သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday, 15 May 2013

ဓမ္မစေတီ ခေါင်းလောင်းကြီး ထပ်မံ ရှာဖွေ ဆယ်ယူမည်



နိုင်ငံခြား ကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် ဒေါပုံမြစ်ဝ ရေအောက်တွင် ရာစုနှစ် လေးခုတိုင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူခြင်း လုပ်ငန်းကို ယခုနှစ် ဇူလိုင်လတွင် စတင် အကောင် အထည်ဖော် သွားမည်ဟု ဆယ်ယူနိုင်ရေး ကြိုးပမ်းသူ တစ်ဦးဖြစ်သည့် စာရေး ဆရာ ချစ်စံဝင်းက ပြောသည်။


ဆရာချစ် စံဝင်းက ''အခုဟာက နိုင်ငံတကာဘက်က ဆယ်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ကျွန်တော်တို့ ဘက်က လည်း ပြင်ဆင်ထားပြီးပြီ၊ လွှတ်တော်မှာလည်း ဆယ်ပါ့မယ်လို့ ကတိလည်း ပေးပြီးပြီ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ကလည်း ပြင်ဆင်ထားပြီးပြီ လာမယ့် သုံးလလောက်မှာ ဆယ်ယူဖို့ လုပ်ငန်းကို စနိုင် လောက်မယ်'' ဟု ပြောသည်။

ခေါင်းလောင်းကြီးကို မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စင်ကာပူနိုင်ငံရှိ S.D Mark International LLP ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၁ဝ သန်း အကုန်အကျခံကာ ဆယ်ယူပေးမည်ဟု ၂ဝ၁၂ ခုနှစ် ဇွန် ၃ဝ ရက်တွင် ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ကုမ္ပဏီမှ တာဝန်ရှိသူတို့က ပြောကြား ခဲ့သည်။ ၎င်းအပြင် ဆယ်ယူရာတွင်လည်း သမိုင်းဝင်ပစ္စည်းများ ရှာဖွေရေးနှင့် ရေငုပ် ကျွမ်းကျင်သူ သြစတြေးလျ နိုင်ငံ သား မိုက်ကယ်မိုက်ဟယ်ဂျာကို ငှားရမ်းသွားမည်ဟု ကုမ္ပဏီက ပြောသည်။ လက်ရှိတွင် နှစ်ပေါင်း လေးရာ အတွင်း မြစ်ကြောင်း ပြောင်းလဲမှုများကို သုတေသန ပြုလုပ် ပြီးစီးပြီ ဖြစ်ကာ ဆယ်ယူရာတွင် လိုအပ်သည့် အချက် အလက်များ ကိုလည်း စုဆောင်း ထားသည်ဟု စာရေးဆရာ ချစ်စံဝင်းက ပြောသည်။

ခေါင်းလောင်းကြီးကို ယခင်ကကဲ့သို့ ရေငုပ် ရှာဖွေမည် မဟုတ်ဘဲ ရေအောက် နစ်မြုပ်နေသည့် ပစ္စည်းများကို အချက်ပြနိုင်သည့် လေယာဉ်များ သုံးကာ လေယာဉ်မှ အချက်ပြသည့် နေရာတွင် ရေငုပ်၍ ရှာဖွေသွား မည်ဟု သူက ပြောသည်။ ၎င်းပြင် ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် ဆောင်းပါးများကို ဖော်ပြမည့် လစဉ်ထုတ် ဓမ္မစေတီ သတင်းဂျာနယ် တစ်စောင်ကို ထုတ်ဝေနိုင်ရန် ပြင်ဆင်နေပြီး ပန်းမျိုးတစ်ရာ စာပေမှ ဖြန့်ချိသွားမည် ဖြစ်ကာ ရှာဖွေရေးလုပ်ငန်းများ မစတင်မီတွင် S.D Mark International LLP ကုမ္ပဏီမှ ကြီးမှူးပြီး ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲ တစ်ခုကိုလည်း ကျင်းပသွားမည်ဟု သူကဆက်ပြောသည်။ ခေါင်းလောင်း တည်ရှိ သည့် နေရာ အတိအကျကို အဖွဲ့များစွာက အကြိမ်ပေါင်း များစွာ ရေငုပ် ရှာဖွေသော်လည်း ယနေ့တိုင် ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ထိုခေါင်းလောင်းကြီးတွင် လျှို့ဝှက်ဆန်းကြယ်မှု များစွာရှိကြောင်း...

မြ၀တီ 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်