပြည်သို့  ပြ...
- ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အစိုးရယန္တရားကို အ...
- ရေဘေးသင့် ပြည်သူများအား လုံခြုံရေးဝန်ထမ်းများက ကယ်...
- ကမ်းလွန်ပင်လယ် ရေတပ် ကင်းလှည့် သင်္ဘောများ တည်ဆောက်ရ...
- ထိုင်းဘုရင်ဟောင်း၏ အရိုးအိုးအား ဖွင့်လှစ်စစ်ဆေးခဲ့...
- ရန်ကုန်မြို့၊ ယာဉ်နောက်လိုက်၏ ဦးခေါင်း၊ (၃၉) အထူး...
- နောင်ချိုမြို့အ၀င် အဝေးပြေးလမ်းမကြီးပေါ်၌ စိတ်ကြွရူ...
- ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ...
- မုန်တိုင်း ၂ခုကြားကျရောက်မည့် အခြေအနေကြောင့် မိုြး...
- ၃၁-၇-၂၀၁၃နေ့ အိမ်ထောင်မရှိသူ အမျိုးသားတွေကို ပါပူဝ...
- မြဝတီမြို့ရေဘေး အနည်းဆုံး ၆ ဦးသေ၊ ၃ ဦး ပျောက်ဆုံးနေဆဲ
- ကုန်းတွင်းအင်တာနက်ဆက်ကြောင်း ပြင်ဆင်ပြီးပါက အမြန်န...
- ကိုရီးယားစစ်ပွဲ နှစ် ၆၀ ပြည့် စစ်ရေးပြအခမ်အနား မြေ...
- ကလေးများ ပြည့်တန်ဆာများအဖြစ် အသုံးချခံရမှု FBI နှိ...
- ဖက်ယာ့ဟု ခေါ်သော အသီးအရွက်ပိုးမွှား ဦးနှောက်တွင်းဝင...
- ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ၄၉ လမ်းထောင့် တ...
- လပြည့်ဝန်းပလာဇာတွင် မီးလောင်မှုဖြစ်ပွား
- ပိုင်နက် အငြင်းပွားရေပြင်တွင် တရုတ်ကို ချိန်ခွင်လှ...
- ထိုင်းတွင် နိုင်ငံကူးလက်မှတ် မရရှိသေးသည့် မြန်မာရေ...
- ယာဉ်စီးခပိုမိုကောက်ခံနေခြင်းပြဿနာအား တာဝန်ရှိသူမျာ...
- ဦးဝီရသူအား အကြမ်းဖက်သမားဟု ဒေါ်စု ၏ နောက်လိုက်များ...
- ၃၀-၇-၂၀၁၃ ပဲခူးတိုင်းဒေသကြီးအတွင်း အူကျွံ ယောင်္ကျာ...
- အင်တာနက်ပေါ်တွင် ဟိုးလေတစ်ကျော်ကျော် ဖြစ်ခဲ့သော နည်...
- အသွင်မတူသောတိရစ္ဆာန်တွေမှာ ဖေါ်မပြနိုင်တဲ့  ချစ်ခြင်...
- မြန်မာ့ရေတပ်သင်္ဘော မောင်တောသို့ အ၀င်အထွက်အတွက် နယ်စ...
- လိင်တူချစ်သူတွေ အရှက်ခွဲခံရမှု လူ့အခွင့်အရေး ကော်မရ...
- ၂၉-၇-၂၀၁၃ စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer က...
- ၂၈-၇-၂၀၁၃ "မင်္ဂလာ အခမ်းအနားကို ဖော်ပြခြင်း"
- အာဖရိကတိုက်တွင် အမျိုးသမီး သန်း ၁၀၀ ကျော်သည် မိသား...
- မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် နယ်စပ်တွင် မြန်မာဘက...
- ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း အတွင်းရှိ သားဈေး...
- ထိုင်းနိုင်ငံတွင် စတန့်ပြကွက် ပြသနေစဉ် အတွင်း စတန်...
- တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန် ထိန်းညှိရန် အာဆီယံဒေ...
- မလေးရှား အင်မီဂရေးရှင်းမှ ထုတ်ပြန်ချက် အပြည့်အစုံ ...
