သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday, 30 April 2013

24-၀တပ်ဖွဲ့၏အကူအညီဖြင့် KIA တပ်ဖွဲ့အတွင်းသေနတ်များကိုပြင်ဆင်


KIA တပ်ဖွဲ့ မှ တိုက်ပွဲအတွင်းပျက်စီးသွားသော လက်နက်များကို ပြန်လည်ပြန်ဆင်ရန်အတွက် “ ၀ ” တပ်ဖွဲ့ မှ လက်နက် ကျွမ်းကျင်သူများနှင့် ပြင်ဆင်နေကြောင်းသိရှိရပါသည်။
“ ၀ ” တပ်ဖွဲ့မှ လက်နက် ကျွမ်းကျင် သူ ၂ဦးသည် လိုင်ဇာသို့ ဧပြီလ ၂၆ရက်နေ့ က ရောက်ရှိလာပြီး KIA တပ်ဖွဲ့ များဖြင့် စခန်းတွေမှာ ပျက်စီးနေသော လက်နက်များကို လိုက်လံ ပြင်ဆင်နေကြောင်း၊ စခန်းတွေ မှာရှိသည့် ဖွဲ့စည်းပုံအတိုင်း လက်နက် ခဲယမ်းများကိုဖြည့်တင်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း ဌာနချုပ်မှ အရာရှိ တစ်ဦး၏ပြောပြချက် အရသိရှိရပါသည်။
“ တရုတ်မှ ကုန်သည်တွေနဲ့ ချိတ်ပြီး “ ၀ ” တပ်ဖွဲ့ ကလုတွေနဲ့ လက်နက်လာပြင်ခိုင်းတာပါ။ “ ၀ ” တွေက တ ရုတ်တွေ ဆီကနေ လက်နက်ပညာတွေပါ ရထားတော့ သူတို့အကူအညီယူရတာပေါ့ဗျာ၊ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ပျက်ကတည်းက စခန်းတွေကို လက်နက်ခဲယမ်းတွေဖြည့်ပေးနေတာ တရုတ်က ကုန် သည်ေ တွက ငြိမ်းချမ်းရေးကို လိုလားတဲ့ ပုံမပေါ်ပါဘူးဗျာ၊ ငါတို့ အောက်ကလူတွေနဲ့ ဒီက လူတွေကတော့ စစ် မဖြစ် စေချင်တော့ ပါဘူး” ဟု ကိုဘရန်ခေါင်းက ပြောပြခဲ့ပါသည်။
KIA တပ်ဖွဲ့မှ တရုတ်ကုန်သည်များ၏အကူအညီဖြင့် “ ၀ ” နှင့်ပူးပေါင်းကာ စစ်ရေးပြင်ဆင်နေသည့် အတွက် ငြိမ်းချမ်းရေး ပျက်ပြားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို လိုင်ဇာရှိဒေသခံများက စိုးရိမ်နေ ကြပါသည်။ အစိုးရတပ်နှင့် KIA တို့ မေလ ဆန်းပိုင်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ထပ်မံပြုလုပ်မည်ဟု ကြားသိရသော်လည်း KIAတို့ အနေနဲ့ စစ်ရေး ပြင်ဆင်မှုများ ရှိနေသောကြောင့် ဒေသခံများက စိုးရိမ်မှုများ ဖြစ်နေရကြောင်း မဆိုင်းနန်းကပြောပြခဲ့ပါသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်