သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 27 April 2013

၅၆-ဘင်္ဂလီများအား မြန်မာ စစ်တပ် နောက်ဆုံးအကြိမ် သတိပေး

  
ယနေ့ 26-4-2013 နေ့တွင် နိုင်ငံတော်အဆင့်စီမံချက်ဖြင့် ဘင်္ဂလီများအား လူဦးရေ စာရင်းကောက်ယူရန် ဘောဒူဗ ဒုက္ခသည်စခန်းသို့စစ်ဆေးရန်သွားရောက်ရာတွင်လည်း အခက်အခဲများကြုံတွေ့ခဲ့ရကြောင်းသိရသည်။

စာရင်းစတင်ကောက်ယူရာတွင် အိမ်ထောင်စု (၂)စုလောက်သာ ကောက်ယူပြီးနောက် ဘင်္ဂလီလူကြီးများမှ စာရင်းကောက်ယူရာနေရာသို့ ၀ိုင်းအုံလာခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး ဘင်္ဂလီလူငယ်များမှ ဗလီအတွင်းမှ ထွက်လာပြီး 'ရိုဟင်ဂျာ.. ရိုဟင်ဂျာ" အော်ဟစ်ပြီး စာရင်းကောက်ယူရန်အဖွဲ့များကို အနှောင့်အယှက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါလူအုပ်မှာ ထောင်နှင့်ချီ၍ များပြားလာသောကြောင့် လုံခြုံရေးတာဝန်ယူလိုက်ပါလာသော ဒုဗိုလ်မှူးမှ တပ်ရင်းမှုးထံအကူအညီလှမ်းတောင်းခဲ့ရကြောင်းသိရသည်။ စာရင်းကောက်ယူရန် လိုက်ပါလာသော အဖွဲ့အား အဆိုပါ တပ်ရင်းမှုးကားများ ရောက်ရှိလာပြီးလာပြီးသာလျှင် ဘေးအန္တရာယ်ကင်းစွာဖြင့် လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းသိရပါသည်။

အဆိုပါစာရင်းကောက်ယူရေးအဖွဲ့တွင် လိုက်ပါသွားခဲ့သော ရခိုင်ပြည်နယ်ဓာတ်ပုံပညာသည်များအသင်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာတွင် '' ကျွန်တော်တို့က အခုအစီအစဉ် (နိုင်ငံတော်အဆင့်စီမံချက်၊(ဆွဲ၊ တင်၊ စစ်) ဘင်္ဂလီများလူဦးရေ စာရင်းကောက်ယူရေးအီအစဉ်)မှာ လ၀ကက အမျိုး၊ ဘာသာ၊ သာသနာအတွက် ကူညီပေးရန်အတွက် ကျွန်တော်တို့အဖွဲ့ကို အကူအညီတောင်းလို့ ကျွန်တော်တို့က လိုက်ပါကူညီဆောင်ရွက်ပေးတာပါ။ အခုဖြစ်လာလိမ့်မယ်လို့တော့ ထင်ထားခဲ့ပေမဲ့လည်း ကျွန်တော်တို့ အသင်းအနေနဲ့ အရဲစွန့်ကူညီပေးခဲ့တာပါ။ အခုအချိန်မှာတော့ အသင်းက လိုက်ပါသွားတဲ့ ဓာတ်ပုံဆရာတွေကို ဆက်သွယ်ထားပါပြီ၊ အကုန်လုံးဘေးကင်းကြပါတယ်။ တစ်ချို့ဆိုရင် အသင်းကိုပြန်လို့ရောက်ရှိလာပါပြီ"" ဟု ဖြေကြားသွားခဲ့ပါသည်။

 From : ..ZinYawNews

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်