သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 23 April 2013

၁၂- စော်ဘွားကြီးကုန်း ၀င်းအတွင်း ဂက်(စ်)အိုး ပေါက်ကွဲ၊ သုံးဦးသေဆုံးပြီး ငါးဦးအပြင်းအထန်ဒဏ်ရာရရှိ


 
ရန်ကုန်တိုင်းဒေသကြီး စော်ဘွားကြီးကုန်းအတွင်း ဂက်(စ်)အိုး ပေါက်ကွဲခဲ့မှုကြောင့် လူသုံးဦး သေဆုံးကာ ငါးဦး အပြင်းအထန် ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။


လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သော သံဖြတ် ဂက်(စ်) အိုး ပေါက်ကွဲမှု ဖြစ်စဉ်မှာ စော်ဘွားကြီးကုန်း ကုန်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းဝင်းအတွင်း ကျောက်စိမ်းလမ်းရှိ ငွေလမင်း သံပစ္စည်းရောင်းဝယ်ရေးဆိုင်တွင် ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲနှစ်နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးမှုတွင် ၁၄ နှစ် အရွယ် ကလေးငယ်တစ်ဦးအပါဝင် ကျားသုံးဦးနှင့် ဒဏ်ရာရရှိခဲ့သူများတွင် ကျားလေးဦး၊မတစ်ဦးတို့ ဖြစ်ကြောင်း စော်ဘွားကြီးကုန်း ရဲစခန်းမှ သိရသည်။ ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်အား အသေးစိတ် စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း လတ်တလော သုံးသပ်ချက်အရ သံဖြတ်သည့် ဂက်(စ်)အိုးကနေတစ်ဆင့် ဖြစ်ပွားခဲ့ကြောင်း စော်ဘွားကြီးကုန်း ရဲစခန်းမှ ဒုရဲအုပ် အောင်မြတ်ဦးထံမှ သိရသည်။

လူသုံးဦး သေဆုံး ခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ဒဏ်ရာရှိခဲ့သည့် ၅ ဦးမှာလည်း ပြင်ထန်သည့် ဒဏ်ရာများ ရရှိခဲ့သဖြင့် အသက်အန္တရယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး အင်းစိန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒုရဲအုပ်အောင်မြတ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ဆိုင်ခန်းရှေ့တွင် ဈေးဆိုင်ဖွင့်လှစ်ထားသူ ကိုမင်းလွင်က''ကျွန်တော်တို့ ကြားလိုက်ရတဲ့ ပေါက်ကွဲတဲ့အသံက တော်တော်ကျယ်တယ်။ပြီးတော့ မီးလောင်မှု ဖြစ်နေတာကို တွေ့တဲ့အတွက် ကျွန်တော့်ဆိုင်ခန်းမှာရှိတဲ့ မီးသတ်ဗူးတွေနဲ့ငြိမ်းသတ်မှုတွေ ပြုလုပ်ခဲ့တယ်''ဟု ပြောသည်။

ဂက်(စ်)အိုး ပေါက်ကွဲမှုကြောင့်ငွေလမင်းဆိုင်နှင့် ဘေးဆိုင်ခန်းရှိ ဆိုင်ခန်းနှစ်ခန်းခန့်မှာလည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ပေါက်ကွဲမှုဖြစ်စဉ်ဒဏ်ကြောင့် အနီးရှိ ဆိုင်ခန်းများ၏ ကြံ့ခိုင်မှုအပေါ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်ဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ငွေလမင်းဆိုင်ခန်းအား တာဝန်ရှိသူများမှ စစ်ဆေးနေသည်ကို တွေ့ရစဉ်

EMG

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်