နီပေါနိုင်ငံမှာ ဆေးဖက်ဝင်တယ်လို့ ယူဆထားတဲ့မှိုတစ်မျိုးကို ရှာဖွေဖို့ ရွာတချို့က လူတွေအကုန်နီးပါး တောင်တွေပေါ်တက်သွားကြတဲ့အတွက် ကျေးလက်ဒေသကျောင်းတွေကို ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။
နီပေါနိုင်ငံပညာရေးဌာနက အရာရှိတွေရဲ့ အဆိုအရ ကျောင်းသား မိဘတွေနဲ့
ကျောင်းသားတွေပါမက ကျောင်းက ဆရာဆရာမတွေပါ တောင်တွေပေါ် တက်ပြီး ဆေးဖက်ဝင်
မှိုရှာနေကြတဲ့ အတွက် ကျောင်းတွေ
ကို ပိတ်ထားလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဟိမဝန္တာတောင်ကျော်တလျောက် တောင်ထွတ်တွေမှာပေါက်တတ်တဲ့ ယာချာဂမ်ဘာလို့ခေါ်တဲ့ မှိုကို တချို့က လိင်အင်အားကျဆင်းတဲ့သူတချို့သုံးစွဲကြတဲ့ ဗိုင်ယာဂရာဆေးနဲ့ နှိုင်းပြီး ဟိမဝန္တာဗိုင်ယာဂရာလို့ တင်စားခေါ်ဆိုကြပြီး ကျားမလိင်အင်အားတိုးစေတယ်လို့ တရုတ်တိုင်းရင်းဆေးသမားတွေက ယုံကြည်ကြတဲ့အတွက် အရောင်းအဝယ်တွင်ကျယ်နေတာ ဖြစ်ပါတယ်။
ယာချာဂမ်ဘာမှိုဟာ အမောမလုံပင်ပန်းတတ်တဲ့ရောဂါကစလို့ ကင်ဆာရောဂါအထိ ၉၆ ပါးသောရောဂါတွေအစုံ ပျောက်ကင်းစေတဲ့ ဆေးအမယ်တစ်မျိုးဖြစ်တယ်လို့ တရုတ်တိုင်းရင်းဆေးမှာ အယူအဆရှိတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံနဲ့ တချို့အာရှနိုင်ငံတွေက ဈေးကွက်တွေမှာ ယာချာဂမ်ဘာမှို
အလေးချိန် တစ်ပေါင်ဟာ အမေရိကန်ဒေါ်လာ ၁၁,၅၀၀ အထိ ဈေးပေါက်နေတဲ့အတွက်
ဈေးနှုံးအရတော့ ရွှေဈေးနဲ့ ငွေဈေးအကြားဝင်တဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ကြတယ်လို့လည်း သိရပါတယ်။
ယာချာဂမ်ဘာကို မြန်မာနိုင်ငံမှာတော့ ရှီးပဒီးပင်လို့ သိကြပြီး ကချင်ပြည်နယ်ကတောင်မြင့်တွေမှာလည်း
ရှာဖွေမှုတွေ ရှိနေပါတယ်။ ရှီးပဒီးမှိုပင်ဟာ ပေါက်ဖတ်ကောင်လေးတွေရဲ့
ခန္တာကိုယ်ထဲမှာ မှိုမျိုးစေ့ဝင်ရောက်နေရာက မှိုကြီးထွားတာတာကြောင့်
ပေါက်ဖတ်ကောင်လေးတွေသေဆုံးသွားတဲ့အခါ ပေါက်ဖတ်ကောင်လေးတွေရဲ့ ခန္တာကိုယ်ကိုဖောက်ပြီး မှိုပင်ပေါက်နေတဲ့အတွက် အပင်တစ်ဝက် အကောင်တစ်ဝက်အသွင်ဆောင်နေတဲ့
မှိုတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လူတချို့က
ရှီးပဒီးမှိုကို အပင် ၆ လ အကောင် ၆ လဖြစ်တဲ့ အစွမ်းထက်နတ်ဆေးတစ်ပါးလို့
ယူဆကြတာ ဖြစ်ပါတယ်။
ABC Radio Australia
No comments:
Post a Comment