သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 28 April 2013

1-ဆန္ဒပြမူ့ နောက်ကွယ်တွင် မည်သူတွေ ရှိနေသလဲ ဆိုတာ ဖော်ထုတ်မည်.....

 

ဟန်ဝင်းအောင်နဲ့ သွဲ့သွဲ့ဝင်းတို့အပြင် FB ပေါ်၌လည်း ခွန်ဒီးယမ်တို့လည်း ပါဝင်နေခဲ့သည် ။

ဆန္ဒပြမူ့များတွင်လည်း ......


၁။ နွေခေါင်ခေါင်မှာ ဘယ်သူမှ လယ် မထွန်သေးတဲ့ အချိန်ကို ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နေရာမှန်း သိသိ ကြီးနဲ့ ပြဿနာဖြစ်မယ် ဆိုတာကို သိသိကြီးနဲ့ လာပြီး လယ်ထွန်ကြတယ်

၂။ ရဲတွေကို ရိုက်ဖို့ မိန်းမတွေပဲ ရှေ့ကနေတက်လာတယ်.. ယောက်ျားတွေ တစ်ယောက်မှ မပါဘူး ။

၂၄ ရက်နေ့ မတိုင်မှီ ၁ ရက်အလို ၂၃ ရက်နေ့တွင် မည်သည့် အကြောင်းအရာနှင့်မျှ မပတ်သတ်ပဲ ။ ခွန်ဒီးယမ် အကောင့်တွင် ထိုပိုစ့်အား တင်ခဲ့သည် ။


ကျွန်တော့်၏ စိတ်ထဲတွင်လည်း လုံးဝ စဉ်းစားလို့ မရခဲ့ခြေ ။ အကြောင်းမရှိ အမျိုးသမီးတွေ ဆန္ဒပြပုံများကို တင်ပြခဲ့ပြီး ၊ ဆူပူမူ့များ ဖြစ်စေရန် သွေးထိုးလှုံဆော်ခဲ့သည် ။

ဖြစ်စဉ်များတွင်လည်း ၁၄၄ ထုတ်ထားသော်လည်း ဥပဒေအား မထီမဲ့ပြုခဲ့သည့် အပြင် တာဝန်ကျ နိုင်ငံ ၀န်ထမ်းများအား လက်နက်များဖြင့် စီးနင်း တိုက်ခိုက်ခြင်းမှာလည်း အဘယ် သို့သောကြောင့်နည်း ။ တိုက်ခိုက်သူများမှာလည်း အမျိုးသမီးများသာ ဖြစ်နေသည်မှာ ထူးဆန်းအံဖွယ်ပါ တကား ..... ။

ထို့ကြောင့် ထိုဖြစ်စဉ်များမှာ ဆက်စပ်မူ့ ရှိနေသည်မှာ အချိန်တွေက သက်သေပြနေခဲ့သည် ။ ထိုကိစ္စရပ် များ မဖြစ်ခင်တွင် အမေရိကန်နိုင်ငံ အမျိုးသမီးများ ဆန္ဒပြမူ့ကို အတုယူစေရန် ဟန်ဆောင် အပြုသဘော ဖြင့် သွေးထိုးခဲ့သလို ၊ ပြည်သူလုထု ၁ ရပ်လုံး ပါဝင် ဆူပူစေရန် တိုက်တွန်းနေခဲ့ကျသည် ။

၎င်းတို့ အစီအစဉ်မှာ ....

၁ ။ အမျိုးသမီးများ ဆန္ဒပြရန် ၊ ၀င်ရောက်တိုက်ခိုက်ရန် မြှောက်ပင့်ပေးပြီး ၊ အွန်လိုင်းပေါ်ရှိ ပြည်သူများ ထောက်ခံစေရန် ကြိုတင် ၀ါဒဖြန့်ခဲ့သည် ။

၂ ။ ထိုအမျိုးသမီးများ အနာတရဖြစ်ခဲ့လျှင်လည်း မီဒီယာများဖြင့်ဖွပြီး ၊ ၄င်းတို့ တင်ခဲ့သည့် ၀ါဒဖြန့်မူ့များကို အကွက်ချပြီး ပြန်လည်အသက်သွင်း သွေးဆူစေရန်ဖြစ်သည် ။

၃ ။ အရေးကြီးဆုံး အချက် ၂၀၁၅ ဒေါ်စု အတွက်ဖြစ်သည် ( အောက်သို့ ဆက်ဖတ်လျှင် အမြင်ရှင်းနိုင် ပါသည် ။ )

ထိုဖြစ်စဉ်များအား ၄င်းတို့ အသိုင်းအ၀ိုင်း ကြိုတင်သိနေခဲ့ကြသည်ဆိုသည်မှာ ဧကန်မလွဲပေ ၊ နောက်ကွယ် ကြိုးကိုင်မူ့များနှင့် အတူ အဖက်ဖက်မှ လှုံဆော်ပြီး ဆန္ဒပြမူ့များ ဖြစ်ပေါ်စေရန် သွေးထိုးပေးခဲ့ကျသည် ။

မဖြစ်ခင် ၁ ရက်အလိုမှာ FB ပေါ်၌ တက်ပြီး ၀ါဒဖြန့်ခဲ့သလို ၊ ဖြစ်နေစဉ် အချိန်တွင်းမှာလည်း အာရုံလွဲ ပြောင်းပြီး ဒေါ်စု ကောင်းခန်းများ ဖွင့်နေခဲ့ကျသည် ။

အဘယ်သို့သောကြောင့် ပြဿနာတွေကြားက ကောင်းခန်းဖွင့်နေကျသနည်း ?

