Monday, 11 March 2013
မြန်မာမျောက်နှာလန် မျိုးစိတ်အသစ် တွေ့ရှိ
ကချင်ပြည်နယ်၊ အရှေ့မြောက်ပိုင်း တောင်ပေါ်သစ်တောများ၌ ထောင်ထားသော ကင်မရာထောင်ချောက်များ၏ အကူအညီဖြင့် မြန်မာ မျောက်နှာလန် မျိုးစိတ်သစ် ကို တွေ့ရှိခဲ့ရကြောင်း BANCAအသင်း၊ မြန်မာမျောက်မျိုးစိတ် ထိန်းသိမ်းရေးစီမံချက် မန်နေဂျာ ဦးငွေလွင်က ပြောသည်။
အဆိုပါ မျောက်မျိုးစိတ်အသစ်ကို မြစ်ဆုံရေကာတာစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက် (EIA) ပြုလုပ်နေစဉ်က သတင်းရရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် BANCAအသင်းသည် FFI နှင့် PRCF တို့မှ ဇီဝဗေဒပညာရှင်များ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သော မျောက်လွှဲကျော်လေ့လာရေး စီမံချက်အတွင်း မြန် မာပြည်မြောက်ပိုင်း မေခမြစ်၏
လက်တက်တစ်ခု ဖြစ်သော မော်ချောင်းဧရိယာအတွင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မြန်မာမျောက်နှာလန် မျိုးစိတ် အသစ်ကို တွေ့ရှိရသောဧရိယာ သည် ၂၇ဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး အနိမ့်ဆုံး မီတာ ၁၆ဝဝ နှင့် အမြင့်ဆုံးမီတာ ၃ဝဝဝ ကျော် ရှိသော နေရာများတွင် နေထိုင်ကြောင်း၊ လပေါင်းများစွာ ကွင်းဆင်းလေ့လာမှုများနှင့် မုဆိုးများကို မေးမြန်းသိရှိချက်များအရ မျောက်မျိုးစိတ်အသစ်ကောင်ရေ ၂၆ဝ နှင့် ၃၃ဝ ကြားတွင်ရှိကြောင်း ဦးငွေလွင်က ပြောသည်။
”၂ဝ၁ဝ ခုနှစ်ထဲမှာ ခရီးစဉ်စီစဉ်ပြီးတော့ အဲဒီဒေသကိုသွားတယ်။ အဓိကကတော့ မျောက်လွှဲကျော်လေ့လာရေးပေါ့။ ဒါပေမဲ့ မျောက်နှာလန် သတင်းကလည်း ကြား ထားတော့ နှစ်မျိုးစလုံးကို လုပ်ဖြစ်တယ်။ ရွာပေါင်း ၃ဝ ကျော်မှာ အင်တာဗျူး လေ့လာမှုတွေ လုပ်တယ်။ ပထမဆုံး ဦးခေါင်းခွံနှစ်ခုနဲ့ အရေခွံအပိုင်းအစတစ်ခု ရတယ်။ မတ်လထဲကျမှ မုဆိုးတွေဆီက အသေကောင်ကို ရတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ထို့နောက် မှတ်တမ်းတင် ဓာတ်ပုံများကို မျောက်မျိုးစိတ် ကျွမ်းကျင်သူများထံ ပေးပို့တိုင်ပင်ခဲ့သဖြင့်၊ မြန်မာမျောက်နှာလန် မျိုးစိတ်အသစ် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာမျောက်နှာလန် မျိုးစိတ်သစ်နှင့် ပတ်သက်၍ BANCAအသင်း၊ ဥက္ကဋ္ဌဒေါက်တာ ထင်လှကလည်း ”ကျွန်တော်တို့ ဒီမျောက်မျိုးတွေ မျိုးပြုန်းမပျောက်ကွယ် အောင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အလျင်အမြန်လုပ်ဖို့လိုအပ်နေပါတယ်။ အမဲလိုက်ခြင်းတွေ၊ သစ်ထုတ်လုပ်မှုတွေကြောင့် နေထိုင်ရာဒေသ ပျောက်ဆုံးခြင်းစတဲ့ မျိုးပြုန်းစေ ရန် ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေကြတယ်”ဟု ပြောသည်။
