အင်ဒိုနီးရှား နိုင်ငံတွင် ပြိုကျသွားသော မိုင်းတွင်းအတွင်းမှ နောက်ထပ် အလောင်းများ ထပ်မံ ရရှိနေဆဲဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ အမေရိကန် လုပ်ငန်းစု တစ်ခုက ပိုင်ဆိုင်သည့် မြေအောက် ရွှေနှင့် ကြေးနီ တူးဖော်ရေး မိုင်းတွင်းတစ်ခု ပြိုကျခဲ့ပြီး ယနေ့တွင် နောက်ထပ် ရုပ်အလောင်း (၅)ခုကို ထပ်မံ ရယူနိုင်ခဲ့သည်။
ထို့ကြောင့် အသေအပျောက် စာရင်းသည် (၁၄)ဦး ရှိလာပြီဟု တာဝန်ရှိသူများက ဆိုသည်။ နောက်ထပ် (၁၄)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းတို့၏ အသက်ဘေးအတွက် စိုးရိမ်နေရကြောင်း သိရှိရသည်။ Freeportက ပိုင်ဆိုင်သော မြေအောက် မိုင်းတွင်းသည် ပြီးခဲ့သည့် သီတင်းပတ် အင်္ဂါနေ့က ပြိုကျခဲ့ခြင်းဖြစ်ပြီး (၃၈)ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ ထို့အပြင် ဒဏ်ရာရနေသည့် မိုင်းလုပ်သား (၁၀)ဦးလည်း လွတ်မြောက်ခဲ့သည်။
Read more http://www.planet.com.mm/
No comments:
Post a Comment