သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday, 15 May 2013

မာနမထားသောမြန်မာသမ္မကြီးကတော်-သမ္မတကတော် စီးလာသည့် ကားပင် လမ်းရှင်းပေးစရာမလို














 
အထူးတလည် လမ်းရှင်းပေးရ မည့်အထဲတွင် နိုင်ငံတော် သမ္မတကြီး ကတော်ပင် မပါဝင်ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှ ရဲမှူးကြီး ကျော်ထွေးက ပြောသည်။ ယာဉ်ထိန်း ရဲတပ်ဖွဲ့၏ တာဝန်နှင့် ဆောင်ရွက် ပိုင်ခွင့်အရ အချက် ငါးချက်ရှိရာ နောက်ဆုံး အချက်တွင် အရေးကြီး ပုဂ္ဂိုလ်ယာဉ်တန်း၊ ဧည့်သည်တော် 

 
ယာဉ်တန်းနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများ အတွက် အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေးရန် ပါဝင်ကြောင်း၊ ထိုအထဲတွင် အရေးကြီး ပုဂ္ဂိုလ်ဖွင့်ဆို ချက်ကို နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စု ဝန်ကြီး များနှင့် ဝန်ကြီးချုပ်တို့သာပါဝင်ကြောင်း ရဲမှူးကြီးက ဆိုသည်။
"သမ္မတကြီးကတော် နေပြည်တော်ကနေ ရန်ကုန်ကိုဆင်းလာတယ်။ အဲဒီကားနံပါတ်ကို ယာဉ်ထိန်းရဲတွေ သိကြတာပဲ။ ဒါပေမဲ့ အများပြည် သူ အတိုင်းပဲ ပိုပြီးတော့မှ လမ်းရှင်းပေး တာတို့ မလုပ်ကြဘူး”ဟု ၄င်းက ပြော သည်။ ယာဉ်တိုက်မှုအန္တရာယ် မဖြစ်ပွား စေရန်နှင့် ယာဉ်ကြောပိတ် ဆို့မှု မဖြစ် စေရန် ယာဉ်ထိန်းရဲက ၄င်း၏ တာဝန် အတိုင်း ဆောင်ရွက်နေပြီး အရေးကြီး ပုဂ္ဂိုလ်များ မဟုတ်ဘဲ အခြားသူများက တာဝန်မဟုတ်သည့် ဈေးဝယ်ထွက်ခြင်း၊ အခြားကိစ္စများ ဆောင်ရွက်ခြင်း အပေါ် အထူးတလည် လမ်းရှင်းပေးမှုကို ဆောင်ရွက်ပေးခြင်း မပြုလုပ်နိုင်ဟု ရဲမှူးကြီးက ဆက်ပြောသည်။
သို့သော် ယခင် စစ်အစိုးရ အကြီး အကဲဟောင်း၏ မြေးဖြစ်သူ အပါအဝင် ဒုတိယဝန်ကြီး တစ်ဦး၏ ဇနီးတို့က ၄င်းတို့ကားကို လမ်းမရှင်းပေးသဖြင့် တာဝန်ကျ ယာဉ်ထိန်းရဲတို့ အပေါ် အနိုင်အထက် ပြောဆိုမှုတို့ ရှိခဲ့ကြောင်း အင်တာနက်ပေါ်တွင် သတင်းများ ပျံ့နှံ့ခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ရဲမှူးကြီးကျော်ထွေးက”ကျွန်တော်ပြောပြီးပြီပဲ။ အထူးတလည် လမ်းရှင်းပေးရမယ့် ပုဂ္ဂိုလ်က ဘာတွေ လဲဆိုတာကို”ဟု ပြောသည်။
ပေါ်ပျုလာဂျာနယ်-

 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်