ထို့အပြင် ၄င်းမျောက်မျိုးစိတ် အသစ်အား မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်ရန် လုပ်ငန်းများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာန၊ ဒေသအာဏာပိုင်များ၊ ပြည်သူလူထုများနှင့် ပူးပေါင်းအကောင် အထည်ဖော်ဆောင်သွားရန် BANCA နှင့်FFI တို့မှ ဆုံးဖြတ်ထားကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် မျောက်နှာလန် မျိုးစိတ်လေးမျိုးကို တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင်သာ တွေ့ရှိ ခဲ့ပြီး မျောက်နှာလန်အားလုံးမှာ ရှားပါးမျောက်မျိုးစိတ်များ စာရင်း ဝင်ဖြစ်ကြကြောင်း၊ မျောက်နှာလန်မျိုးစိတ် လေးမျိုးရှိနေရာမှ မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်၌ မျောက်နှာလန်မျိုးစိတ် အသစ်တစ်မျိုး ထပ်မံတွေ့ရှိခဲ့သဖြင့် မျောက်နှာလန် မျိုးစိတ်ပေါင်းငါးမျိုး ဖြစ်လာကြောင်း သိရသည်။
မင်းချစ်နိုင် http://popularmyanmar.com
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1583)
-
▼
March
(164)
- ပုံလေးတွေလိုသူကူးယူပါဝေမျှပေးပါတယ်
- Windows Phone တစ်လုံးနဲ့ PC ချိတ်ဆက်ပုံ
- ခရမ်းကိုသတိထားပါ
- ခွေးလှေးယားစေ့ အနှစ်ရည်က မြွေပွေးအဆိပ် ပြေနိုင်ကြေ...
- ကိုကာကိုလာကြိုက်နှစ်သက်သူများသတိပြုထားစေရှာင်ရန်
- Michael Learns To Rock အဖွဲ့ မတ်လ ၂၉ ရက်နေ့တွင် ရေ...
- မသန်စွမ်းသူများ အနုပညာပွဲတော်အတွက် သံတမန်များအဖြစ်...
- ပြုပြင်ထားသော အသားများ စားသုံးခြင်းက သက်တမ်းတိုစေေ...
- ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာအလုပ...
- ဆူပူမှုတရားခံ ၆၈ ဦး ဖမ်းမိထားဟု ပြည်ထဲရေးဝန်ကြီးဌာ...
- မေတ္တာရှင်ရွှေပြည်သာ ဆရာတော်မှ ဆောင်းပါးမှ မှတ်သားစရ...
- ရွှေတိဂုံ လင်းတတက် နိမိတ်ဖတ် ဟောကိန်းများ
- ငရဲပြည်အတွေ့အကြုံ
- တပ်မတော်နေ့မှ ဖြစ်ပေါ်လာသော အတွေးစများ
- သမ္မတပြောသည့်အတိုင်း လိုက်လုပ်ရန်လိုအပ်ကြောင်း ဘာသာ...
- ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးမှုအ...
- လုံခြုံရေးအားနည်းမှုကြောင့် အိန္ဒိယနိုင်ငံရှိ စက်ရုံ...
- မက္ကဆီကိုဂြိုဟ်တု ရုရှားလွှတ်တင်
- အုန်းသီးရဲ့ လျှို့ဝှက်ချက်
- တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်...
- သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို အမှုဖွင့်...
- ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်
- မြန်မာနိုင်တစ်နိုင်ငံလုံး သမ္မတကြီးပြောသွားသော မိန်...
- စကားပြောသောပုံကလေးများမှ..ဒီလိုပုံလေးထာဝရတည်တံ့ပါ...
- အပြာရောင်ဘလောက်ဆိုဒ်မှဒေါက်တာချက်ကြီးအထက်အမိန့်ကို...
- မိုက်ကယ်လန်းအဖွဲ့ ရန်ကုန်သို့ ရောက်ရှိ
- နိုင်ငံတော်သမ္မတကြီးမိန့် ခွန်း
- သမိုင်းတွင်တဲ့ ကမ္ဘာ့အကြီးမားဆုံး အင်တာနက် တိုက်...
- တာချီလိတ်မြို့ တပ်ရင်းမှူးပစ်သတ်သတ်ခံရမှု ယာဘအစည်း...
