သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 21 April 2013

၎-အင်တာနက်ပေါ်မှ တပ်မတော်နှင့် ပတ်သက်သော အမှု(၃)မှု

From : ..http://www.oppositeyes.info/2013/04/blog-post_5233.html
 
ယခု ဧပြီလအတွင်း တပ်မတော်နှင့်ပတ်သက်သော အမှု(၃)မှု အင်တာနက် ပေါ် ရောက်လာသည်။

အမှု(၁)မှာ AGB ဘဏ် မဏ္ဍပ်ရှေ့တွင် လူသေမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော တပ်မတော်သားများအား ထိုက် တန် သည့် ပြစ်ဒဏ်ကျခံစေလို ဆိုသည့် မြန်မာခေတ်မှ သတင်း ဖြစ်သည်။ သတင်းပါ အချက်များအရ မ ဏ္ဍပ်ေ ရှ့ တွင် ရေပက်ခံ ကားနှစ်စီး ခိုက်ရန်ဖြစ်သည်။ ရန်ဖြစ်ကြရာမှ မဖောက်ရသေးသည့် အရက် ပု လင်ြး ဖင့် လှမ်းပစ် လိုက်ရာ လည် ပင်း သွေးပြန်ကြော ပြတ်ရှ ဒဏ်ရာဖြင့် ရန်ပွဲတွင် ပါဝင်သူ(၁)ဦး သေ သည်။ ထိုအတွက် ရဲစခန်း တွင် အမှုဖွင့်သည်။ လူဟာ လူဖြစ်ပြီး 
မတစ်ထောင်သားများ ဖြစ်သည့်အတွက် ပြဿ နာဖြစ်တတ်ကြသည်။ မူး လာရင် ရန်ဖြစ်တတ်ကြသည်။ သာမန်အရပ်သားပြည်သူ များအဖို့ ထြို ပဿနာ သည် ဖြစ်လေ့ ရှိသော ပြဿနာ များ ဖြစ်သည်။

သို့သော် တပ်မတော်သား တစ်ဦးအဖို့ ပြည်သူလူထုနှင့် ယဉ်ကျေးစွာ ဆက်ဆံပါ ဆိုသည့် စစ် သည်တော် ကျင့် ၀တ်ကို လိုက်နာရပါသည်။ ကမ္ဘာတွင် အရပ်သားနှင့် ခိုက်ရန် မဖြစ်ဖူးသည့် စစ်တပ် မရှိပါ။ ပျော်ပွဲ ရွှင်ပွဲ များ တွင် ရန်ဖြစ်ခြင်းကြောင့် သေဆုံးသည်အထိ ဖြစ်သည်မှာလည်း ဖြစ်ရိုးဖြစ်စဉ် ဖြစ်သည်။ တပ် မေ တာ် တစ်ရပ်လုံးနှင့် ဖြစ် သည့် ပြဿနာ မဟုတ်သလို အရေးယူမှုမှာလည်း တပ်မတော်နှင့် စပ်ဆိုင် သည့် မှု ခင်း စည်းမျဉ်း အတိုင်း သာ ဖြစ်ပါလိမ့်မည်။ အရပ်သားများနှင့် ခိုက်ရန် ဖြစ်ပွားခြင်းကို လက်မခံ ပါ။

အမှု(၂)မှာတော့ ဗိုလ်ချုပ်ဟောင်း သားများ လက်ချက်ဖြင့် လူငယ် နှစ်ဦး ဓားဒဏ်ရာရ ဆိုသည့် ဧရာဝတီ သတင်း ဌာန၏ သတင်းဖြစ်ပါသည်။ ဧရာဝတီတွင် ဖော်ပြချက်အရ ရန်ငြိုးရန်စ မရှိဘဲ ဓား၊ဒုတ်များဖြင့် ၀င် ရိုက် သည်ဟု ဆိုသည်။ သို့သော် မည်သူတွေဖြစ်ကြောင်းကိုလည်း အရိုက်ခံရသူမှ အတိအကျသိနေသည်။ ထို အရိုက်ခံရသူမှာလည်း မည်သူ့သားသမီး၊ မည်သည့်အလုပ် လုပ်ကိုင်သည် ဆိုသည့် အချက်များကို ဖော်ပြခြင်း မရှိ။ ဤတွင် သားသမီးမကောင်း မိဘခေါင်းအဖြစ် မိဘများ၏ ယခင်စစ်မှုထမ်းစဉ်က ရာ ထူးများ၊ လက်ရှိ ရာထူးများကို ဖော်ပြသည်။

