သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 2 May 2013

42-နန်းခင်ဇေယျာက မေလ ၁ ရက်တွင်ပြုလုပ်မည့် ဆင်းရဲနွမ်းပါးကလေးငယ်များ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးခြင်း လုပ်ငန်းအတွက် ဗော်လန်တီယာများဖိတ်ခေါ်


ရန်ကုန် ၊ ဧပြီ ၃၀
နန်းခင်ဇေယျာက ရန်ကုန်တိုင်းဒေသကြီး (၁၀) မြို့နယ်မှ ပရဟိတဂေဟာ (၁၂) ခုနှင့် ဆင်းရဲနွမ်းပါးကလေး ငယ် (၁၃၅၀) ဦးတို့၏ စိတ်ဓာတ် ပိုင်းဆိုင်ရာမြင့်တင်ပေးခြင်း အားသစ်လောင်းအစီအစဉ်ကို မေလ ၁ ရက် ( အလုပ်သမားနေ့)တွင် ပြည်သူ့ရင်ပြင်၌ နံနက် (၁၀)နာရီ မှညနေ (၅) နာရီထိ ပြုလုပ်မည်ဖြစ်ကြောင်းသူ၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားချက်အရသိရသည်။ကလေးတိုင်းမိမိကိုယ်မိမိ ယုံကြည်မှုရှိလာစေ ရန်။

 မျှော်လင့်ချက်များရှင်သန်လာစေရန်။ကလေးတိုင်းအားသိမ်ငယ်မှုများပပျောက်စေရန်။ရဲရင့်ခြင်းရှိလာစေရန်။ ကိုယ်ကျင့်တရားနှင့်စည်း စနစ်စံနှုန်းများကိုလေးစားထိန်းသိမ်းတတ်သူများဖြစ်လာစေရန် ။ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ပညာရေးကိုပိုမိုအလေးထား တတ်စေရန်။ လူအချင်းချင်းစာနာစိတ်ဖြင့်ရင်းနှီးပွင့်လင်းစွာဆက်ဆံတတ်စေရန်။ရည်ရွယ်ပြီး ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင်းနန်းခင်ဇေယျာက လူမှုကွန်ရက် စာမျက်နှာတွင်ဖော်ပြထားသည်။ယင်းအတွက် သူနှင့်အတူ အားပေးစကားပြောရင်းကလေးငယ်တို့၏ ယုံကြည်မှု၊ စိတ်ဓါတ်ပိုင်းဆိုင်ရာကြံ့ခိုင် မှုရရှိအောင် ၀ိုင်းဝန်းကူညီထောက်ပံ့ကြရရန် မိဘပြည်သူများ၊စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ထားကြောင်းသိရသည်။
NLA
 http://popularmyanmar.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်