- ဒုက္ခသည် စခန်း ကို မီးလောင်စေတဲ့ ပစ္စည်း တွေ ရဟတ်ယာဥ...
- မတ်လ ၂၈ ရက်နေ့ နတ္တလင်းမြို့မြင်ကွင်းများ
- နတ္တလင်းမြို့နယ်တွင် မတ်လ ၂၆ ရက်နေ့ညနှင့် ၂၇ ရက်နေ့...
- အလင်းရောင်ကြယ်များ
- မြန်မာနိုင်ငံတွင်ရှိသော အမေရိကန် နိုင်ငံသားများအတွ...
- ထိုင်းအကျဉ်းသားများအား နည်းပညာသုံး လက်ကောက်ဝတ်ကရိယ...
- ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှုးကြီး ရာထူး နဲ့  ...
- ဆူပူမှုများ ဖြစ်စေရန် သွေးထိုးပေးနေသာ Freedom News ...
- ကုန်ကျငွေသိန်း၅ဝဝဝ လောက် ခန့်မှန်းထားတဲ့ ဖိုးချစ်ရ...
- ကောလာဟလများကို မယုံရန် တာဝန်ရှိသူများ ပြောကြား
- အစ္စရေးတပ် ပါလက်စတိုင်းသပိတ်စခန်းကို ဝင်ရောက် စီးနင်း
- အကြမ်းဖက်သူအရေးယူဖို့ မစ္စတာနမ်ဘီးယား တိုက်တွန်း
- မိတ္ထီလာမြို့သတင်းများ၊ ကောလဟာလများနှင့်ပတ်သတ်၍ ရှင...
- မုံရွာ - ခင်ဦး လူစီးရတား လမ်းချော်၍ တွဲများတိမ်းေ...
- သတင်းတွေဖတ်ရတာ ပျင်းလာယင် သီချင်းလေးနားထောင်ကြစို့ 
- မြန်မာ့ အားကစားကမ္ဘာကိုလျှမ်းလျှမ်းတောက်စေရမည် ကာတွန်း
- (မလေးရှားရောက် (ယာမကာ)ချစ်သော ရွှေညီအစ်များ အထူးသတိ...
- မြန်မာပြည်ကို ကျေးဇူးမပြုရင်နေပါ။ ဖင်လှန်မပြပါနဲ့ ...
- မိတ္ထီလာမြို့ ၂၄၊၃၊၂၀၁၃ နံနက် (၈း၀၀နာရီ)အခြေအနေ
- ဦးတေဇသားများနှင့် ဖိုးလပြည့်အကြောင်း
- မြန်မာပြည်မိထ္တီလာတွင်ဖြစ်ပွားခဲ့ သော အပျက်အဆီးပုံမ...
- မြန်မာပြည်မိထ္တီလာတွင်ဖြစ်ပွားခဲ့ သော အပျက်အဆီးပုံမ...
- “ဂရိအကျဉ်းထောင်တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား...
- ဂင်းနစ်စံချိန်တင် ကမ္ဘာ့အကြီးဆုံး ယုန်
- မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင်
- မိတ္ထီလာ သို့ စစ်တပ်ဝင်လာပြီးနောက် ဒီမိုကရေစီ မြန်မ...
- ဒီနှစ်သင်္ကြန်မှာသိကြားမင်းဆင်းရမှာတောင်ခတ်လန့် လန့် ပဲ
- စာကူးချတဲ့ ကျောင်းသား ၁၆၀၀ ကျောင်းထုတ်ခံထိ၊ မိဘ ၁၀...
- “၈၈ မျိုးဆက်ကျောင်းသားအဖွဲ့သို့ အိတ်ဖွင့်ပေးစာ”
- မိတ္ထီလာ မှ သေဆုံးသူ ၂၀ ကျော် | အိမ်ရာ နဲ့  ချီ မီး...
- မငြိမ်မသက် ဖြစ်နေသည့် ဒေသ များ တွင် တပ်မတော် က ၀င်...
- မိတ္ထီလာ ၊ ဝမ်းတွင်း ၊ မလှိုင် နှင့် သာစည် (၄) မြို့...
- သျှမ်း-ကယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ၀ ပြည်နယ်ရ...
- မလေးရှားမှဖြစ်ရပ်မှန်သတင်းပါ နီပေါနဲ့တွဲနေတဲ့မြန်မ...
