သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 23 April 2013

၁၅-နည်းပညာကမ္ဘာ့ တစ်လွားမြန်မာပြည်မှထုတ်သောဖုန်းခေါ်နည်းပညာစာအုပ်လေးပါ



ကမ္ဘာတစ်လွှား အခမဲ့ ဖုန်းခေါ်နည်းပညာ
သန်းထိုက် (ရွှေရိပ်)
ထုတ်ဝေတိုက် - မဇ္ဈိမစာပေ
  တန်ဖိုး- ၂၅၀၀ 














နည်းပညာနဲ့ အမီ လိုက်နိုင်အောင် ကူညီ ပေးနိုင်မယ့် စာအုပ်မျိုးပါ။ နိုင်ငံရပ်ခြားကို အခမဲ့ ဖုန်းခေါ်နိုင်အောင်လို့ လက်တွေ့စမ်းသပ်ပြီး အသေးစိတ် လမ်းညွှန် ရှင်းပြပေးထားတဲ့ နည်းပညာ တွေ ပါဝင်တာမို့ အသက် အရွယ်၊ အတန်းပညာမရွေး ဘယ်သူမဆို လုပ်ဆောင် နိုင်ပါလိမ့်မယ်လို့ ဆိုတယ်။ Mobile Phone တွေ၊ Tablet တွေသာမကဘဲ ကွန်ပျူတာ ပေါ်ကနေပါ ပြောနိုင်အောင် လိုအပ်တဲ့ Software တွေကအစ ပံ့ပိုးပေးထားတယ်လို့ ဒီစာအုပ်ပြုစုသူက အာမခံထားတယ်။

ဒီစာအုပ်ပါ နည်းလမ်းတွေနဲ့ ဆက်သွယ်ဖုန်းခေါ်မယ်ဆို အင်တာနက်သုံးခသာ ကျသင့်မယ်လို့ ဆိုတာကြောင့် Smart Phone အခုမှ စသုံးသူတွေအတွက်လည်း စာအုပ်ပါ ရှင်းပြချက်တွေကို ဖတ်ရင်း ခပ်လွယ်လွယ် အသုံးပြုနိုင်ပါလိမ့်မယ်။ စာအုပ်မှာ CD ပါ တစ်ပါတည်း ပါဝင်တာ တွေ့တယ်။ CD ထဲက Free Call Software တွေကို ကိုယ့်ရဲ့ Device ထဲ ထည့်တဲ့အခါမှာ အဆင်မပြေတာမျိုး ဖြစ်ခဲ့ရင် လည်း ညနေ ၅ နာရီကနေ ၆ နာရီအတွင်း ဖုန်း ၀၉၄၄၈၀၁၉၅၉၇ ကို ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်တယ်လို့ ဒီစာအုပ်မှာ ဖော်ပြထားတယ်။

အစပြုလေ့လာခြင်း၊ Viber အသုံးချနည်းပညာ၊ Tango အသုံးချနည်းပညာ I Phone ပေါ်မှ Tango၊ Skype အသုံးချ နည်းပညာ၊ Aire Talk အသုံးချနည်းပညာ၊ ကွန်ပျူတာပေါ်မှ Tango အသုံး၊ Android App အသုံးများစတဲ့ အခန်းပေါင်း ၁၂ ခန်း ပါဝင်ပြီး အခန်းတစ်ခုချင်းစီရဲ့အောက်မှာမှ သက်ဆိုင်ရာ အကြောင်းအရာအလိုက် ခေါင်းစဉ်ခွဲ တွေနဲ့ အသေးစိတ် ပံ့ပိုးရှင်းပြထားတယ်။ ကိုယ့်သားသမီး၊ တူ၊ တူမတွေကို မေးရတာ စိတ်ရှည်လက်ရှည် ပြန်မဖြေလို့ စိတ်အနှောင့်အယှက် ဖြစ်နေရသူတွေ ရှိနေမယ်ဆိုလည်း ဘယ်သူ့အကူအညီမှ မယူဘဲ ဒီစာအုပ်ရှေ့ချ လက်တွေ့စမ်းသပ် ကြည့်နိုင်ပါလိမ့်မယ်။
http://thevoicemyanmar.com မှ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်