သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 25 April 2013

၃၂-ညီအကိုအရင်းကဲ့သို့သော တိုင်းရင်းသားများ

 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရ၏ ဒို့အရေးသုံးပါး ပြည်ထောင် စုမပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်  မှုမပြိုကွဲရေး အချုပ်အခြာအာဏာတည်  တံ့ခိုင်မြဲရေးဆိုသည့်အရေးသုံးပါး၌ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲ ရေးသည်မြန်မာနိုင်ငံတွင်မရှိမဖြစ်လိုကို လိုအပ်ရမည့်အရေးသုံးပါးအနက်အဓိက  ခက်မတစ်ခုဖြစ်နေပါသည်။ အခုတလော ခေတ်စားနေသည့်စကားလုံးမှာ


 “ငြိမ်းချမ်း  ရေးလုပ်ငန်းစဉ်ဖြစ်နေပါသည်။ တချို့ ပုဂ်္ဂိုလ်များ၊ ပညာရှင်များ၊ နိုင်ငံရေးအဖွဲ့  အစည်းများက ငြိမ်းချမ်းရေးမအောင်မြင်  ခြင်းမှာ လုပ်နည်း၊ လုပ်ဟန်မမှန်ကန်၍ သော်လည်းကောင်း၊ ငြိမ်းချမ်းရေးဆောင် ရွက်ပါကမအောင်မြင်စရာအကြောင်း မရှိပါလို့အမျိုးမျိုးအကြံပြုရေးသား၊ ပြောဆိုနေကြပါသည်။
ကချင်ပြည်နယ်အတွင်း အစိုးရတပ် နှင့် ကေအိုင်အို/ကေအိုင်အေတပ်များ တိုက်ခိုက်နေသည်မှာ (၉.၆.၂၀၁၁)မှ ယနေ့ထိ ဖွတ်ဖွတ်ကြေကြေတိုက်နေကြ သည်။ ရပ်ဝေးတိုင်းပြည်နယ်၊ ပြည်ပမှ ကြားသိရတာထက်အနီးကပ်ကြည့်ရှုမြင် နေရပါက ရင်တထိပ်ထိပ်အသဲကွဲစရာ အမှန်အတိုင်းမြင်နေရမှာဖြစ်တယ်။ ကေအိုင်အို/ကေအိုင်အေတပ်ဖွဲ့တို့မှာ လူအင်အားသောင်းဂဏန်းသာသာရှိပါ လိမ့်မည်ဟုတွေးမြင်ပါသည်။ သို့သော် အစိုးရတပ်ဘက်မှ တပ်မ (၃၃) (၈၈) (၉၉) (၁၀၁) ခြေလျှင်တပ်ရင်းပေါင်းများ  အဖြင့် တိုက်ပွဲဝင်နေကြမည်ဟုထင်မြင် ပါသည်။ အစိုးရတပ်ကတော့ အင်အား အလုံးအရင်းနှင့် နိုင်ငံခြားလုပ်ခေတ်မီ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ကြည်း တပ်လေတပ်၊ မြင်းတပ်၊ ယာဉ်တပ်များ အပါအ၀င်စစ်အင်္ဂါရပ်ပြည့်စုံသည်ဟု သိရှိသူတိုင်းပြောကြပါသည်။ အစိုးရတပ် ဖွဲ့အနေဖြင့် ပြည်ပရန်သူများအားခုခံတိုက် ခိုက်ပုံစံကဲ့သို့ဖြင့် တိုက်ပွဲဆင်နွှဲနေကြ ကြောင်းကြား သိရပါသည်။
ဤကဲ့သို့သော ညီအစ်ကိုရင်းကဲ့သို့ သော တိုင်းရင်းသားများသည်မည်သည့် ကြောင့် မည်သို့ကြောင့်ကြီးကျယ်ပြင်းထန်  သော တိုက်ပွဲများအကြိမ်ပေါင်းထောင် ဂဏန်းတိုက်ပွဲများဖြစ်နေကြောင်းစဉ်းစား  စရာပေါ်ပေါက်လာပါသည်။ ဤသို့သော အကြောင်းအရာများကို ပြောပြရေးသား နေပါက ပြီးဆုံးနိုင်တော့မည်မဟုတ်ပါ၍ တိုင်းရင်းသားညီအစ်ကိုများ ဖြစ်နေကြောင်း ကို ဖော်ပြရေးသားတင်လိုပါသည်။