- ငလျင်လှုပ်ခတ်မှုသည် ရေကိုရွှေအဖြစ် ပြောင်းလဲစေကြောင်း...
- မိထ္ထီလာကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းမည်ဟု မ...
- တုံကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်ထောက...
- မိထ္ထီလာ အဓိကရုဏ်း ဖြစ်စဉ် မင်းကိုနိုင်၏ ပြောစကား
- မိတ္ထီလာမြို့ ကုလား-ဗမာ ပဋိပက္ခ ဗွီဒီယိုများ
- အရေးပေါ်မိတ္ထီလ ပဋိပက္ခ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရ...
- ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရ် ရာဟာမန် Zillur Rahmanကွယ်လွန်
- ရွှေဆံကုပ်ရောင်းချရာမှ မိတ္ထီလာတွင် ပဋိပက္ခဖြစ်
- ဖိုးလပြည့် သို့မဟုတ် တရား ဥပဒေအထက်က လူသားလား
- နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း
- ဖေ့စ်ဘွတ်ခ်သည် ယောက်ျားလေးများအား ဖြားယောင်းအနိုင်...
- မြန်မာပြည်အပေါ် တရုတ်စီးပွားရေး လွှမ်းမိုးမှုအနေအထားန...
- ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမ...
- မိုဘိုင်းဖုန်းသုံးသူများ အတွက် အရေးပေါ် သတိပေးချက်ေ...
- ဒူးဖော်၊ပေါင်ဖော်တဲ့ မိန်းကလေးများ သိစေရန်
- စာဖတ်ခြင်းဖြင့် ပိုမို ကောင်းမွန်သော အနာဂတ် ဆီသို့
- မျက်စိ ဝေဒနာရှင်များ အခမဲ့ ခွဲစိတ် ကုသရန်နှင့် အလှ...
- အစာ မရှိသော အစာအိမ် အတွက် ရေသောက်ပေးပါ
- Photo မျှော်ရစ်ကမ်းခြေတွင် ဝေလငါးတစ်ကောင်လာတင်ပြန်
- သက်ကြီးစကားသက်ငယ်ကြား မှားတဲ့ အမြင်မထင်ကျန်စေရစ်ခြင်
- ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်များကို မြန်မာ အမည်မ...
- ဗုဒ္ဓဘာသာဝင်မျာအားလုံး မျိုးမတူဇာတ်ခြား သတိထားလော့"
- ရင် ကိုခွဲလို့ အသဲကို နှုတ်ယူ
- ရှေ့နေခ မကုန်သော မသွဲ့သွဲ့ဝင်းမှ First News ဂျာနယ်...
- တပ်မတော်အရာရှိ/စစ်သည်များ Facebook,Twitter မသုံးရ ...
- မိုးမောက်- လွယ်ဂျယ် ကားလမ်းတွင် ဒေသခံတစ်ဦး၏ပြောပြ...
- မြန်မာမျိုးချစ်ဟက်ကာများနှင့် ပူပေါင်းရန် သင့်ကို ...
- လက်ပံတောင်းကိစ္စ လူထုနဲ့ဒေါ်စု သဘောမကွဲသင့်
- ခွန်ဒီးယမ်း (ခေါ်) ဒီမိုဖက်တီး မေဇင်အေး ဘာလဲ ဘယ်လဲ
- ငြိမ်းချမ်းရေး ယူထားသောလည်း မင်းမဲ့စရိုက် ဆန်လွန်း...
- မိန်းမ အင်္ဂါ နှစ်ခုပါသော အမျိုးသမီး
- ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြဖို့ နောက်ကွယ်မှ ကြိုးက...
- တရုတ်တွင် ဝက်သေ၈၀၀ မြစ်ထဲထပ်မံမျောပါ
- "" မြန်မာ့ဝတ်စားဆင်ယင်မူ ပျက်ပျယ် နေပြီလား ""
- အခုရက်ပိုင်းတွင်းဖေ့စ်ဘုတ်မှာပျံ့ နှံ့ နေသောကြေးနီ...
- မျက်မမြင်နှစ်ဦး၏ မင်္ဂလာပွဲ
- ကြောင် အကောင် ၅၅၀ မွေးလို့ မိန်းမကို ကွာရှင်းလိုက်...
-
▼
March
(164)
No comments:
Post a Comment