သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 28 April 2013

2-ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်ဟု ဦးဌေးဦးမှ ပြောဆိုခဲ့ကြောင်း UPI ၀က်ဆိုဒ်တွင် ဖော်ပြ


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် မြန်မာနိုင်ငံတွင် အခြေခံ ဥပဒေ ကို ပြင်ဆင်ရန် အစီအစဉ် မရှိ ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဦးဌေးဦး ပြောဆိုခဲ့သည်ဟု UPI သတင်းတွင် Suu Kyi won't be president, ruling party says ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။


အဆိုပါ သတင်းတွင် ဖော်ပြချက်အရ ကြံ့ခိုင်ရေး ပါတီမှ ဒုဥက္ကဌဖြစ်သူ ဦးဌေးဦးမှ ဒေါ်အောင်ဆန်း စု ကြည် သမ္မတ ရွေးကောက်ပွဲ ၀င်ဖို့ မဖြစ်နိုင်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီအနေဖြင့်လည်း အခြေခံဥပဒေကို ပြင် ဆင် ဖို့ အဆိုတင်သွင်းရန် ဆုံးဖြတ်ထားခြင်း မရှိကြောင်း ထိုင်းနိုင်ငံထုတ် ဧရာဝတီသတင်းစာသို့ ပြောကြား ခဲ့သည်ဟု သိရသည်။

သို့သော်လည်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ နယူးယောက် မြန်မာ မိသားစုများနှင့် တွေ့ဆုံရာ၌ ဒေါ်ေ အာင် ဆန်းစုကြည် သမ္မတဖြစ်ရေး အခြေခံဥပဒေ ပြင်ဆင်မည်ဟု ပြောကြားခဲ့ကြောင်း The Voice ဂျာ နယ် မှ ဖော်ပြ ထားသည်။ ထိုသို့ တာဝန်ရှိသူ နှစ်ဦး၏ ပြောဆိုချက် မတူညီမှုကြောင့် မည်သူ၏ ပြောဆို ချက် မှာ အမှန် ဖြစ်မ လဲ ဆိုသည်ကို လူအများက စိတ်ဝင်စားလျှက် ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မောင်နှမ၊ ယောက်ျားနှင့် သားသမီးများ အားလုံးသည် နိုင်ငံခြား တိုင်းပြည်၏ ကျေး ဇူး သစ္စာကို စောင့်သိသူများ ဖြစ်နေပြီး အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်းနှင့် ကိုက်ညီမှု မရှိဟု သိရ သည်။ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေ သည် သူမတစ်ယောက် ကို ရည် ရွယ် ရေးဆွဲပြီး တားမြစ် ထားသည်ဟု ဂျပန်နိုင်ငံသို့ ရောက်စဉ် ပြောကြားခဲ့သော်လည်း လူသန်း ၆၀ တွင် မြန်မာနိုင် ငံသား စစ်စစ်ဖြစ်သည့် လူ ၅၉ သန်းကျော် သမ္မတဖြစ်နိုင်ပြီး သူမ တစ်ေ ယာက် သာ မဖြစ်နိုင်သည့် အတွက် ပြင်ဆင်မည်ဆိုမှသာ တစ်ဦးတစ်ယောက် အတွက် ရေးဆွဲရသည့် အခြေခံဥပဒေ ဖြစ်နေမည် ဖြစ်ကြောင်း ပြောဆိုလျှက် ရှိသည်။
 Oppositeyes

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်