ကချင်တိုင်းရင်းသားလူမျိုးများ
ကချင်တိုင်းရင်းသားလူမျိုးများသည်  မွန်ဂိုမျိုးနွယ်မှ မွန်ဂိုလီးယားတောင်ပြန့် ကြီးမှ တိဗက်မြန်မာအုပ်စုတွင် ကချင်လူ မျိုးများပါဝင်ကြသည်ဟု သမိုင်းသုတေသီ  တို့ကဆိုကြသည်။ ရှေးကချင်လူကြီးမိဘ များကလည်း ((MAJOI SHINGRA BUM) (TIBETMAJOI)) မွန်ဂိုလီယား တောင်တန်းပြန့်ကြီးမှဆင်းသက်လာပုံပြော ဆိုကြပါသည်။ (ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံ များ-ကချင်)စာအုပ်၌သော်လည်းကောင်း၊ (အစ္စရေးနိုင်ငံသံအမတ်ဟောင်း-ဒူဝါဦးလ  ၀မ်-၁၉၉၉)၌ ရေးသားထားသော (ကချင် စာပေ)၌သော်လည်းကောင်းဖော်ပြထား ပါသည်။ ထို့အပြင် မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) စာမျက်နှာ (၁၀) (၁၁) (၁၂) တို့၌ မြန်မာနိုင်ငံမြောက်ဖျားဧရာဝတီနှင့် ချင်းတွင်းခရိုင်နာဂတောင်တန်းနှင့် အသံ ပြည်တို့ဝန်းရံလျက်တည်ရှိပြီး စတုရန်း မိုင်ပေါင်း ၃၉၉၀၀ အကျယ်အ၀န်းရှိပါ သည်ဟုဖော်ပြထားပါသည်။
ကချင်လူမျိုးတို့မှာ တိဗက်မြန်မာ အနွယ်ဝင်များဖြစ်၍ မြန်မာတို့နှင့် တနွယ်  တည်းမှဆင်းသက်လာသူများဖြစ်ကြောင်း မြန်မာနိုင်ငံတွင်းသို့ (၁၁) ရာစုအတွင်း မြန်မာနိုင်ငံမြောက်ဖျားအစွန်းသို့ရောက်ရှိ  ကြ၍ (၁၅) ရာစုနှစ်တွင် ယခုပြည်နယ် အတွင်းသို့ရောက်ရှိလာကြကြောင်း ဖော်ပြထားပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးအကြို
ဒုတိယကမ္ဘာစစ်ပွဲပြီးဆုံးပြီးနောက် မြန်မာနိုင်ငံအင်္ဂလိပ်အစိုးရအဖွဲ့ဝင်ကာကွယ် ရေးဝန်ကြီးတာဝန်ယူနေသော ဖဆပလ ပါတီအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်အောင် ဆန်းသည်လွတ်လပ်ရေးရရှိရေးအတွက် ဗမာ၊ ရှမ်း၊ ကချင်၊ ချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် အားလုံးစည်းလုံးညီညွတ်ရေး ရရှိပါက မြန်မာနိုင်ငံလွတ်လပ်ရေးအမြန်  ရရှိလိမ့်မည်ဟုမျှော်ကိုးလျက် ၁၉၄၆ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့ မြစ်ကြီး နားသို့ရောက်ရှိလာပါသည်။ ဗိုလ်ချုပ် အောင်ဆန်းသည်အင်္ဂလိပ်အစိုးရ၏၀န်ကြီး တာဝန်လုပ်ငန်းဖြင့် ရောက်ရှိလာဟန်ဖြင့်  ကချင်ဒူဝါများနှင့် တွေ့ဆုံပြီး ဗမာတွေ နှင့် အတူတိုင်းရင်းသားများ အင်္ဂလိပ်ထံ မှ လွတ်လပ်ရေးအမြန်ရရှိရေးအတွက် လာရောက်ညှိနှိုင်းခဲ့ပါသည်။ ကချင်ဒူဝါ များသည်ဗိုလ်ချုပ်အောင်ဆန်းအား အစ်ကိုလိုသဘောထားယုံကြည်မှုရှိ၍ (၂၉.