ထို ဖြစ်ရပ်များသည် ဒေါ်စု ကိုယ်တိုင် လုပ်ခဲ့သည် မလုပ်ခဲ့သည်ကို ကျွန်တော် တပ်အပ်မပြောနိုင် သော်လည်း ၄င်း၏ နောက်လိုက်များ ပါဝင်နေသည်ဆိုတာ မုတ်ချ မှန်ကန်ပါသည် ။ ပထမ အကြိမ် ဒေါ်စု လက်ပံတောင်းတောင် ကိစ္စရပ်တွင် ၀င်ရောက် ဖြေရှင်းခဲ့ရာ .... ပြည်သူများ အကြည်ညိုပျက်ခဲ့ရသည် ။

ယခု ဒုတိယ အကြိမ် ပြဿနာကို ဒေါ်စု မရှိသည့် အချိန်နှင့်ကိုပြီး သွေးထိုး လှုံဆော်၍ ဒေါ်စုအား နောက်ဆုံး ဖျာဝင်ခင်းရန် အကွက်ချ နေခဲ့သည် ။

ပြဿနာ ဖြစ်တိုင်း အနား မရှိတက်သော ဒေါ်စု အား ၊ အကြည်ညိုပျက်နေကျသည်မှာ အများပြည်သူလူထု အသိပင်ဖြစ်သည် ။ အရင့် အရင်က ပြဿနာများအား ဒေါ်စု မရှိချိန်တွင် အစိုးရမှ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့ ကျဖူးသည် ။

ယက္ခု ဒုတိယ အကြိမ် လက်ပံတောင်းတောင် ကိစ္စတွင် မထင်မှတ်ထားသည့် သဲလွန်စ များရရှိလာခဲ့သည် ။ ၄င်း၏ နောက်မြှင်္ီးစွဲများ ၀ါဒဖြန့်၍ မှိုင်းတိုက်နေကျသည် ။

ထိုကိစ္စများကို ဒေါ်စု မသိခဲ့ခြင်းလား ၊ မသိချင်ယောင်ဆောင်နေခြင်းလား ၊ ၄င်းကိုယ်တိုင် ပါဝင်နေလား ကျွန်တော်လည်း အတိအကျ မပြောနိုင်ပေ ။

ထို့ကြောင့် ပြည်သူလူထုများ အသိရှိကြပါ ၊ စည်းလုံးကြပါ ၊ စဉ်းစားကြပါ ။

ကျွန်တော်တို့ မြန်မာနိုင်ငံ နောင်ရေးဟာ ....

ခင်ဗျားတို့ လက်ထဲမှာပဲ ရှိပါတယ်ဗျာ ။

ယက္ခု မထင်မှတ်သည့် သဲလွန်စ ဟာ ၊ ၄င်းတို့ အောက်တန်းကျမူ့များကို သက်သေပြနိုင်သလို ၊ စဉ်းစား တွေးတောဖို့ များစွာ အထောက်အကူဖြစ်ပါတယ် ။ ယခု ကိစ္စနှင့် ပက်သက်ပြီး အရင် ဖြစ်ခဲ့သော ကိစ္စ ရပ် များအား ပြန်လည်တွေးတောကြည့်မည် ၊ သုံးသပ်မည် ဆိုလျှင် အဖြေက ရှင်းရှင်းလေးပါ ။ ကျွန်တော် အနည်းငယ်ပဲ ပြောဆိုရသည်မှာ ကျွန်တော် ၀ါဒ ဖြန့် နေသူ ၁ ယောက်လို့ ထင်မည်စိုးသောကြောင့် အ နည်း ငယ်သာ ပြောပြခြင်းဖြစ်ပါသည် ။ ကျွန်တော်၏ ထင်မြင်ချက်များအား ရေးချ ပြောဆိုခြင်း မရှိခဲ့ပေ ။

ခင်ဗျားတို့လည်း ဒီဦးဏှောက်ပဲ ၊ ကျွန်တော်လည်း ဒီဦးဏှောက်ပဲ အားလုံးဟာ အတူတူပါပဲ ။ မတူနေသည့် အချက်က လွတ်လပ်စွာ တွေးခေါ်ခြင်းပဲ ၊ ဒေါ်စုကို သာမန်လူ ၁ ယောက်အဖြ စ် အနေနဲ့ စဉ်းစား တွေးခေါ်ကြည့်မည်ဆိုလျှင် .................. 
from-စစ်ကြီး
 



No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်