သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 2 June 2013

အမဲအသည်းစိမ်း စားသုံးမှုကြောင့် ဂျပန်နိုင်ငံသားများ အစာအဆိပ်သင့်



ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ လက အမဲအသည်းစိမ်း ဟင်းလျာတွေ ရောင်းချခြင်းကို မတားမြစ်ခင် လူ ၂၅ဦး အဆိုပါ အမဲအသည်းစိမ်း ဟင်းလျာကို
စားသုံးပြီးနောက် အစာအဆိပ်သင့် ခဲ့ကြတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့ကစပြီး စားသောက်ဆိုင်တွေမှာ အမဲအသည်းစိမ်း ဟင်းလျာ ရောင်းချခြင်းကို ကျန်းမာရေး ၀န်ကြီးဌာနက


တားမြစ်ခဲ့ပါတယ်။ ဂျပန် ကျန်းမာရေး ၀န်ကြီးဌာနက အဆိုပါ အစာအဆိပ်သင့်ခဲ့သူ ၂၅ဦးဟာ အာခီတာ၊ တိုကျိုနဲ့ တခြားစီရင်စုတွေက ဖြစ်ပြီး သတင်းပေးပို့ချက်တွေကို ပြီးခဲ့တဲ့ ဇွန်လကုန်က လက်ခံရရှိခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အစာအဆိပ်သင့်ခဲ့သူတွေမှာ ဖျားနာခြင်းနဲ့ ၀မ်းလျှော၊ ၀မ်းပျက်ခြင်းစတဲ့ လက္ခဏာတွေပြခဲ့ပြီး သီတင်းပတ် တစ်ပတ်ခန့် ဆေးဝါးကုသမှု ခံယူပြီးနောက် ပြန်လည် ကောင်းမွန် လာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ၂၅ဦးစလုံးမှာ Campylobacter ဘက်တီးရီးယားကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဂျပန်ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။ အဲ့ဒီနောက်မှာတော့ အာဏာပိုင်တွေဟာ စားသောက်ဆိုင်တွေအနေနဲ့ အမဲအသည်းကို ကျက်အောင် ချက်ပြုတ်ပြီးမှသာ ရောင်းချကြ ဖို့ တောင်းဆိုခဲ့သလို စောင့်ကြပ် စစ်ဆေးမှုတွေ တိုးမြှင့် လုပ်ဆောင်နေ ကြကြောင်း သိရပါတယ်။
MR T.V4

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်