၁၁.၁၉၄၆) ရက်နေ့ညနေတွင်  လက်ဖက်ရည်ဝိုင်းဖြင့် အစည်းအဝေးပြု  ကြပါသည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်တွင် မန်ခိန်ကျေးရွာ၌ ကချင်ရိုးရာလက်ဆုံထမင်းစားပွဲ၌ ကချင် အမျိုးသမီးများ ဧည့်ခံကြိုဆိုပွဲကို ဗိုလ်ချုပ် အောင်ဆန်းနှင့် ကချင်ဒူဝါကြီးများတက် ရောက်ပြီး သမိုင်းဝင်ဓာတ်ပုံများ ရိုက်ယူ ပြီး လွတ်လပ်ရးတွင် ကချင်လူမျိုးများ ပါဝင်နိုင်ရန် ပင်လုံသဘောတူစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက် နေ့ တောင်ပေါ်တိုင်းရင်းသားများနှင့် မြန်မာလွတ်လပ်ရေးအတူရယူရန် စာချုပ်  ချုပ်ဆိုကြိုးပမ်းခဲ့ကြပါသည်။
မိမိနယ်မြေကို ချစ်မြတ်နိုးလူမျိုးဓလေ့- ယဉ်ကျေးမှုထိန်းသိမ်းနေထိုင်ခြင်း
ကချင်လူမျိုးများသည် ရှေးရှေးပဝေ သဏီကတောင်ပေါ်ဒေသမှ မြေပြန့်သို့ ရောက်ရှိလာရန် မေခနှင့် မလိခ (ဧရာဝတီ) မြစ်အတိုင်းလုပ်ခင်းလုပ်ကွက် ရှာဖွေရင်း အသက်မွေးဝမ်းကျောင်းဖြင့် မိမိဆွေမျိုးအသိုင်းအ၀ိုင်းနှင့် တည်ငြိမ် အေးချမ်းစွာဆင်းသက်လုပ်ကိုင်နေကြ လျက်ရှိပါသည်။ မည်သူတစ်ဦးတစ်ယောက်  အားသော်လည်းကောင်း၊ အိမ်နီးနားချင်း  ဒေသသို့သော်လည်းကောင်း၊ ရန်မူခြင်း၊ လုယက်တိုက်ခိုက်ခြင်းလုံးဝမရှိလျက် ချစ်ချစ်ခင်ခင်ပေါင်းသင်းကူညီတတ်သော လူမျိုးများဖြစ်ပါသည်။
ကချင်လူမျိုးများသည် ရှေးယခင် ဗမာဘုရင်များနှင့် ဆက်သွယ်ကူညီမိတ် သဟာရဖွဲ့ပြီး ဆက်ဆံမှုပြုခဲ့ကြပါသည်။ ဘကြီးတော်ဘုရားလက်ထက်၌ စစ်သူ ကြီးမဟာဗန္ဓုလအာသန်မဏိပူရသို့ စစ်ချီ တက်ရာတွင် ဟူကောင်းနယ်မှ ကချင်ဒူ ၀ါဒိုင်ဖာဂမ်အဖွဲ့နှင့် ပူးပေါင်း၍ စစ်ချီ တိုက်ခိုက်အောင်မြင်ခဲ့ပါသည်။ နေပြည် တော်ဘကြီးတော်ဘုရားသည်ဒူဝါဒိုင်ဖာ ဂမ်အား ဗိုလ်နေမျိုးသိန်ပရာဇာဘွဲ့၊ သီဟသူရဘွဲ့၊ လင်္ကျာကျော်ထင်ဘွဲ့တို့ကို ချီးမြှင့်ခဲ့သည်။ မင်းဝတ်တန်ဆာများချီးမြှင့် ရာ ယနေ့ထိဒိုင်ဖာမြေးမြစ်တို့၌ ရှိနေမြဲ ဖြစ်ပါသည်။ မင်းတုံးမင်းလက်ထက်၌လည်း (KAN SI DUWA) ကျောက်စိမ်းနယ်မြေ အုပ်ချုပ်သူဒူဒါကံဆီးမှ ကျောက်စိမ်းအရည်   ကောင်းသော