သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 23 April 2013

၈-သမ္မတအတွက် ထိုက်ထိုက် တန်တန် ICG ငြိမ်းချမ်းရေးဆု ဝန်ကြီး ဦးအောင်မင်း ကိုယ်စား တက်ယူ


နိုင်ငံတကာ ပဋိပက္ခအဖွဲ့ကြီး၏ ၂၀၁၃ ခုနှစ်အတွက် ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ In Pursuit of Peace Award Dinner ကို မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး သမ္မတဟောင်း Luiz Inácio Lula da Silva တို့အားချီးမြှင့်ရာ ဦးသိန်းစိန် ကိုယ်စား သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ တနင်္လာနေ့က သွားရောက် လက်ခံရယူခဲ့သည်။

“ဒီအခမ်းအနားကို ကမ္ဘာပေါ်မှ ထင်ရှား ကျော်ကြားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်” ဟု ဦးအောင်မင်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါခဲ့သည့် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

နိုင်ငံရေး အကျဉ်းသားများကို ရာချီလွှတ်ပေးခြင်း၊ သတင်းစာ လွတ်လပ်ခွင့် ပေးခြင်းတို့အပြင် အတိုက်အခံ ပါတီနှင့် ညှိနှိုင်းဆွေးနွေးမှုများကို ပိုမိုဆောင်ရွက်ခဲ့ခြင်း စသည့် ပြောင်းလဲရေးများကို ဦိးသိန်းစိန်၏ အစိုးရအဖွဲ့ စတင် တာဝန်ယူခဲ့သည့် အချိန်မှစ၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဆုပေးခြင်း ဖြစ်ကြောင်း ICG က ကြေညာထားသည်။

ထို့အပြင် ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ လွဲ၍ ကျန် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး ပဏာမ အပစ်အခတ် ရပ်ဆဲရေး စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ခြင်း တို့ကြောင့်လည်း အဆိုပါဆုကို ချီးမြှင့်ခြင်း ဖြစ်သည်။

“ကမ္ဘာကြီးရဲ့ နေရာတော်တော်များများဟာ လမ်းကြောင်းမှားကို ဦးတည်နေပုံရတဲ့ အချိန်မှာ မြန်မာနဲ့ ဘရာဇီးတို့မှာ သူတို့ ပြည်သူတွေအတွက် နိုင်ငံကို ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် ဆောင်ရွက်ပေးနေတဲ့ သမ္မတတွေ ရှိနေတဲ့အတွက် ဒါဟာ ထင်ရှားတဲ့ ဥပမာတွေပါပဲ” ဟု ဆုကြေညာစဉ်က ICG နာယက Thomas R. Pickering က မှတ်ချက်ပြု ပြောဆိုခဲ့သည်။

ယခင် ICG ဆု ရရှိခဲ့ဖူးသူများထဲတွင် အမေရိကန် သမ္မတဟောင်းများ ဖြစ်ကြသည့် ကလင်တန်နှင့် ဂျော့ ဒဘလျူ ဘွတ်ရှ်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များ ဖြစ်ကြသည့် Martti Ahtisaari နှင့် Ellen Johnson Sirleaf အပြင် Open Society Institute (OSI) စတင်ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros တို့လည်း ပါဝင်သည်။

နယူးယောက်မြို့တွင် ရောက်ရှိနေကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ပြည်ပခရီးစဉ်ကို ဧပြီလ ၉ ရက်နေ့မှ စတင်ခဲ့ပြီး ဆွီဇာလန်နိုင်ငံသို့ ဦးစွာ ရောက်ရှ်ိခဲ့ခြင်း ဖြစ်သည်။

“အဲဒီနောက် UK (ဗြိတိန်)၊ မြောက်အိုင်ယာလန်တို့ကို လေ့လာရေးခရီး ဆက်ခဲ့ပါတယ်။ ဧပြီ ၁၉ ရက်မှာ ဗြိတိန်နိုင်ငံကိုရောက်ရှိခဲ့ပြီး ဧပြီ ၂၀ ရက်ညနေမှာ နယူးယောက်မြို့ကို ရောက်ရှိခဲ့ပါတယ်” ဟု ဦးလှမောင်ရွှေ က ဆက်ပြောသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းနှင့် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ ပါဝင်သည်။

From:Mizzima

www.mmdailystar.com 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်