သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 20 April 2013

ဂုဏ်ပြု အဆောင်အယာင် ကို မမက်မောသည့် သမ္မတကြီး ပြည်သူပိုင်နံရံပေါ် မွေးနေ့ဂုဏ်ပြု ပန်းချီအား ကိုယ်တိုင် ပြန်ဖျက်ခိုင်းခဲ့

 

ဂုဏ်ပြု အဆောင်အယာင် ကို မမက်မောသည့် သမ္မတကြီး ပြည်သူပိုင်နံရံပေါ် မွေးနေ့ဂုဏ်ပြု ပန်းချီအား ကိုယ်တိုင် ပြန်ဖျက်ခိုင်းခဲ့ ကြောင်း သိရသည်။ ယနေ့ ဧပြီလ ၂၀ ရက်နေ့သည် နိုင်ငံသော် သမ္မတကြီးဦးသိန်းစိန်၏ မွေးနေ့ဖြစ်ပြီ သမ္မတကြီးကိုယ်တိုင်က သိုသိုသိပ်သိပ် နေထိုင်လိုခြင်းကြောင်း ဖျက်ခိုင်းခြင်းဖြစ်ကြောင်း၊ မိမိ၏ မွေးနေ့အတွက် အများသူငှာ၏ နံရံများတွင် အစွန်းအထင်မဖြစ်စေလို၍ ဖျက်ခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။ု

သမ္မတကြီးဦးသိန်းစိန်သည် ရိုးသားမှုနှင့် အဆောင်အယောင် အာဏာ အရှိန်အဝါ မမက်မောမှုတွင် အထူးနာမည်ကောင်းရသူ ဖြစ်ပြီး ၎င်းအား ချီးမြှင့်သည့် ငြိမ်းချမ်းရေးဆုကိုလည်း ကိုယ်တိုင်တက်ရောက်ယူခြင်းမရှိပဲ ဝန်ကြီး ဦးအောင်မင်းကိုသာ စေလွှတ် ယူစေခဲ့သည်။ တချိန်တည်းမှာပင် အသက်အရွယ်နှင့်မလိုက်အောင် အာဏာမက်မောသည့် ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံသို့ရောက်ရှိစဉ် သမ္မတကြီးဦးသိန်းစိန် အစိုးရ ကို အပြစ်တင်ပြောဆိုခဲ့ပြီး ၎င်း ကိုယ်တိုင် သမ္မတ အလွန်ဖြစ်ချင်ကြောင်းပြောဆိုခဲ့သည်။ 
လက်နက်ကိုင် ၁၀ ဖွဲ့ နှင့် ငြိမ်းချမ်းအောင် လက်တွေ့လုပ်ဆောင်နိုင်သော သမ္မတကြီး ဦးသိန်းစိန်က ၎င်း အား ပေးသည့် ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင် မယူခဲ့သော်လည်း မည်သည့် ငြိမ်းချမ်းရေး တစ်ခုမှ မလုပ်ဆောင်နိုင်ပဲ ရသည့် ငြိမ်းချမ်းရေး ဆုများကိုတော့ ဒေါ်အောင်ဆန်းစုကြည် မှ ကိုယ်တိုင် သွားယူကာ ကြီးကြီးကျယ်ကျယ်များပြောခဲ့ဖူးသည်။
 သမ္မတြ ကီးဦးသိန်းစိန်၏ နံရံဆေးပန်းချီ ဖျက်ဆီးမှုအတွက် သမ္မတထောက်ခံသူအချို့မှ မကျေနပ်လျှက်ရှိကြသော်လည်း သမ္မတကြီးဦးသိန်းစိန်ကိုတော့ ပိုမိုလေးစားခဲ့ကြကြောင်း သိရသည်။

အိုဘားမှား ပုံအား နံရံဆေးပန်းချီရေးစွဲစဉ်က eleven, the voice နှင့် ပြည်တွင်းပြည်ပ မြန်မာမီဒီယာ အများအပြားမှ အကျယ်တဝင့် ဝေဝေဆာဆာ ဖော်ပြခဲ့ကြသော်လည်း သမ္မတကြီး ပန်းချီကိုတော့ နှုတ်ဆိတ်လျှက်ရှိကြောင်း သိရသည်။

သမ္မတကြီးဦးသိန်းစိန် မှ graffiti ကို ဖျက်ခိုင်းစေခဲ့သော်လည်း အိုဘားမှာ ပုံဆွဲသူကိုတော့ အဆောင်အယောင် မက်မောသည့် အမေရိကန် သံရုံးမှ ဆက်သွယ်ကာ ချီးကျူးဂုဏ်ပြုခဲ့သည်။

  

http://www.myanmarexpress.net/

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်