ကျောက်စိမ်းများကို မန္တလေး- နေပြည်တော်သို့လက်ဆောင် ဆက်သပြီး ချစ်ကြည်ရေးပြုခဲ့ကြပါသည်။  ဘုရင်မင်းမြတ်လည်းဝမ်းသာအားရရှိတော် မူသဖြင့် သက္ကရာဇ် ၁၂၂၆ ခုနတ်တော် လပြည့်ကျော် (၆) ရက် တနလာင်္နေ့ စောမွန်တောင်စားခေါ်ပဗ္ဗတရာဇာကိုင် ရွှေထီးသနားတော်မူကြောင်းကို ဖာကန့် မြို့ဦးညေယျဘိဇံသဓဇဆရာတော်သက် တော် (၆၄) ၀ါတော်(၄၅)ရက ရေးသား ထားသော (ပဗ္ဗတရာဇာဘွဲ့ခံ) ကံဆီး မှတ်တမ်းအတ္ထုပတ်္တိ၌တွေ့ရသည်။
ဆရာလဆီးဘောက်၏ရေးသားသော စာအုပ်တွင် သီပေါမင်းလက်ထက်၌ ကချင်ပြည်နယ်ဗန်မော်မြို့ရှိကချင်နှစ်ခြင်း  သာသနာကျောင်းကန်မြေအဖြစ်အသုံးပြု ရန်အတွက်သတ်မှတ်ရေစက်ချမှတ်ပေးခဲ့ လေသည်။ ၁၈၈၅ ခုနှစ် သီပေါမင်းပါတော်  မူပြီးနောက်နှစ်ပေါင်း (၄၀) ကချင်ဒူဝါများ  သည်မိမိတို့၏နယ်မြေထိပါးကျူးကျော် လာသည့်အင်္ဂလိပ်နယ်ချဲ့ကို တွန်းလှန်  တိုက်ခိုက်ခဲ့သော တိုက်ပွဲအကြိမ်ပေါင်း များစွာဖြင့် လူအင်အားများစွာသေကြေ   ခဲ့ပြီး အိုးအိမ်ဥစ္စာပစ္စည်း၊ ကျွဲ၊ နွား၊ စပါး များတွင် သတ်ဖြတ်မီးရှို့ခံခဲ့ရသော်လည်း  မဆုတ်မနှစ်တိုက်ပွဲဝင်ခဲ့ရကြောင်း ၁၈၈၆ ခုနစ်မှ ၁၉၂၆ ခုနစ် အထိနှစ်ပေါင်း (၄၀) ခုခံတိုက်ခိုက်သည့်သမိုင်းအထောက်အထား များရှိပါသည်။
မြန်မာမင်းတို့သည် တရုတ်နှင့် စစ်ခင်းခဲ့စဉ်က မြစ်ကြီးနားမြို့၊ မန်ခိန်ရွာ ၌ ဘုရင့်တပ်မတော်များရပ်နားခဲ့စဉ်က ကချင်လူထုမှ လိုအပ်သည်များပံ့ပိုးပေးခဲ့ ရကြောင်း ဖော်ပြသိရှိရပါသည်။
သစ္စာရှိရှိ၊ သတ်္တိရှိရှိ ကချင်လူမျိုးများ၏ စွန့်စားမှု
ကချင်လူမျိုးတိုင်းရင်းများဆိုရာ၌ ရ၀မ်၊ လာချိဒ်၊ လော်ဝေါ်၊ ဇိုင်ဝါ၊ လီဆူ၊ ဂျိန်းဖော့ဟုအုပ်စု (၆) ရှိပါသော်လည်း တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ အုပ်စုချင်းရောနှောမျိုးစပ်၊ မျိုးထိပေါင်း ဖတ်နေထိုင်ကြပါ၍ အုပ်စုခွဲခြားမှုမရှိပါ။  တစ်အုပ်စုနစ်နာပါက ကျန်အုပ်စုများလုံး ၀မခံနိုင်ပါ။ အေးအတူပူအမျှ ဥမကွဲ၊ သိုက်မပျက်နေထိုင်လာသည့်ကချင်လူမျိုး  များဖြစ်သည်။ မွေးရာပါဇာတိဆင်းသက် လာသည့်အစဉ်အလာအတိုင်းကချင်ဒူဝါ များ၏ အကွပ်အထိန်းဖြင့် စည်းလုံးညီ ညွတ်စွာစည်းကမ်းရှိရှိနေထိုင်လာခဲ့သည် မှာ ယခုတိုင်ဖြစ်သည်။ မည်သည့်တိုင်း တစ်ပါး၊ မည်သည့်လူမျိုးခွဲခြားသူများ၏ လက်အောက်၌ သြဇာခံအောက်ကြို့ခံ ခြင်းအုပ်ချုပ်မှုကို မခံခဲ့ရသော လူမျိုးများ ဖြစ်ပါသည်။