မည်သည့်နေရာတွင် မဆို ခိုက်ရန်ဖြစ်ပွားခြင်းသည် လက်ခုပ်တစ်ဖက်ထဲဖြင့် မဖြစ်နိုင်ပါ။ သတင်းဌာနက ဖွသည်။ ဗိုလ်ချုပ်ဆိုသည့် အမည်ပါလျှင် ကျန်သူများက ဆွသည်။ မတရားမှုကို လက်မခံပါ။ ဖြစ်စဉ်အတိုင်း ဆိုပါက ဥပဒေအရ အရေးယူရမည်သာ ဖြစ်သည်။

အမှု(၃) ရန်ကုန်မြို့ပေါ်မှာ လက်နက်ကိုင်ဆောင်နေသော တိုင်းမှူး ၏ သား စည်သူထွဋ် ဆိုသည့် ခေါင်း စဉ် ၊ သေနတ်များနှင့် အလှရိုက်ထားသော ဓာတ်ပုံ၊ သေနတ်(၂)လက်ကို ကျည်ဆံများဖြင့် ချထားသည့် ဓာတ်ပုံ များ ဖြင့် ခွန်ဒီးယမ်းထံမှ သတင်းဖြစ်သည်။ တပ်မတော်တွင် ဖခင် အရာရှိကြီး ဖြစ်၍ သားသမီး သေနတ်ကိုင်ရသည် ဆိုသည့် စည်းမျဉ်း ရှိသည်ဟု မကြားဖူးပါ။ လိုင်စင်ရ သေနတ်ကိုင်ဆောင်သည့် ဥပဒေ လည်း ရှိချင်မှ ရှိပါလိမ့် မည်။ ငယ်ရွယ်သူ လူငယ်တစ်ဦးသည် တပ်မတော် အရာရှိဖြစ်လျှင်တောင်မှ တာဝန်မှအပ မြို့တွင်း သေနတ် ကိုင်ဆောင်ခွင့် မရှိပါ။

ပုံတွင် ဖော်ပြထားသည့် သေနတ်များမှာ မြန်မာ့တပ်မတော် အရာရှိကြီးပိုင်းနှင့် အထူးရဲတပ်ဖွဲ့များတွင် သုံးမ သုံး မသေချာပါ။ ကျွမ်းကျင်သူ တစ်ဦး အဆိုအရ အမျိုးအစားက Walther PPK/S .22LR ၊ Walther အစစ် ဆိုရင် ဘော်ဒီမှာ ကုမဏီနံမည် သေနတ်အမျိုးအစား ထုတ်တဲ့နိုင်ငံ နဲ့ walther တံဆိပ် ထိုး တယ်.အခု ဘော်ဒီက ပြောင်ကြီး.Black market က ဝင်တဲ့ပုံစံ ။walther .22lrတွေကို ဂျာမဏီက ထုတ် တယ် ။ ထိုင်း .Black market ထုတ်လည်းရှိတယ်.တရုတ်ထုတ်လည်းရှိတယ် ။ ဟု သိရသည်။ လူငယ် သ ဘာ ၀ ခင်မင်ရင်းနှီးမှုဖြင့် သေနတ်ကို တွေ့သည့်အခါ ဓာတ်ပုံရိုက်သည်လည်း ဖြစ်နိုင်သည်။ သို့သော် တရား ၀င် ကိုင်ဆောင်ခွင့် မရှိ။ ကိုင်ဆောင်ပါက ဥပဒေအရ အရေးယူခံရမည်သာ ဖြစ်သည်။

အထက်ပါ အမှုများကို ဖတ်ပြီးသူများလည်း ရှိမည်။ မဖတ်ရသေးသူများလည်း ရှိမည်။ တပ်မတော်သားများ ထဲ တွင်လည်းကောင်း၊ တပ်မတော်သားဟောင်း မိသားစုများတွင် လည်းကောင်း ဆိုးသွမ်းသူများ ရှိမည်မှာ ဓမ္မတာ ပင် ဖြစ်သည်။ တပ်မတော်ဟု ဆိုသည်နှင့် ကြည်း၊ရေ၊လေ တပ်ပေါင်းစုများ ပါဝင်သည့် နိုင်ငံတော် ကာကွယ် ရေး အဖွဲ့ကြီး အဖြစ် မြင်တတ်ဖို့လိုပါသည်။ လူများ ဖြစ်သည့်အတွက် အမှုများ ဖြစ်နေအုံးမည် မှာလည်း မလွဲပါ။ သို့သော် တစ်ယောက်မကောင်း အများဆိုသည့် အမြင်ကို ပြင်ဖို့သာ အဓိက ကျပါသည်။
မတရားမှု၊ ဥပဒေမဲ့ လုပ်ဆောင်မှုများကို ကန့်ကွက်ပါသည်။

.. www.MyanmarExpress.net

1 comment:

  1. လက်နက်ဥပဒေနဲ့အရေးယူပစ်ကွာ

    ReplyDelete

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်