သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday, 2 May 2013

40-ကမ္ဘာလှည့် ခရီးသွားများအတွက် လုံခြုံရေး ရဲတပ်ဖွဲ့ကို ရန်ကုန်အပါအဝင် ငါးနေရာ၌ ဖွဲ့စည်းထားရှိ ပေးထား


ကမ္ဘာလှည့် ခရီးသည်များကို ကူညီဆောင်ရွက်ရန် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ကို ၁.၄.၂၀၁၃ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ထိုတပ်ဖွဲ့တွင် လူဦးရေအင်အား ၃၀ ရှိပြီး မန္တလေး၊ နေပြည်တော်၊ ပုဂံညောင်ဦးနှင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့တို့၌လည်း တပ်ဖွဲ့အင်အား ၃၀ ဦး စီးဖြင့် ဖွဲ့စည်းထားရှိကြောင်း ၂၅.၄.၂၀၁၃ ရက်ညတွင် ရွှေတိဂုံစေတီ ရင်ပြင်ပေါ်၌


ထိုင်းလူမျိုး ကမ္ဘာ လှည့်ခရီးသွား ဧည့်သည်တစ်ဦး အဖွဲ့နှင့် လူစုကွဲ၍ အခက်အခဲ ကြုံတွေ့နေရသည်ကို ယင်းရဲတပ်ဖွဲ့က တာ ဝန်ယူ ရှာဖွေပေးခဲ့ကြောင်း၊

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်လူမျိုးတစ်ဦး အခက်အခဲကြုံနေသည်ကို သက်ဆိုင်ရာ တရု သံရုံးသို့ ဆက်သွယ်ပေးခဲ့ကြောင်း၊ ထို့ပြင် ရှမ်းပြည်နယ် ညောင်ရွှေ၌ ဂျာမနီလူမျိုးတစ်ဦး ပိုက်ဆံအိတ် ကျပျောက် ခဲ့သည်ကို သိရှိရ၍ မိမိတို့တပ်ဖွဲ့ရှိရာ ပုံဂံညောင်ဦးဒေသရှိ တပ်ဖွဲ့စုမှူးနှင့် ချိတ်ဆက်၍ ဖြေ ရှင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးတပ်ဖွဲ့ တပ်ဖွဲ့စုမှူးရုံး (ရန် ကုန်) မှ ဒုတိယရဲမှူး ဦးသန်းမြင့်ဇော်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး တပ်ဖွဲ့ ကို ဘယ်သူကမှ သီးသန့်ဝန်ဆောင်ခ ပေးစရာမလိုပါဘူး။

မကြာခင်မှာလည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဒေသတွေမှာ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး တပ်ဖွဲ့မှူး ရုံးတွေ ဖွင့်သွားဖို့ ရှိပါတယ်” ဟု ၄င်းကထပ်မံ ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ ကမ္ဘာလှည့် ခရီးသွား ဧည့် သည် အများဆုံး သွားရောက်တတ်သည့် ရွှေတိဂုံဘုရား၊ အမျိုးသားပြတိုက်၊ ဗိုလ်ချုပ်ဈေး၊ ပန်းဆိုး တန်း ဒလဆိပ်ကမ်းနှင့် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရားတို့၌ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ ထိုရဲတပ်ဖွဲ့ဝင်များသည် UFL ကျောင်းတွင် အင်္ဂလိပ်ဘာသာ စကား သင်တန်းများ တက်ရောက်နေ ကြပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းများလည်း တက်ရောက်နေကြကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်