ရှေးဟောင်း မာယာ လူမျိုးတို့၏ လက်ရာ အမွေအနှစ် ပိရမစ်ကြီး တစ်ခုကို ဖျက်ဆီးမှုအတွက် ဘီလစ်ဇီ အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချမှုများ ပြုလုပ်လိုက်သည်။
အင်္ဂါနေ့က လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအတွက် တာဝန်ယူထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုက နှစ်ပေါင်း (၂၃၀၀) ကြာမြင့်တည်ရှိခဲ့သည့် ရှေးခေတ်လက်ရာ အမွေအနှစ်ကို ဘူဒိုဇာများဖြင့် ထိုးချ ဖျက်ဆီးနေမှုအား အစိုးရက ကန့်ကွက်ခဲ့သည်။
ယခုဖျက်ဆီးခံရသော ပိရမစ်သည် မာယာခေတ် လက်ကျန် ပိရမစ် အဆောက်အအုံများအနက် ဘီလစ်ဇီတွင် တည်ရှိနေသည့် အရွယ်အစား အကြီးဆုံး တစ်ခုလည်း ဖြစ်သည်။ ဘီလစ်ဇီ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက နိုမူလ် ပိရမစ်ကို ဖျက်ဆီးမှုကို လက်ခံနိုင်စရာ မရှိကြောင်း ပြောကြားခဲ့သည်။
Read more http://www.planet.com.mm/
No comments:
Post a Comment