၃ဝ-၄-၂ဝ၁၃ ရက်နေ့ ဝ၉:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်နေ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင် ဦးလှိုင်တင်(၆၂)နှစ် သည် တိုက်ကြီးရဲစခန်းသို့ ရောက်ရှိလာပြီး အလံတိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင် သည့် ကိုရင်အရှင်ပုည (၁၁)နှစ်သည် ဥက္ကံဈေးတောင်ဘက်၊ ဘုရားကြီးလမ်းအတိုင်း ဆွမ်းခံကြွလာ စဉ်
ဈေးဝယ် လာသူ မဝင်းဝင်းစိန် မှ ဝင်ရောက်တိုက်မိ၍ သပိတ်လွတ်ကျပြီး အဖုံးကွဲသွားကြောင်း သိရှိရသဖြင့်မဝင်းဝင်းစိန်ကို အရေးယူပေး ရန် တိုင်တန်း၍ ဥက္ကံရဲစခန်း(ပ) ၁၁၂/၂ဝ၁၃၊ ပြစ်မှု ပုဒ် မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကျေနပ်သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ(၂ဝဝ)ဦးခန့်မှ
၁၄:၂၅ အချိန်တွင် ဈေးအနီး ဆိုင်ခန်း(၂၅)ခန်းအတွင်းရှိ ပစ္စည်းများအား လူ(၂၅)ဦးခန့်မှ လမ်း မပေါ်သို့ ဆွဲချခဲ့ပြီး ပြည်သူ(၂ဝဝ)ဦးခန့်မှ ဝိုင်းဝန်းကြည့်ရှုနေကြောင်း သိရှိရသည်။
၁၄:၄ဝ အချိန်မှ ၁၄:၄၅ အချိန်အတွင်း အခြေအနေထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ
၁၅:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မ
၁၅:၄၅ အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက်၊ လယ်ကွင်းကောက်ရိုးပုံအနီးတွင် ဒဏ်ရာ ရရှိ သူ(၂)ဦးအား တွေ့ရှိ ရသဖြင့် ဆေးကုသနိုင်ရေး ဒုတိယတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးနှင့် အဖွဲ့မှ ဆေးရုံသို့ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဥပဒေအရ အရေး ယူနိုင်ရေး ဖော် ထုတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၈ ဦးထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရှိရပါသည်။
From: မြန်မာနိုင်ငံရဲတပ်ဖွဲ့
www.mmdailystar.com
တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်-
ReplyDeleteဆက်လက်ပြီးလည်း ဒီလို သိသင့်တဲ့ သတင်းလေးများကို
မျှဝေပေးသွားမယ်ဆိုပါက ဖတ်ရှုသူများကလည်း ကျေနပ်ကြမှာ
အသေအချာပါ --
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