သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 25 April 2013

၃၀-ဒက္ကား ပလာဇာ ပြိုကျမူ သေဆုံးသူ ၂၀၀ ဦးတိုးလာ



ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့ ပလာဇာ ပြိုကျရာမှာ သေဆုံးသူ အရေအတွက်ဟာ တဖြည်းဖြည်း တိုးလာနေရာမှာ ဒီနေ့ ညနေ ၄ နာရီ အချိန်မှာတော့ သေဆုံးသူ အရေအတွက်ဟာ ၂၀၀ ဦး ရှိသွားပြီ ဖြစ်တယ်လို့ သက်ဆိုင်ရာက စာရင်း ထုတ်ပြန်ပါတယ်။
သေဆုံးသူ ၂၀၀ ထဲက ၁၄၈ ဦးကိုတော့ မိသားစုတွေကို သဂြိုလ်ရန် လွှဲပေးလိုက်ပြီး ပြောပါတယ်။
လွန်ခဲ့တဲ့ တစ်ညဉ့်လုံး အပြိုအပျက်တွေကြားထဲမှာ

 ပိတ်မိနေတဲ့သူတွေကို လိုက်လံ ရှာဖွေနေရာမှာ ၃၅ ဦးကို နောက်ထပ် အသက်ရှင်ပြီး တွေ့ရတယ်လို့ ပြောပါတယ်။ နောက်ထပ်လည်း အသက်မသေဘဲ ကျန်နေနိုင်သူ အများအပြား ရှိနိုင်တယ်လို့ ပြောပါတယ်

ကယ်ဆယ်ရေး ခေတ်မှီကရိယာတွေ အလုံအလောက် မရှိတဲ့ အတွက် ပြိုကျနေတဲ့ အပျက်အစီးတွေကို လူအားကို အသုံးပြုပြီး ဖယ်ရှားနေရတဲ့ အတွက် ကြန့်ကြာမူတွေ ရှိနေပါတယ်။ လွန်ခဲ့တဲ့နေ့ ( ဧပြီလ ၂၄ ရက်နေ့) နံနက် ၈ နာရီ ၃၀ မိနစ်က ပြိုကျသွားခဲ့တဲ့အတွက် ပိတ်မိနေတဲ့ လူတွေကို စစ်တပ်၊ ရဲ၊ မီးသတ် နဲ့ ပြည်သူတွေက ကယ်တင်နေကြပြီး အခုအချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြုလုပ်နေရတုန်း ဖြစ်ပါတယ်။

လူပေါင်း ၁၀၀၀ ကျော်ကိုတော့ တိုက်အပြိုအပျက်ကြားထဲက ကယ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့လူနာတွေ အတွက် သွေးတွေ မလုံမလောက် ဖြစ်နေတဲ့ အတွက် သွေးလာလှူကြဖို့ကို အစိုးရကနေ ပြည်သူလူထုကို မေတ္တာရပ်ခံထားပါတယ်။

အခု ပြိုကျသွားတဲ့ ရာနာ (Rana) ပလာဇာဟာ ဒက္ကားမြို့အပြင်ဘက် ဆာဗာ ( Savar) ရပ်ကွက်မှာ တည်ရှိပြီး အထပ် (၈) ဆင့် ရှိပါတယ်။ အစိုးရ တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ ပြိုကျသွားတဲ့ အဆောက်အဦးဟာ (၅) ထပ်သာ ဆောက်နိုင်တဲ့ ဖေါင်ဒေရှန်း (အောက်ခံ) ရှိပြီး ရှစ်ထပ်ထိ တိုးမြှင့် ဆောက်ရာကနေ ခုလို ခိုင်ခန့်မူ မရှိဘဲ ပြိုကျသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒက္ကားရဲအဖွဲ့ကတော့ ပလာဇာပိုင်ရှင်နဲ့ အတည်ချုပ် စက်ရုံပိုင်ရှင် (၃) ဦးကို တရားစွဲဆိုလိုက်ပါတယ်။

အဲဒီ အဆောက်အဦးဟာ မပြိုမှီ တစ်နေ့ကတည်းက အထပ်တော်တော်များက အက်သံတွေ ကြားရတဲ့ အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရဲအရာရှိတွေက လာရောက် စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆောက်အဦးဟာ ပြိုကျကောင်း ပြိုကျနိုင်တဲ့ အတွက် ပလာဇာကို ပိတ်ထားဖို့ ဆောက်လုပ်ရေး အင်ဂျင်နီယာတွေက ပိုင်ရှင်ကို ပြောဆိုခဲ့တာတွေ ရှိတယ်လို့ ပြောဆိုမူတွေ ထွက်ပေါ်နေပါတယ်။

ပလာဇာပိုင်ရှင်နဲ့ အထည်ချုပ် (Garment) ပိုင်ရှင်တွေက “ အင်ဂျင်နီယာတွေ စစ်ဆေးပီးသွားပြီ၊ ဘာမှ မဖြစ်တော့ဘူး” ဆိုပြီး အလုပ်သမားတွေကို ခေါ်ယူ အလုပ်စေခိုင်းရာကနေ ခုလို ၀မ်းနည်းဖွယ်ရာ အဖြစ်ဆိုး ဖြစ်ရတာ ဖြစ်တယ်လို့ အသက်မသေဘဲ လွှတ်မြောက်လာသူတွေက ပိုင်ရှင်တွေကို စွပ်စွဲ ပြောဆိုပါတယ်။

သေဆုံးသွားသူတွေရဲ့ မိသားစုတွေဟာ ဟစ်ကြွေး ငိုယိုနေကြပြီ တနိုင်ငံလုံး ပြည်သူတွေဟာ ဒီအဖြစ်ဆိုး အပေါ်မှာ အထူး ယူကြုံးမရ ဖြစ်ကာ ပူဆွေးနေကြပါတယ်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အစိုးရကတော့ ဒီနေ့ကို နိုင်ငံတော် ၀မ်းနည်း ပူဆွေးမူနေ့ အဖြစ် သတ်မှတ်ပြီး သေဆုံးသွားသူတွေ အတွက် ဆုတောင်း မေတ္တာပို့သမူတွေ ပြုလုပ်နေကြပါတယ်။

narinjaraမှအလင်းရောင်ကြယ်များ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်