- တရုတ်သို့ တင်ပို့မည့် ခွေးများအား တိရစ္ဆာန်ဆေးကု ဆရ...
- အမေရိကန်တွင်သာ ရှိသော ကိုယ်ပျောက် တိုက်လေယာဉ် (Ste...
- ၂၇-၇-၂၀၁၃ လူပြောများတဲ့ အမြန်လမ်း အကြောင်းကို လောေ...
- ၂၆-၇-၂၀၁၃ ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြေ...
- ၂၆-၇-၃၀၂၃ တေးရေး(မြသန်းစံ)ပြည်ထောင်စုရဲ့ ချစ်ခြင်...
- ၂၆-၇-၂၀၁၃ တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃...
- ၂၅-၇-၂၀၁၃ မြန်မာအလုပ်သမားများအတွက် အထူးလျှောက်ထားခ...
- ၂၅-၇-၂၀၁၃ ခင်ပွန်း ယောင်္ကျားထံ ပြန်မသွားနိုင်အောင် ...
- အသုံးမကျသောဗဟုသုတနည်းပါးသောမိဘကြောင့်  သားသမီးခမျာ...
- သံသယရှိဘွယ် ထိုင်းနိုင်ငံမှဆက်သွယ်ရေးပစ္စည်းမြန်မာဆ...
- ၂၄-၇-၂၀၁၃ စာရွက်ပေါ်မှာ ဘောင်ကြီး ကွပ်ထားတာ မြင်ရဲ့...
- ၂၄-၇-၂၀၁၃ ရန်ကုန်မြို့ ၌ အဆင့်မြင့်ဘတ်စ်ကား ပြေးဆဲ...
- ၂၄-၇-၂၀၁၃ မန္တလေးအိုဘိုထောင်မှာ ဒီနေ့ ဇူလိုင် ၂၃ရက...
- ၂၄-၇-၂၀၁၃ မလေရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မ...
- ၂၃-၇-၂၀၁၃ နိုင်ငံရေး အကျဉ်းသား ၇ဝ ကျော် လွတ်မြောက်
- ၂၃-၇-၂၀၁၃ မန္တလေးမြို့ ဆရာတော်ဦးဝီရသူ တရားပွဲတွင် ...
- ၂၃-၇-၂၀၁၃ ဘုရားငါးများ မပေါ်ခဲ့သော်လည်း ကျောင်းတော်...
- ၂၂-၇-၂၀၁၃ ဘာသော့ မှမလိုပဲ ဘောလ်ပင်တစ်ချောင်းထဲနှင်...
- ၂၂-၇-၂၀၁၃ ဘွဲ့များသခင် ဘွဲ ၁၈ ခုပိုင်ရှင်
- ၂၁-၇-၂၀၁၃ အိမ်နီးချင်း နိုင်ငံများက ရေတပ်အင်အား တ...
- ၂၁-၇-၂၀၁၃စေတီရှိအလှူခံပုံးမှန်အား ခွဲ၍ အလှူငွေခိုး...
- ၂၀-၇-၂၀၁၃ စယ်လီဗစ်တီတွေရဲ့... ဖြစ်ရပ်မှန် ဇာတ်လမ်...
- ၂၀-၇-၂၀၁၃ပေါက်တောမြို့နယ်တွင် ကျွဲ(၄)ကောင်နှင့်အတူ...
- အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီး...
- ၁၉-၇-၂၀၁၃ အာဇာနည်နေ့ အခမ်းနားမြင်ကွင်းပုံများ
- ၁၉-၇-၂၀၁၃ ၆၆ကြိမ်မြောက် ၁၉ဇူလှိုင် အာဇာနည်နေ့ အမှတ်...
- ကျုးဘား က ဒုံးလက်နက် တွေ သယ်လာတဲ့ မြောက်ကိုရီးယား ...
- ၁၆-၇-၂၀၁၃ မန္တလေးတွင် အဖမ်းခံရသည့် မိန်းမလျာများ ရဲ...
- ၁၆-၇-၂၀၁၃ မြန်မာပြည်မှာအရေးပေါ်၁၉၉ ဖုန်း မကိုင်တာ ဘ...
- ၁၆-၇-၂၀၁၃-ဆိုင်ကယ်ထိုင်ခုံအောက် ငွေထည့်တတ်သူများ သ...
