သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 27 April 2013

၄၀-ယူအန်၏ အကြီးမားဆုံးသော ဒုက္ခသည် ပြောင်းရွှေ့မူကြီး

တောင်အာရှ နိုင်ငံတစ်ခုဖြစ်သော နီပေါနိုင်ငံတွင် ခိုလုံနေခဲ့သော ဘူတန် ဒုက္ခသည် ၇၈၀၀၀ သည် အမေရိကန်နှင့် အနောက် နိုင်ငံများတွင် အခြေချ နေထိုင်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်ဟု ယူအန်က သောကြာနေ့က ကျေညာသည်။

4c6020766
အဆိုပါ ဘူတန် ဒုက္ခသည်များသည် နီပေါနိုင်ငံရှိ ဒုက္ခသည် စခန်းများတွင်  ဆယ်စုနှစ် (၂) ခုခန့်ကြာ ခိုလုံနေပြီးနောက် ထိုသို့ အခြေချ နေထိုင်ခွင့် ရရှိသွားခဲ့ကြသည်ဟု ဆိုသည်။
ဒုက္ခသည်များကို ပြန်ပို့ရေး အတွက် ဘူတန် အစိုးရနှင့် စေ့စပ်


ညှိနိုင်းမူများ နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီးနောက် အောင်မြင်မူ မရရှိခဲ့သည့် အတွက် နောက်ပိုင်းတွင် ယခုကဲ့သို့ ဘ၀သစ်ဖြင့် ပြောင်းရွှေ့ အခြေချခွင့် ရရှိသွားခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည်များ အားလုံးမှာ နီပေါလူမျိုးများ ဖြစ်ကြပြီး  ၁၉၉၀ ခုနှစ် အစောပိုင်းတွင် ဘူတန်နိုင်ငံမှ နယ်စပ်ကို ကျော်ဖြတ်ပြီး နီပေါ နိုင်ငံသို့ ထွက်ပြေး ခိုလုံလာကြသူများ ဖြစ်သည်။
ဘူတန်နိုင်ငံ၏ အမျိုးသား အ၀တ်အစားအား မ၀တ်မနေရ ဥပဒေ စည်းမျဉ်းများ ထုတ်ပြန်မူနှင့် အတူ နီပေါလီ ဘာသာ စကားအား ဘူတန်နိုင်ငံ အတွင်း အသုံးပြုခွင့်ကို ပိတ်ပင်ပြီးနောက် ခွဲခြားဆက်ဆံခံရသည်ဟု ဆိုကာ သိန်းဂဏန်းရှိသော နီပေါလီ လူမျိုးများသည် ဘူတန်နိုင်ငံမှ ထွက်ပြေးခဲ့ကြသည်။
ယူအန် လက်အောက်ခံ အဖွဲ့တစ်ခု ဖြစ်သော UNHCR မှ သောကြာနေ့က ထုတ်ပြန်သော ကျေညာချက်တွင် ဒုက္ခသည် တစ်သိန်းက အနောက်နိုင်ငံများတွင် အခြေချလိုကြောင်း လျှောက်ထား ခဲ့ကြသည်ဟု ဆိုသည်။
၂၀၀၇ ခုနှစ်ကတည်းက ဘူတန် ဒုက္ခသည်တွေကို ရွှေ့ပြောင်းခွင့်ပြုပေးခဲ့သည်ဟု ပြောသည်။
နီပေါရှိ ဘူတန် ဒုက္ခသည် ၈၀၀၀၀ နီးပါးခန့် အနောက်နိုင်ငံများတွင် အခြေချရန် ရွှေ့ပြောင်းခွင့် ရခြင်းမှာ ယူအန် သမိုင်းတွင် မယုံနိုင်လောက်ဖွယ်ကောင်း ဖြစ်ရပ် တစ်ခု ဖြစ်ကြောင်း UNHCR နီပေါနိုင်ငံ ကိုယ်စားလှယ် Diane Doodman က ပြောသည်။
ထိုအထဲမှ ၆၆၀၀၀ ဟာ အမေရိကန် နိုင်ငံကို ထွက်ခွာသွားခဲ့ပြီး တစ်ခြားသူများမှာ  ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ နော်ဝေး၊ ဒိန်းမတ်၊ နယ်သာလန်နှင့်  ဗြိတိန် နိုင်ငံတို့တွင် အခြေချခွင့် ရရှိသွားကြသည်ဟု ဆိုသည်။
UNHCR ရဲ့ ပြောကြားချက်အရ  နီပေါနိုင်ငံတွင် ရှိနေသော  ဘူတန် ဒုက္ခသည် တစ်သိန်းခန့်ကို ၂၀၁၄ ခုနှစ် နောက်ဆုံထားပြီး အနောက်နိုင်ငံတွေကို ပို့ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုသည်။
နောက်ထပ် နီပေါနိုင်ငံရှိ စခန်းများတွင် ဒုက္ခသည် ၃၀၀၀၀ ကျန်ရှိနေအုံးမည်ဟု ဆိုသည်။
 အွန်လိုင်းဂျာနယ်မှ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်