သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 25 April 2013

၂၉-၉၆၉တံဆိပ် ဖျက်ဆီးသူကို ထောင်ဒဏ် ၂နှစ်ချ



ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် တွင် ၉၆၉အမှတ် တံဆိပ်ပါစတစ်ကာကို ဖျက်ဆီးခဲ့သူ ကျောက်ကြီးမြို့နယ် မုန်းမြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ ဦးအာမင် (ခ) စိုးလွင် ကို တရားရုံးက ဧပြီလ ၂၃ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း မြို့နယ် တရားသူကြီး ဦးမြင့်ကျော် က The Voice သို့ ပြောကြားသည်။


အဆိုပါ အသက် ၄၂ နှစ် အရွယ် အမျိုးသားကို လူတစ်စု ကိုးကွယ်ယုံကြည်သော ဘာသာသာသနာကို တမင် ညစ်နွမ်းအောင် ဆောင်ရွက်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅-က ဖြင့် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

ဧပြီလ၂၀ရက်နေ့ ည၁၁နာရီက မုန်းမြို့၊ ရပ်ကွက် (၅)ရှိ ကွမ်းယာဆိုင်ရှိ ကြည့်မှန်တွင် ကပ်ထားသော ၉၆၉ အမှတ် တံဆိပ်ပါ စတစ်ကာကို ဦးအာမင်(ခ) စိုးလွင်က ဆိုင်ကယ်သော့ တံဖြင့် ထိုးခွာခဲ့သည်ဟု ဆိုကာ မုန်းမြို့အုပ်ချုပ်ရေးမှူး ဦးစစ်သိန်း က မုန်းမြို့ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း မုန်းမြို့ရဲစခန်းထံ ကနဦး တိုင်ကြားချက်များ အရ သိရှိရသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး မုန်း ရဲတပ်ဖွဲ့စခန်းက (ပ)၁/၂၀၁၃ လူတစ်ဦး၊ လူတစ်စု ကိုးကွယ်ယုံကြည်သော ဘာသာသာသနာကို တမင်ညစ်နွမ်းအောင် ဆောင်ရွက်သော ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅-က ဖြင့် ကျောက်ကြီးမြို့နယ် တရားရုံးသို့ ဧပြီလ၂၂ရက်နေ့က တရားစွဲဆို တင်ပို့ခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်