- ၁၆-၇-၂၀၁၃ "မလေးရှားရောက်မြန်မာနိုင်ငံသားတွေပြန်ခေါ်...
- ၁၆-၇-၂၀၁၃ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် နိုင်...
- ၁၆-၇-၂၀၁၃ ကိုမြအေး၊ ဝေနှင်းပွင့်သုန်နဲ့ BCUK
- ၁၆-၇-၂၀၁၃ မီးခိုးငွေ့ များနျင့် အနုပညာဖန်တီးမှု့ ကြ...
- ၁၆-၇-၂၀၁၃ " ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ...
- ၁၅-၇-၂၀၁၃ ချစ်စမ်းမောင်-နိုင်ဇော်တို့ လောက်တော့ သန...
- ၁၅-၇-၂၀၁၃ ရခိုင် အနောက်ဘက် နယ်စပ် လုံခြုံရေး ပြည်ထ...
- ၁၅-၇-၂၀၁၃ ရှမ်းပြည်နယ်က လက်နက်ကိုင်တပ်ဖွဲ့ တခုက...
- ၁၅-၇-၂၀၁၃ ပေါက်ပေါက်ရှာရှာ ရွ့ံ့စေးကိုယူရေနီယမ်သတ...
- ၁၅-၇-၂၀၁၃ ဘယ်သူမှမလုပ်ရဲသောလူအများသေစေနိုင်သောအလုပ...
- ၁၅-၇-၂၀၁၃ ရယ်စာရာအတွေးစာမျက်နှာ
- ၁၅-၇-၂၀၁၃ ထူးထူးခြားခြား အိမ်ပေါ်နွားပြုတ်ကျလို့သေတ...
- ၁၄-၇-၂၀၁၃ တာဝန်ကျေပြွန်နေသောမဟာရန်ကုန် မြို့ တော်ယ...
- ၁၄-၇-၂၀၁၃ နာမည်ကျော် ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ ပြည်တ...
- ၁၄-၇-၂၀၁၃ မျိုးစောင့် ဥပဒေနှင့်ပတ်သက်၇်ျ နာမည်ကြီ...
- ၁၄-၇-၂၀၁၃ မြန်မာနိုင်ငံ အတွင်းရှိ ကျွဲ၊ နွားများ ...
- ၁၄-၇-၂၀၁၃ တေးသံရှင်အဆိုတော်(So Tay)အရေးပေါ်ကျမ္မာရေး...
- ၁၃-၇-၂၀၁၃ မြန်မာယဉ်ထိမ်းရဲ ဂမ်းနားစတိုင်လ်(သရုပ်ဆေ...
- ၁၃-၇-၂၀၁၃ ဖုန်း ဓာတ်အားသွင်း နေတုံး ဖုန်းကိုအသုံး...
- ၁၃-၇-၂၀၁၃ ရိုင်းပြတာမဟုတ်ပါဘူး လူနေမှု့ စနစ်ကျမ္မာရေ...
- ၁၃-၇-၂၀၁၃ မလေးရှားတွင်ဖွင့် သောမဟာနန်းမြန်မာဆိုင်မ...
- ၁၃-၇-၂၀၁၃ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကသခွတ်ပင်ရွာ...
- ၁၃-၇-၂၀၁၃ အဖျက်လုပ်ငန်းတွေလုပ်ဖို့ ရိုဟင်ဂျာ မွတ်စ...
- ၁၃-၇-၂၀၁၃ စိတ်ရောဂါ ခံစားနေရသူမိခင်ကသားငယ်ကိုကတ်ကေ...
- ဘွဲ့ရလူငယ်တွေ အများအပြား အလုပ်လက်မဲ့ ပြသနာ နဲ့ ကြ...
- ၁၃-၇-၂၀၁၃ တာချီလိတ် အရှေ့မြောက်ဖက်မှာ မြောက်ကိုရီ...
- ၁၃-၇-၂၀၁၃ ရန်ကုန် လုံခြုံရေး တိုးမြှင့်ချ
- ၁၃-၇-၂၀၁၃ ရုပ်ရှင်မင်းသားနေထက်လင်း စကားတစ်ခွန်း
-
▼
July
(179)
No comments:
Post a Comment