
မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ ပစိဖိတ် ကမ်းရိုးတန်း ဒေသ ၊ Chiapasမြို့အနီး သို့ မေ ၂၉ ရက်က ဟာရီကိန်း မုန်တိုင်း ဘာဘရာ
ဝင်ရောက် တိုက်ခတ်မည် ဖြစ်ကြောင်း U.S. Hurricane Center မှ ကြိုတင် သတိပေး ပြောကြားခဲ့သည်။
အဆင့်(၁) သတ်မှတ်ထားသည့် ဘာဘရာဟာရီကိန်း မုန်တိုင်းသည် တစ်နာရီလျှင် ၁၂၀ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်ခဲ့ပြီး Chiapas ပြည်နယ် ကုန်းတွင်းပိုင်းသို့ တစ်နာရီလျှင် ၃၅ ကီလိုမီတာ နှုန်းဖြင့် ၀င်ရောက် တိုက်ခတ်ခဲ့ကြောင်း အမေရိကန် ဟာရီကိန်း မုန်တိုင်း စောင့်ကြည့်ရေး ဌာန (U.S. Hurricane Center)မှ ပြောကြားခဲ့သည်။ အဆိုပါ မုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ဆိပ်ကမ်းမြို့ရှိ အချို့လမ်းများတွင် မြစ်ရေများ ပေ ၂ဝ အထိ မြင့်တက်ခဲ့ကာ အနည်းဆုံး ကားသုံးစီး ရေစီးနှင့်အတူ မျောပါခဲ့ကြောင်း အသက် ၆၁ နှစ် အရွယ်ရှိ အမေရိကန်နိုင်ငံသား ရေလွှာလျှောစီးသူ တစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
http://news.xinhuanet.com/english/world/2013-05/30/c_132417781.htm
No comments:
Post a Comment