သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 24 April 2013

၂၁-လားရှိုးမြို့တွင် ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်လုပ်ကိုင်နေသူများအား ဖမ်းဆီးအရေးယူ


၂၀-၄-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုးအမှတ်(၁)ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပြည့် တန် ဆာ လုပ်ငန်းလုပ်ကိုင်နေကြောင်းသတင်းအရ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၆)နေ ရဲလှိုင်ဦး(ခ) ဂျင်း စိမ်း(၂၀)နှစ်၏နေအိမ်သို့ အသွင်ယူသက်သေအား ကြိုတင်မှတ်သားထားသည့် ငါးထောင် တန်ငွေ စက္ကူ (၃)ရွက်ပေးအပ်၍ ပျော်ပါးစေပြီး သက်သေများနှင့်အတူဝင်ရောက်စစ်ဆေးရာ
 
 နေအိမ်အိပ်ခန်း အ တွင်း အသွင်ယူသက်သေနှင့်အတူ ပြည့်တန်ဆာကိစ္စအလို့ငှာ မြှူဆွယ်နေသူ မစန္ဒာဦး(၃၃)နှစ်နှင့် မနန်းပိုး အိမ် (၂၅)နှစ်၊ ပြည့်တန်ဆာခေါင်းအဖြစ်လုပ်ကိုင်သူ ရဲလှိုင်ဦးတို့အား စစ်ဆေးတွေ့ရှိရသဖြင့် ရဲလှိုင်ဦးအား လား ရှိုး အမှတ်(၁)ရဲစခန်း(ပ)၁၇၅/၂၀၁၃၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၅(၁)/၈(က)ဖြင့် လည်းေ ကာင်း၊ မစန္ဒာဦးနှင့်မနန်းပိုးအိမ်တို့ ၂ ဦးအား (ပ)၁၇၆/၂၀၁၃၊ အဆိုပါဥပဒေပုဒ်မ ၃(က)ဖြင့် လည်းကောင်း အသီး သီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည် ။
ရဲဇာနည်

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်