သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 25 April 2013

၂၈-အရက်သောက်၊ လူစိတ်ပျောက်ပြီး ခွေးစိတ်ပေါက်တဲ့ ပုသိမ်၊ ချောင်းသာမြို့နယ်ထဲက ဗိုလ်ဗိုလ်ကျော် ကိုယ့်နှမကို ကိုယ်အဓမ္မပြုကျင့်သတဲ့

ဒီသတင်းကလေးကတော့ ကြာပါပြီ အရက်သေစာ မှုးယစ်ဆေးသုံးစွဲရေး ပပျောက်စေရန် အတွက်ထပ်မံရှာဖွေတင်ပြလိုက်ထာပါ..


ဘိန်း၊ ကင်း၊ ကစော်၊ လှော်စာ၊ အရက်ဆိုတဲ့ မူးယစ်ထုံထိုင်းစေတဲ့ အရာတွေ ကို အလွန်အကျွံသုံးစွဲမှီဝဲတတ်သူဟာ လူစိတ်ပျောက်ပြီး ခွေးစိတ်ရောက်ရှိ တတ်ကြောင်းကို ပုသိမ်၊ ချောင်းသာမြို့နယ်၊......ရပ်ကွက်ဖြစ်ရပ်က သတိပြုဆင်ခြင် သင်ခန်းစာထုတ် ယူစရာကောင်း တဲ့ ဖြစ်ရပ် တစ်ခုလို့ ဆိုပါရစေ။


လူစိတ်ရှိသူဆိုရင် ကောင်းမြတ်သောကိုယ့်အကျင့်အကြံ၊ စိတ်အကျင့်အကြံရှိရမှာဖြစ်သလို ယုတ်ညံ့တဲ့ အတွေးအခေါ်နဲ့ ယုတ်ညံ့တဲ့ အကျင့်အကြံ စရိုက်လက္ခဏာတွေကို ဆင်ခြင်သတိနဲ့ထိန်း ညှိတတ် မှသာ လူသားစိတ်လို့ပြောရမှာလည်းဖြစ်ပါတယ်။

ဒီစိတ်တွေ ပျောက်သွားစေဖို့ ကိုယ်ကိုယ်တိုင် အရက်သေစာဆိုတဲ့ အမှောင်တွင်းထဲကို ခုန်ချ သက်ဆင်း ရင်း မကြံစည်ထိုက်၊ မပြုမူထိုက်၊ မလုပ်ဆောင်သင့်တဲ့ လူစိတ်ကင်းမဲ့သူတို့ရဲ့ အကျင့်စ ရိုက်တွေကို မက်မော ခုံမင်စွာ ပြုမူဆောင်ရွက်တတ်သူ၊

ပညာဥာဏ်နုံနည်းသူတွေကတော့ အရက်သေစာသောက် စားပြီးတာနဲ့တစ်ပြိုင်နက်တည်း မတွေးအပ် ၊မကြံအပ် မပြုမူအပ်တာတွေ ကို ပြုမူဆောင်ရွက်လေ့ရှိကြပါတယ်။ အဲဒီအထဲမှာပါတဲ့ အခုဖြစ်ရ ပ်ကတော့ ပုသိမ်ချောင်းသာမြို့နယ်၊

....ရပ်ကွက်နေ မ.....၂၆ နှစ်ဟာ နေအိမ်မှာရှိနေ စဉ် မောင်ဝမ်းကွဲတော် စပ်သူ ကြွေချိုင်ရွာနေ ဗိုလ်ဗိုလ်ကျော် ၂၅ နှစ်ဟာ အရက်၊ ဘီယာဘူးများယူလာပြီး မ.......နဲ့အတူ ဘီ ယာသောက်ကြတယ်လို့ ဆိုပါတယ်။

အဲဒီည ၁၀ နာရီလောက်မှာပဲ ဗိုလ်ဗိုလ်ကျော်ဟာ အမူးလွန်သွားပြီး အစ်မဖြစ်သူ မ.......အား ကြွေချိုင် ရွာကို ဆိုင်ကယ်ဖြင့်လိုက်ပို့ခိုင်း ရာမှ ကြွေချိုင်-နတ်မော်သွား ပင်လယ်ချိုင် သဲသောင် ပြင်အရောက် လူစိတ်ကင်းမဲ့စွာဖြင့် အဓမ္မပြုကျင့်ခဲ့ တယ်လို့သိရပါတယ်။

အဲဒီနောက်မှာ သက်ဆိုင်ရာ ငရုတ်ကောင်းရဲစခန်းကို မ.........က သွားရောက် တိုင်ကြားခဲ့ တဲ့အတွက် ရဲစခန်းက ပ ၁၁/၂၀၁၃၊ ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးအရေးယူစစ်ဆေးနေပြီလို့ သိရပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသား၊ အမျိုးသမီးများအနေနဲ့ အန္တရာယ်ကို အချိန်မရွေးလက်ယပ်ခေါ်မယ့် မူးယစ်ဆေးဝါး၊ ဘိန်း၊ ကင်း၊ ကစော်သောက်သုံးခြင်းဟာ ဘယ်သူ့အတွက်အကျိုးရှိသလဲ။

ဘာကောင်းကျိုးကိုဖြစ်စေသလဲဆိုတာ သင်ခန်းစာယူ တတ်ကြဖို့ပါပဲ။ သေချာ တာကတော့ မုဒိမ်းကျင့်ခံရတဲ့မိန်းကလေးလည်း ဘ၀ပျက်ဆုံးရှုံးသွားသလို၊ ကျူးလွန်တဲ့လူငယ်လည်း အနာဂတ်ပျောက် ဘ၀မှာ အမည်းစက် စွန်းထင်းပေးကျံသွားစေတာပါပဲ။

From:Eleven

www.mmdailystar.com  မှအလင်းရောင်ကြယ်များ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်