မြန်မာဘုရင်လက်ထက်၌သော်လည်း ကောင်း၊ အိမ်နီးနားချင်းနိုင်ငံများ၏ လက်အောက်၌သော်လည်းကောင်း၊ အင်္ဂလိပ်တို့၏ လက်အောက်၌သော်လည်း  ကောင်းအုပ်ချုပ်မှုမခံရသော ကချင်တိုင်း ရင်းသားများသာဖြစ်ပေသည်။
သို့သော်မဟုတ်မတရားမိမိတို့၏လူမျိုး  မဆိုနှင့် မြန်မာနိုင်ငံတိုင်းရင်းသားများ  အရေးဆိုပါက သက်စွန့်ခုခံတိုက်ခိုက်နေ  သည့်အစဉ်အလာကောင်းများရှိနေကြပါ သည်။
၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း အား အစ်ကိုအရင်းကဲ့သို့ယုံကြည်စိတ်ချ ရသောကြောင့် ပင်လုံစာချုပ်ချုပ်ျဆိုကတိရ  ယူခြင်းမှာ မြန်မာဘုရာများထက်ထက် ကတည်းက မိတ်သဟာရပြုခဲ့ရာမှ လွတ်လပ်ရေးကြိုးပမ်ခဲ့ကြတာ ဗမာ့တပ် မတော်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွရဲဘော်သုံးကျိပ်အား ယုံကြည်  စွာဖြင့် လွတ်လပ်ရေးရပြီး ဖယိုဖရဲဖြစ်နေ  သော မြန်မာ့လွတ်လပ်ရေးကို လက်မ လွှတ်လို၌ ရန်ကုန်မြို့ကျတော့မည့်ဆဲဆဲ  လက်တလုံးအလိုတွင် ကချင်သေနတ်ကိုင်  အဖွဲ့နှင့် အင်္ဂလိပ်ခေတ်က အငြိမ်းစားယူ  ကချင်တပ်သားများက ဆမားဒူဝါဆင်ဝါး နောင်၏ စည်းရုံးမှုဖြင့် စွန့်စွန့်စားစားတိုက် ခိုက်ထိန်းသိမ်းယူနိုင်ခဲ့သည့်သမိုင်းလက်  ဝေမှာရှိပါသည်။
၁၉၄၂-၄၅ ခုနစ် ဒုတိယကမ်္ဘာစစ်  ၌ မြန်မာနိုင်ငံသို့ဖက်ဆစ်ဂျပန်တပ်ဖွဲ့များ   ၀င်ရောက်လာစဉ်အမေရိကန်တပ်ဖွဲ့ဦးစီး ခဲ့သော (OSSI-101-AMERICAN KACHIN RANCERS) (VICTOR IAFOR CETHEKACHINLEVIES) တို့၌ ကချင်လူမျိုးများ အင်အား (၁၁၀၀၀) ပါဝင်တိုက်ခိုက်ပြီး ဂျပန်ဖက် ဆစ်တပ်ကို မောင်းထုတ်ခဲ့ရာတွင်ပါဝင် ခဲ့ကြပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ပါလီမန်အစိုးရလက်ထက်၌ တောတွင်း ရောက်လက်နက်ကိုင်တပ်ရင်း ၁၊၂၊၃၊၄၊၅ တို့သည်အသက်ပေါင်းများစွာစွန့်ပြီး မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာတည် တန့်ခိုင်မြဲရေးကို ကချင်လူမျိုးများတကွက်  မကျန်ထိန်းသိမ်းကာကွယ်ခဲ့ကြပါသည်။
ပင်လုံညီလာခံ
ပင်လုံညီလာခံအကြောင်းနှင့် စပ်လျဉ်း၍မြန်မာ့စွယ်စုံကျမ်းအတွဲ (၁) စာမျက်နှာ (၁၁- ၁၂)တွင် ဖော်ပြရေး သားထားသောစကား အတိုင်းရေးသား ဖော်ပြအပ်ပါသည်။
