သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 29 April 2013

17-မိခင်မှာကြားတဲ့စကားအတိုင်း အသက်ထက်ဆုံး နေထိုင်သွားမယ့်စိုးသူ


စိုးသူက မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် မြန်မာနိုင်ငံကို စက်တင်ဘာလက ပြန်လည်ရောက်ရှိခဲ့ပြီး မိခင်ကြီးရဲ့အနားမှာ အနီးကပ်ပြုစုစောင့်ရှောက် ခဲ့ပါတယ်။ သို့ ပေမယ့် စိုးသူရဲ့မိခင် ဒေါ်ခင်သူဇာ (အသက် ၇၂နှစ်)သည် ဇန် နဝါရီ၁၆ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက ရန်ကုန်မြို့ ကမာရွတ်နေအိမ်မှာ


ကွယ်လွန်အနိစ္စ ရောက် ခဲ့ပါတယ်။ “ဈာပနကို မိသားစု စုံသွားအောင် အမေရိကက လာမယ့် အစ်မကိုစောင့်ရင်းနဲ့  ၅ရက် ပြည့်မြောက်တဲ့ နေ့မှာ မိခင်ကြီး ဆန္ဒအတိုင်း ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်မှာပါ”လို့ ဈာပန အခမ်းအနားမတိုင်ခင်မှာ စိုးသူကပြောပြခဲ့ပါတယ်။ မိခင်ကြီးနဲ့ပတ်သက်ပြီး စိုးသူက ”၃ လ ကျော်၊ ၄လနီးပါးလောက် အနီးကပ် စောင့် ရှောက်ခွင့်ရတဲ့အတွက်တော့ အနန္တော၊ အနန္တ ငါးပါးကိုရော၊ အခွင့်အလမ်းကြုံကြိုက်ရတဲ့ အနေအထားကိုရော၊ စိတ်ထဲမှာတစ်ပိုင်းကတော့ ဖြေသာပါတယ်။ ဖြေသိမ့်နိုင် ပါတယ်။ မိဘဆိုတာ သက်ရှိဘုရားပါပဲ။ သက်ရှိဘုရား ၂ ဆူထဲက ၁ဆူ မရှိတော့ဘူးပေါ့။ ကျန်တဲ့ ၁ဆူ ကို ပိုပြီးပြုစုရမှာပေါ့။ ဘဝတစ်ပါးပြောင်းသွားတဲ့ မိခင်ကြီးအတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပြီး သူမှာတဲ့စကားတွေ နားထောင်ပြီး သူသက်ရှိထင်ရှား ရှိနေတုန်းက သူ့ဆန္ဒတွေအတိုင်းပဲ အသက်ထက်ဆုံး ကြိုးစားပြီး၊ သူဖြစ်စေချင်တဲ့ အတိုင်း နေထိုင်သွားရမှာပေါ့။သူ့ဆန္ဒအတိုင်းပဲ နေလည်း နေထိုင်နေပါတယ်” လို့ပြောပါတယ်။ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီးဒေါ်ရွှေဇီးကွက် တို့က ဇန်နဝါရီ၁၈ ရက် နေ့၊ နေ့လယ် ၁၂နာရီ မှာစိုးသူရဲ့မိခင်နာရေးကို သွားရောက် မေးမြန်းခဲ့ပါတယ်။ ဦး ကျော်သူ က ဇန်နဝါ ရီ ၁၉ ရက် နေ့မှာ ခရီးသွားမှာ ဖြစ်တာကြောင့် ဇန်နဝါရီ ၂ဝ ရက်နေ့မှာ စိုးသူရဲ့မိခင်ဂူသွင်းသင်္ဂြိုဟ်မယ့်ကိစ္စကို ကြိုတင်စီမံမှုများ ပြုလုပ်ပေးခဲ့ပြီး အစစရာရာ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့မှာ တော့ စိုး သူ ရဲ့မိခင် အတွက် ရက်လည်ဆွမ်းသွတ် တရားနာခဲ့ ပါတယ်။
 popularmyanmar

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်