သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 29 April 2013

16-မိဘတွေနဲ့အတူ ဘန်ကောက်မှာ ဆေးစစ်ခဲ့တဲ့သင်ဇာဝင့်ကျော်


သင်ဇာဝင့်ကျော်က မိဘနှစ်ပါးကို ဆေးစစ်ဖို့အတွက် ဒီဇင်ဘာခရစ္စမတ်နဲ့ နယူး ရီးယား အနားယူမယ့် ရက်တွေမှာ ဘန်ကောက်ကို သွားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၉ရက်   နေ့က သွားတာဖြစ်ပြီး ၂၃ရက်နေ့မှာ ပြန်ခဲ့တာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က အဖေ၊ အမေနဲ့သွားတာဖြစ်ပြီး မိဘ၂ပါးနဲ့ မိမိကိုယ်တိုင်ပါ ဆေးစစ်ခဲ့ တယ်လို့ ပြောပါ တယ်။ သင်ဇာဝင့်ကျော်က ဒီဇင်ဘာ ၄ရက်နေ့က သူမရဲ့ မွေးနေ့ဖြစ်ပေမယ့် နေမကောင်းဖြစ်နေတဲ့


အတွက် မွေးနေ့ပွဲမလုပ်ဖြစ်ခဲ့ရဘူးလို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ၅လ   လောက်ကလည်း စင်ကာပူမှာ ဆေးစစ်ခဲ့ပေမယ့် ခုတစ်ခေါက်က မိဘတွေနဲ့အတူ ဘန်ကောက်မှာ ဆေး ထပ်စစ်ခဲ့တယ်လို့ပြောပါတယ်။ “တစ်ခုခုဖြစ်ရင် ဘာဖြစ်လဲ ဆိုတာ သိပ်သိချင်တယ်။ အဲဒါကြောင့် စစ်တာလည်းပါတယ်။ သင်ဇာသွေးစစ်ကြည့် တော့ သွေးအားနည်းတာဖြစ်နေတယ်။ ဒါက သိပ်စိုးရိမ်စရာ မရှိပါဘူး။ အစား အသောက်ကို မှန်မှန် စားရင် အားပြည့်နိုင် တယ်။ ခေါင်း မူးတာ တစ်ခုပါ ပဲ။ အမေက အသည်းမှာ တစ်ခုခုဖြစ်နေတယ် ဆိုတော့ ဆရာဝန်နဲ့ပြဖို့ သင်ဇာတစ်ယောက်ပဲ   ပြန်လာခဲ့တယ်။ အစကတော့ မိသားစုတွေ  မြဘုရားသွားဖို့ လုပ်ထားတာ၊ ဒါပေမဲ့ အချိန်က မရှိဘူးဖြစ်နေတယ်။ ၃ ယောက်လုံးစစ်တော့   ဆေးရုံမှာပဲအချိန်ကုန် သွားတယ်။ တစ်ရက်ပဲ ရှောပင်းထွက်ဖြစ်ခဲ့တယ်။ ကိုယ့်မိသားစုနဲ့လည်းသွားရတယ်။ မိဘတွေ ကျန်းမာရေးကို လိုက်လုပ်ပေးရတယ် ဆိုတော့ ကျေနပ်တယ်၊ပျော် လည်းပျော်တယ်။ သင်ဇာ့ကိုတော့ ဗီတာမင် တိုက်တယ်။ အဲဒါကို သောက်ရုံပဲ၊ ဆေးစစ်တာက သွားစရာတော့ မလိုသေးဘူးလို့ ကျန်းမာရေးဆေးစစ်ချက်နဲ့ ပတ်သက်ပြီး   ပြောပြခဲ့ပါတယ်။ သင်ဇာဝင့်ကျော်က မိဘတွေကို ဆေးစစ်ဖို့အတွက် လိုက်ပို့ ပြီးပြီဖြစ်တဲ့အတွက် ဗုဒ္ဓဂယာကိုလိုက်ပို့ဖို့အတွက် ထပ်ပြီး စီစဉ်နေတယ်လို့  ပြောပါတယ်။
မေမွန်မောင်
 http://popularmyanmar.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်