၁၉၄၇ ခုနစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလအစိုးရအဖွဲ့  တက်လာသောအခါသီးခြားကင်းလွတ်နေ သော တောင်တန်းဒေသများကို မြန်မာ ပြည်မကြီးအတွင်းသို့ သိမ်းသွင်းလိုသဖြင့် တောင်တန်းသားများနှင့် စကားကမ်းလှမ်း  ခဲ့ပေသည်။ သို့ဖြင့် ၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံ မြို့၌ကျင်းပသောပင်လုံညီလာခံကြီးတွင် တောင်တန်းဒေသခေါင်းဆောင်ကြီးများ  နှင့် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော မြန်မာခေါင်းဆောင်ကြီးတို့သည်တောင်တန်း ဒေသများအား မြန်မာပြည်မကြီးနှင့် ပူးပေါင်းရန်ကို တညီတညွတ်တည်းဆုံး ဖြတ်ကြလေသည်။ အဆိုပါသဘောတူညီ ချက်အရ ၁၉၄၇ ခုနစ် ဇွန်လ ၁ ရက်နေ့  တွင် စတင်ကျင်းပသောတိုင်းပြည်ပြုလွတ် တော်မှ ရေးဆွဲအတည်ပြုခဲ့သည့်နိုင်ငံတော်  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအခန်း (၁) အပိုင်ဒ် ၆ တွင် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်များဟူ၍ ယခင်ကခေါ်တွင် ခဲ့သော နယ်မြေများကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စု အဖွဲ့ဝင်တစ်ခုအဖြစ်ဖွဲ့စည်းရမည်။ ထိုပြည်တော်စုအဖွဲ့ဝင်ကို ဤမှ နောင် အဖို့တွင် “ကချင်ပြည်နယ်” ဟုခေါ်ရမည် ဟူ၍ အတိအလင်းရေးသားဖော်ပြထား ပါသည်။ ၁၉၄၈ ခုနစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိ ပြီးနောက်ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်ကို စတင်ဖွဲ့စည်းလိုက်လေ သည်။
မကျေနပ်မှုတွေကြောင့် စတင်ဖြစ်ပွားလာ သောပြဿနာများ
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး (၁၀) နှစ်ကာလကျော်လာသော်လည်း ပင်လုံကတိစာချုပ်အတိုင်းဖြစ်မလာခြင်း၊  ရသင့်ရထိုက်သောအခွင့်အရေး၊ ရပိုင်ခွင့် မရရှိခြင်း၊ ပြည်နယ်ဖွံ့ဖြိုးရေးတိုးတက်မှု မရှိခြင်းစသည်တို့အပြင်နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနုခေါင်းဆောင်သော ဖဆပလနှစ် ခြမ်းကွဲကာနိုင်ငံရေးတည်ငြိမ်မှုမရှိလာခြင်း ပြည်မဘက်မှ နိုင်ငံရေးအရှုတ်အရှင်းသည် ပြည်နယ်အထိထိပါးလာပြီး အရှုတ်အရှင်း ဖြစ်လာ၍ပိုပြီးပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်ခဲ့ရပါသည်။
ကချင်နယ်သား
 http://www.hotnewsweekly.com မှကူးယူဖေါ်ပြပါသည်၊

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်