သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday, 15 May 2013

ဝက်မကြီးမှ ဆင်၊ ကြံ့၊ မျောက်ခေါင်းပါ ဝက်သုံးကောင် မွေးဖွား(ကြံကြံဖန်ဖန်နေပြည်တော်)


ဝက်မကြီးမှ ဆင်၊ ကြံ့၊ မျောက်ခေါင်းပါ ဝက်သုံးကောင် မွေးဖွားနေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ

မြို့နယ်တွင် မိခင် ဝက်မကြီးမှ ဝက်သားပေါက် ခြောက်ကောင် မွေးဖွားသည့် အနက် သုံးကောင်မှာ ဝက်ခန္ဓာ

ကိုယ်နှင့် ဆင်ခေါင်း သဏ္ဌာန် တစ်ကောင်၊ ကြံ့ခေါင်းသဏ္ဌာန် တစ်ကောင်၊ မျောက်ခေါင်းသဏ္ဌာန် တစ်ကောင်

တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီတွင် ဇေယျာသီရိ မြို့နယ် ခေတ်အေး ကျေးရွာအုပ်စု မရင်းကြီး ကျေးရွာနေ ကိုသန်းနိုင်ဦး-

မဇင်မာဦးတို့ မွေးမြူထားသော ဝက်မကြီးမှ ဝက်ပေါက် အထီးတစ်ကောင် စတင် သားကျပြီး ဒုတိယ သားပေါက်

တွင် ကြံ့ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ တတိယ သားပေါက်တွင် ဆင်ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ စတုတ္ထ

သားပေါက်တွင်မျောက်ခေါင်းသဏ္ဌာန်ဖြင့်တစ်ကောင်၊ထို့နောက်ဝက်ပေါက်နှစ်ကောင်စုစုပေါင်းခြောက်ကောင်

ပေါက်ဖွား ခဲ့ကြောင်း သိရသည်။

ယခုပေါက်ဖွားသော ဝက်သားပေါက် ကလေးများမှာ အလျား ၈ လက်မခန့် ရှိပြီး ဆင်ပေါက်ကလေးမှာနှာမောင်း

တစ်ခု ဆင်မျက်လုံး နှစ်လုံး ပါရှိသည်။ ကြံ့ပေါက်လေးမှာ ဦးခေါင်းမျက်နှာပြင်အလယ်တည့်တည့်တွင်မျက်လုံးကြီး

တစ်လုံးတည်း ပါရှိပြီး အစွယ်နု၊ ဦးချိုနု၊ ကြံ့ပါးစပ်နှင့် ဝက်ခန္ဓာ ပါရှိပြီး မျောက်သတ္တဝါမှာမျက်နှာသည်မျောက်မျက်

နှာစင်စစ် ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဝက်ခန္ဓာကိုယ် ဖြစ်ကြောင်း သိရသည်။

''မွေးပြီး သုံးနာရီ အကြာ မွန်းတည့် ၁၂ နာရီမှာ ဆင်ပေါက်လေးနှင့် ကြံ့ပေါက်လေး သေဆုံးသွားတယ်၊ မျောက်

လေးကတော့ အသက်ရှင်လျက် ရှိပါတယ်၊ သေသွားတဲ့ ကြံ့နဲ့ဆင်ကိုတော့သက်ဆိုင်ရာတာဝန် ရှိသူများကိုပြပြီး

ညွှန်ကြားသလို ပြုလုပ်ပါမယ်''ဟု ဝက်ပိုင်ရှင် မဇင်မာဦးက မြဝတီ သို့ ပြောကြားသည်။

ယခုအခါ ထူးဆန်းစွာ မွေးဖွားလာသော သတ္တဝါလေး များအား ပတ်ဝန်း ကျင် ကျေးရွာများမှလာရောက်ကြည့်ရ

သူများနှင့် စည်ကားလျက် ရှိကြောင်း တွေ့မြင်ရသည်။
Online-

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်