ဟိုးယခင် မင်းသိင်္ခ၀တ္တုများတွင်လည်းကောင်း၊
ပြည်တွင်း မဂ္ဂဇင်းများတွင် လည်းကောင်း ဖတ်ခဲ့ဖူးသည်။ ထိုခေတ်ထိုအချိန်က
အတွေးတွင်တော့ ထို အယူအဆကို လက်ခံနိုင်သော်လည်း ယနေ့ခေတ်တွင်တော့ လက်ခံဖို့
အတော် ခဲယဉ်းသည်။ ဖတ်ခဲ့ဖူးသော ဆောင်းပါးတစ်ခုတွင်တော့ အခြား
မြို့ရွာများသို့ ပြောင်းရွှေ့ အခြေချသော်လည်း တောင်းရမ်းမှု မပြုလုပ်ပါက အိပ်၍မပျော်၊ အိပ်မက်ဆိုးများ မက်သည်ဟု ဖတ်ခဲ့ဖူးသည်။
ထိုအဖြစ်ကတော့....
လူတွေ ဝိုင်းပယ်ခြင်းခံထားရတယ်ဆို
တဲ့ပုဂံရွှေစည်းခုံ
ဘုရားရဲ့ အနောက်ဘက် မဂ်လာသာစည်ရွာမှ သူတောင်းစားကြီး ဦးရေချမ်း . . .
မင်းကြိမ်စာကြောင့် တစ်နှစ်တစ်ခါ အနည်းဆုံးအတောင်းထွက်ရတယ် . .
.စီပွားရေးအဆင်ပြေလဲ ထွက်ပေးရတယ်ကွယ်. . အဘတို့ကို လူတွေက အဖက်မလုပ်ကြဘူး .
. အဘတို့ မင်းဒဏ်သင့် သူတောင်းစားတွေ နေဘို့ မဂ်လာသာစည် ဆိုတဲ့ရွာကလေးကို
ဗိုလ်ခင်ညွန့်က တည်ပေးခဲ့တယ်. . . စာသင်ကျောင်းတွေတော့ ရှိတယ် . .
တာဝန်ကျတဲ့ဆရာတွေက မသင်ချင်ကြဘူးကွဲ့ . . . ပတ်ဝန်းကျင်မှာ ရှိတဲ့
မြေယာပိုင်ရှင်တွေကလဲ အဘတို့သူတောင်းမျိုးနွယ်တွေ
ကို
ခေါ်ခိုင်းရင် မြေပျက်တယ်လို့ အယူရှိကြလို့ ဘာအလုပ်ကိုမှ ခေါ်မခိုင်းကြဘူး .
. . အဘတို့ မှာ ကိုယ်ပတ်ဝန်းကျင်လူတွေက ဝိုင်းပယ်ထားတော့ ဘာအလုပ်မှ
လုပ်မရကြဘူး ။ ဒါကြောင့် များသောအားဖြင့် တောင်းစားကြရတယ်. . တစ်ချို့
စားနိုင်သောက်နိုင်တွေလဲ ရှိကြပါရဲ့ ဒါပေမဲ့ သူတို့လဲ တစ်နှစ်ကို အနည်းဆုံး
တစ်ခါတော့ အတောင်းထွက်ကြရတယ်ကွဲ့ . . . ဦးရေချမ်းပြောသွာတာလေးတွေပါ
. . . .
Zin Phyo Htet Wall Photo မှ…
Lon Ely
No comments:
Post a Comment