သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday, 2 May 2013

41-အရက်ကြိုက်တပ်သူများ အရက်သောက်ယင်းစားတဲ့ ဒီလိုအမြည်းကလေးတော့ ရှောင်သင့် ပါတယ်

အရက်ကိုမသောက်နဲ့ လို့ ပြောဆိုတိုက်တွန်းရေးသားလည်း ကြိုက်တဲ့ လူ ခါးသီးတဲ့ အရသာနှစ်သက်ချစ်ခင်တဲ့ လူကတော့ ရှိနေတော့ .... ရေးပြလည်းရေးပြတဲ့ လူ အရှုးပဲလေ ဒီတော့ 
တန်ဆေး လွန်ဘေး လေးတော့ လုပ်ကြပါလို့ ပြောယင်း၊စာရေးသူအလင်းရောင်ကြယ်ဆိုတဲ့ လူလည်း ဘီယာသောက်တပ်ပါတယ်..အရက်သောက်မယ်ဆိုယင်ရင်၊
ဒီလိုအမြည်းကလေးတော့ ရှောင်သင့် ပါတယ်....
Photo: အရက်နဲ့တွဲဖက် မစားသင့်တဲ့စားစရာများ

မုန်လာဥနီ

မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်
ပစ္စည်းတွေ ထွက်တတ်တယ်။

ပဲတီစိမ်းအဖတ်

ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့်ထည့်ရပါတယ်။
ဒါကြောင့်ပဲတီစိမ်းအဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည်လာစေ
ပြီး အရက်ပိုမူးစေတယ်လို့ ဆိုတယ်။

ဝက်အူချောင်း

ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်
တဲ့အပြင် အစာအိမ်နဲ့အူကင်ဆာတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

 အသားကင်

အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတစ်မျိုး ပေါ်ထွက်
တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ
ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာစေနိုင်ပါတယ်။ 

သိသလောက်ရှာဖွေရေးသားတင်ပြထားပါတယ် ဘာတွေလည်းဆိုတာ..

သောက်လည်းသောက်ပေါ့ နော် ...သတိကလေးလည်းလက်မလွှတ်စေနဲ့ အုန်း..
အွန်လိုင်းတစ်ခုမှ-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်