သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 4 June 2013

ဈေးကွက်အတွင်း ကီလိုလျှော့ပြပြီး ရောင်းချသည့် ကားများအတွက် ကီလိုအမှန်ပြရန် တင်ပြမည်


Tuesday, June 04, 2013

ဂျပန်နိုင်ငံတွင် ကီလိုများစွာ မောင်းနှင်ပြီးသား ကားများကို ပြည်တွင်းသို့ တင်သွင်းရာတွင် ကီလိုလျှော့ခြင်း လုပ်ဆောင်ပြီး တင်သွင်းသည့်အတွက် ယင်းအချက်နှင့် ပတ်သက်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (က-ည -န) သို့ တင်ပြသွားရန်ရှိကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းရှင်များအသင်းက သိရသည်။


ယင်းသို့ တင်ပြရာတွင် မြန်မာပြည်သို့ တင်သွင်းနေသော ကားများကီလိုလျှော့၍ မရနိုင်ရန် ဆိပ်ကမ်းတွင် အကောက်ခွန်မှ ထုတ်ယူစဉ်ကာလက ပင် ကနဦး ကီလိုမှတ်သားပြီး( က-ည-န)မှ ယာဉ်မှတ်ပုံတင်သည့် အခါတွင်လည်း မှတ်ပုံတင်စာအုပ်တွင် ကနဦး ကီလိုကိုရေးသွင်းမှတ်သားစေရန် တင်ပြသွားမည်ဖြစ်ကြောင်းလည်း ယင်းအသင်းမှ သိရသည်။

ယင်းအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ''ကီလိုမြင့်တဲ့ ပရိုဘောက်ကား တွေသွင်းပြီး ကီလိုလျော့ရောင်းတဲ့အတွက် Taxi လုပ်ငန်းထူထောင်တဲ့ လုပ်ငန်းရှင် အသေးတွေ၊ ယာဉ်မောင်းတွေ ခံစားနေရတယ်။ ကားတွေက ကျနေတဲ့ ကားတွေ ဖြစ်တဲ့အတွက် လုပ်ငန်းကို စတင်လုပ်ကိုင်တဲ့အချိန်မှာ ပြင်ဆင်တာ နဲ့ပဲ နလန်မထူနိုင်တော့ဘူး'' ဟု ပြောသည်။

တက္ကစီယာဉ်မောင်း တစ်ဦးဖြစ်သူကို တိုးချစ်ကလည်း ''အခုပရိုဘောက်တွေက ၂ဝဝ၇ ပေါ်ပဲလေ။ အခု ၂ဝ၁၃ ဆိုတော့ ခြောက်နှစ်ရှိပြီ။ အကယ်၍ ကားနည်းစနစ်အမှန်အရဆိုရင် သူတို့ဂျပန်မှာဆိုရင် စီးကို မစီးတော့ဘူး။

လွှင့်ပစ်ပြီး၊ ကီလိုလျှော့ထားတဲ့အခါ မိုင်တစ်သိန်းမောင်းထားပြီ တစ်သောင်းလို့ရေးထားတော့ ကိုးသောင်းလောက် ဟနေတယ်။ ဒါပေမဲ့ ဘာမှတော့ ပြဿနာ မရှိဘူး။ ကီလိုလျှော့လို့ ဘာမှ မနစ်နာဘူး'' ဟု ပြောသည်။

Mizzima News

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်