သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 24 April 2013

၂၄-ယူနီဖောင်းကနွမ်းလျှပေမဲ့ နှလုံးသားကတောက်ပနေပါတယ်



ဒီပုံလေးကိုတင်လိုက်တာ စစ်သားကိုမုန်းတဲ့သူတွေမကဲ့ရဲ့ပါနဲ့နော်
လုံခြုံရေးအတွက် တာဝန်ယူနေတဲ့သူတို့နဲ့ အမှတ်တရဓါတ်ပုံလေးပါ

ရဲဘော်ရဲ့ခါးမှာချိတ်ထားတဲ့ရေဘူးလေးဟာ သံဗူးလေးမဟုတ်ပဲ ရေသန့်ဘူးခွံလေးကိုအသုံးပြုထားတာလေးတွေ့တော့ ဂုဏ်ယူမိပါတယ်

စစ်သားတိုင်းလူရုတ်မာမဟုတ်ပါဘူး သဘောကောင်းတာတွေရှိပါတယ်
အကောင်းစားဝတ်စားဆင်ယင်ထားခြင်းမရှိ အရောင်တွေလွင့်ပျယ်နေတဲ့သူတို့ရဲ့ ယူနီဖေါင်းလေးကိုကြည့်ရင်း သနားမိတယ် တစ်ယောက်မကောင်းတာနဲ့ အားလုံးကိုမမုန်းသင့်ဘူးလေ
သင့်ရဲ့ မုန်းတီးမှုဟာ ရိုးသားတဲ့စစ်သားတွေအတွက်တော့ နာကျည်းမှုတွေဖြစ်စေပါတယ် သနားစရာကောင်းတဲ့စစ်သားတွေအများကြီးပဲ
နိုင်ငံတစ်နိုင်ငံအတွက် ကာကွယ်ပေးမည့် စစ်သားဆိုတာ လိုအပ်ပါတယ် သူတို့မှာ ပျော်ရွှင်ချိန်ဆိုတာ တဓင်္ဂလေးမို့ နားလည်ပေးစေချင်တယ်လေ။

- ဓါတ်ပုံရိုက်ဖို့ အချိန်မရှိတဲ့အဲ့ဒီအစ်ကိုကြီးနှစ်ယောက်ကပြောခဲ့သေးတယ်
ဓါတ်ပုံရရင် "381" ကိုပို့ပေးပါတဲ့ - :)


- နန်းမီမီမိုးစက် -

https://www.facebook.com/photo.php?fbid=375373785912486&set=a.185891998194000.39882.173342352782298&type=1&theater

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်