သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 11 March 2013

အလုပ်ရုံ အတွင်း ခိုတစ်ကောင် လိုက်လံ ဖမ်းဆီးစဉ် သံပေါင်တန်း ကိုင်မိရာ ဓာတ်လိုက် သေဆုံး

Written by 
ရေတာရှည်  မတ်  ၉
ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ သာဂရ စက်မှုဇုန် အလုပ်ရုံစက်ရုံ  တည်ဆောက်ရေး လုပ်ငန်းခွင်၌ မတ် ၆ ရက် နံနက် ၈ နာရီက လျှပ်စစ်ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား ခဲ့သည်။
ဖြစ်စဉ်မှာ   သာဂရ စက်မှုဇုန်  အလုပ်ရုံ  စက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ပန်းရန် လုပ်ငန်း လုပ်ကိုင်သူ ဇာနည်စော ၂၅ နှစ် (ဘ) ဦးသာမောင် အင်ဒိုင်း ရပ်ကွက်  သာဂရမြို့ နေသူသည် မတ် ၆ ရက် နံနက် ၈ နာရီက လုပ်ငန်းခွင် အလုပ်ရုံ ပေါင်ပေါ်တွင်   ခိုတစ်ကောင်


ဝင်ရောက် နားနေသည်ကို တွေ့၍ ဖမ်းဆီးရန် ကောင်းကင်က ရိန်းလှေကား ပေါ်သို့ တက်သွားပြီး   သံပေါင်တန်းအား ကိုင်လိုက်စဉ်  လျှပ်စစ်ဓာတ်လိုက်၍ သေဆုံး ခဲ့ခြင်း ဖြစ်သည်။  ယင်းဖြစ်စဉ်ကို  ၄င်းနှင့် အတူ အလုပ်လုပ်သူများ ဖြစ်ကြသော အလုပ်သမား ခေါင်းဆောင် ဦးထွန်းထွန်း ၄ဝ နှစ် (ဘ) ဦးဖြူသန်း ရှမ်းရွာ ရပ်ကွက် ဆွာမြို့နေသူနှင့် ကိုမျိုးစန်းဦး ၃၅ နှစ် (ဘ)ဦးဖြူဝင်း ပန်းရန် အလုပ်သမား ခေါင်းဆောင် ရှမ်းရွာရပ်ကွက်  ဆွာမြို့ နေသူတို့ နှစ်ဦးက မြင်တွေ့၍ သေဆုံးသူအား  ဆွာတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မျိုးစန်းဦးက သာဂရ ရဲစခန်းသို့ သွားရောက် အကြောင်းကြား သဖြင့် ဒုတိယ ရဲအုပ် လှိုင်ဝင်းက  သွားရောက် စစ်ဆေးခဲ့ရာ ၄င်းမှာ ဝဲပါး ပွန်းပဲ့ ဒဏ်ရာ၊ ယာခြေ ညှိုးပွန်းပဲ့ ဒဏ်ရာ၊ ဝဲပေါင် ပွန်းပဲ့ပြတ်ရှ  ဒဏ်ရာ၊ ဝဲ/ယာ လက်ဖဝါးများ ပြာနှမ်းပြီး သေဆုံး နေသည်ကို စစ်ဆေး တွေ့ရှိ ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား သာဂရ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁/၂ဝ၁၃) အရ   အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။  

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်